အခန်း၁၂- ရီဗယ်ရာ လူးကပ်စ်

15.3K 1.7K 6
                                    

Zawgyi

ဘလေ့စ်ဂျေကာဟာ သူ့အဘွားဘယ်လောက်တောင်နေမကောင်းဖြစ်နေသလဲဆိုတာကို သူမတစ်နေ့မှာ ရုတ်တရတ် မေ့လဲမသွားခင်အချိန်အထိ မသိခဲ့လေဘူး... သူ့ကိုဆရာဝန်ပြောတဲ့ သူတို့ဘက်ကဘာမှမတတ်နိုင်တော့ပါဘူးဆိုတဲ့ စကားကိုကြားလိုက်ရချိန်မှာတော့ အဘွားနဲ့ သူအတူရှိဖို့အချိန်ဟာ အင်မတန်မှ နည်းပါးလာပြီမှန်း သူနားလည်လိုက်ရလေတော့တယ်...

ကင်ဆာဆဲလ်တွေဟာ သူမရဲ့ အတွင်းကလီစာအားလုံးမှာ ပျံ့နှံ့နေခဲ့ပြီးဖြစ်လေတယ်... သူမရဲ့ တစစီဖြစ်နေပြီဖြစ်တဲ့ ခန္ဓာကိုယ်လဲပြိုသွားချိန်မှာတော့ အဲလီစန်လီဂျေကာမှာ အသက်ရှင်ဖို့ အချိန်ဟာ အနည်းငယ်သာ ကျန်နေတော့တာဖြစ်တယ်...

"ဘွားဘွား..."

အေးစက်စက်ဆေးရုံရဲ့ အိပ်ယာနံဘေးမှာ ထိုင်နေလျက်သာပဲ ဘလေ့စ်ဟာ သူ့အဘွားရဲ့ဖြူဖျော့သေးသွယ်တဲ့ လက်ကို ဆုပ်ကိုင်ထားလေတယ်... သူ့အဘွားဘယ်လောက်တောင်အားနည်းနေပြီဆိုတာကို မြင်တွေ့နေရချိန်မှာ သူ့မျက်လုံးတွေထဲမှာ ထွက်ကျမလာသေးတဲ့ မျက်ရည်တွေဟာ နေရာယူနေတော့တယ်... သူ့အဘွား ကွယ်လွန်တော့မယ်ဆိုတာကို မယုံကြည်နိုင်သေးတဲ့ ရှုပ်ထွေးမှုတွေဟာ သူ့စိတ်ထဲမှာ အပြည့်လွှမ်းမိုးထားနေ တုန်းပါပဲ... လွန်ခဲ့တဲ့ရက်အနည်းငယ်ကတင် ဒီအမျိုးသမီးကြီးဟာ ကျန်းကျန်းမာမာနဲ့ နေထိုင်နေခဲ့တယ်မဟုတ်ပါလား... ရုတ်တရတ်ကြီး သူမ ဒီလိုမျိုး ဘာကြောင့်ဖျားနာလာရတာပါလဲ???

"သားကို ဘာလို့မပြောခဲ့တာလဲ??..."
ဘလေ့စ်ဟာ အမျိုးသမီးကြီးရဲ့ အားနည်းတဲ့လက်ကို ဖျစ်ညစ်ထားဖို့ရာ အင်မတန်မှ စိုးရိမ်နေလေတာကြောင့် သူမရဲ့ လက်တွေပေါ်မှာသာ မျက်နှာကို အပ်ထားမိလေတယ်...

"ဘွားဘွား... သား ကို ဘာလို့မပြောပြခဲ့တာလဲ???..."

"မိုက်မဲတဲ့ကလေးလေး..."
အဲလီစန်လီဟာ နာကြင်နေတဲ့ကြားက အားတင်းကာပြုံးပြဖို့ ကြိုးစားလေတယ်...
"ရှောင်လွှဲလို့မရတဲ့အရာတစ်ခုကို သားကိုပြောပြတော့ရော ဘာတတ်နိုင်မှာမို့လို့လဲ??? ၀မ်းမနည်းရဘူးလေ ဘလေ့စ်..."

"သား ဘာလို့များ ၀မ်းမနည်းပဲနေနိုင်မှာလဲ??..."
ဘလေ့စ်ဟာ သူ့ခေါင်းကိုမော့လိုက်လေပြီး အဘွားကို ၀မ်းနည်းဒေါသတွေနဲ့ကြည့်လေတယ်...
"ဘွားဘွားတချိန်လုံး နာကြင်နေခဲ့ရတာလေ..."

6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)Where stories live. Discover now