Zawgyi
ဘလေ့စ်ဂျေကာဟာ သူ့အစ်မနဲ့ ရီဗယ်ရာလူးကပ်စ်ကြားက ပတ်သတ်မှုကို ဘယ်လောက်ပဲ ဆန့်ကျင်သည်ဖြစ်စေဦး သူတတ်နိုင်တာ တစ်ခုမှမရှိလေဘူး... မုန်းတီးသော်ငြား သူဝန်ခံနိုင်တာတစ်ခုကတော့ ရီဗယ်ရာ လူးကပ်စ်ဟာ သူ့အစ်မ မက်က်ဆီ့ကို အတည်ထက်ကို ပိုပြီးလေးနက်စွာ ဆက်ဆံလေတာဖြစ်ပြီး ထိုအမျိုးသားဟာ သူမအပေါ်ကို တကယ့်ကို စွဲလမ်းနေလေတာဖြစ်တယ်...
ဒီလိုမျိုး အေးစက်ပြီးထုံပေပေနိုင်တဲ့အမျိုးသားဟာ တစ်စုံတစ်ဦးကို စိတ်ဝင်စားနေတာမျိုးကို ဘလေ့စ်တစ်ခါမှ မသိခဲ့ဖူးလေတာကြောင့် ထိုသူဟာ မက်က်ဆီ့ကိုနေ့စဉ် တွယ်ကပ်နေတာကို မြင်ရတာဟာ လုံးဝ မထင်မှတ်ထားလေတဲ့ ကိစ္စဖြစ်လေတယ်...
ထိုအမျိုသားဟာ သူမတစ်ခုခုဖြစ်သွားမှာ ဒါမှမဟုတ်ပျောက်ကွယ်သွားတော့မှာကို စိုးရွံ့နေတဲ့ဟန်ပေါ်လှလေတယ်...တစ်ဖက်မှာတော့ မက်က်ဆီဟာ ဂျေကာကော်ပိုရေးရှင်းရဲ့ CEO နေရာက လွတ်မြောက်ဖို့ဆိုတဲ့ သူမရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရာ ရှေ့ဆက်လေတယ်... ဘလေ့စ်ဂျေကာ အသက်၂၁နှစ် ပြည့်ပြည့်လေချင်းမှာပဲ မက်က်ဆီဟာ များမကြာခင်ကျရောက်လာတော့မယ့် CEO ရွေးကောက်ပွဲအတွက် လျှင်မြန်စွာနဲ့သာ လုပ်ငန်းဆောင်တာတွေကို ပြင်ဆင်ထားလေတော့တယ်... မက်က်ဆီဟာ သူမနှုတ်ထွက်ဖို့ရာ ဘယ်လောက်တောင် စိတ်အားထက်သန်နေလေသလဲဆိုတာကို တွေ့မြင်ရချိန်မှာတော့ ဘလေ့စ်ဟာ ထိတ်ထိတ်ပျာပျာဖြစ်လာလေတော့တယ်...
လွန်ခဲ့တဲ့လေးနှစ်တုန်းကတော့ သူဟာ ဒီရာထူးကို ကောင်းစွာထိန်းချုပ်နိုင်လေလိမ့်မယ်လို့ ရူးမိုက်စွာတွေးတောခဲ့ဖူးတယ်... ဆန်ဖရန်ဆစ္စကိုမှာနေပြီး သူ့ကိုယ်ပိုင်စီးပွားရေးကိုစတင်ချိန်မှာတော့ သူဟာ ကုမ္ပဏီတစ်ခုကို တည်ထောင်ရခြင်းရဲ့ ခက်ခဲမှုတွေကို စတင်နားလည်လာတော့တယ်... အခုအချိန်မှာတော့ ဂျေကာကော်ပိုရေးရှင်းလိုမျိုး ကြီးမားလှတဲ့ ကော်ပိုရေးရှင်းကြီးကို လည်ပတ်စေဖို့ရာ သူ့မှာ အရည်အချင်းရှိနေမနေကို သူ့ကိုယ်တိုင်တောင် မသေချာလေတော့ဘူး...
"မက်က်ဆီ... နောက်ထပ်ခြောက်နှစ်လောက် ငါတို့ စောင့်သင့်တယ်... ငါ တတ်နိုင်တဲ့__..."
![](https://img.wattpad.com/cover/170419755-288-k71287.jpg)
VOCÊ ESTÁ LENDO
6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)
Romanceကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...