အခန်း၁၇- ရီဗယ်ရာလူးကပ်စ်

17K 1.7K 22
                                    

Zawgyi

မက်က်ဆီဟာ ကျောင်းအုပ်ကြီး ရုံးခန်းထဲကို ၀င်သွားလေချိန်မှာ ဒီမြင်ကွင်းဟာ သူမအတွက်ရင်းနှီးဖူးသလိုဖြစ်လို့နေလေတယ်... (T.N... Arc 2 နိုအာလေးနဲ့တုန်းကလိုမျိုးလို့ ဆိုလိုတာပါ) ကျယ်ဝန်းလှတဲ့ရုံးခန်းကြီးထဲမှာ ကျောင်းအုပ်ကြီးဟာ ဒေါသထွက်နေတဲ့ အမေတစ်စုနဲ့ ရင်ဆိုင်နေရလေပြီး ဘလေ့စ်ဟာ ကျောင်းထုတ်ခံရမှာသာဖြစ်လေကြောင်း ရှင်းပြနေလေတာဖြစ်တယ်... ဘလေ့စ်ဂျေကာရဲ့ အေးစက်စက် မျက်နှာပေါ်မှာတော့ ဒဏ်ရာတွေနဲ့ပြည့်နှက်နေပြီး သူနဲ့ မျက်နှာချင်းဆိုင်က ကောင်လေး ၃ယောက်ကတော့ မျက်နှာပေါ်မှာ လှောင်ပြုံးတွေနဲ့ မတ်တပ်ရပ်နေကြတာဖြစ်လေတယ်...

အမေတွေထဲကတစ်ဦးဟာတော့ ၀မ်းနည်းပက်လက်ငိုကြွေးနေလေရင်း ကျောင်းကိုရော ဘလေ့စ်ကိုပါ သူမသားကို ဆေးရုံမှာ ရက်ပေါင်းများစွာရှိနေစေခြင်းအတွက် တရားစွဲဆိုမှာဖြစ်လေကြောင်းခြိမ်းခြောက်လေတယ်... သဘာဝကျစွာပါပဲ ကျောင်းအုပ်ကြီးဟာဒီမိခင်အဖွဲ့ကို ကျေနပ်အောင်ပြောဆိုလေပြီး ဘလေ့စ်ဂျေကာရဲ့ အုပ်ထိန်းသူရောက်လာဖို့ရာကို စောင့်ဆိုင်းစေလေတယ်...

"ဘယ်ကအုပ်ထိန်းသူလဲ???..."
ကောင်လေးတွေထဲကတစ်ယောက်ဟာ နှာခေါင်းရှုံ့ကာဆိုလေတယ်...
"သူက မိဘမဲ့ဆိုတာ အားလုံးသိတယ်..."

"မင်းဘာတွေပြောနေတာလဲ??..."
တစ်ခြားကောင်လေးတစ်ယောက်ဟာ အေးစက်စက်ရယ်လေတယ်...
"သူက ဂျေကာလေကွာ... မပြောနိုင်ဘူး သူ့အဘိုးသူ့ကိုယ် လာကယ်ရင်ကယ်မှာပေါ့..."

တစ်ကမ္ဘာလုံးဟာ ကိန်းန်ဂျေကာဘယ်လောက်တောင် အေးစက်ပြီး အသည်းနှလုံးမရှိသူမှန်း သိလေကြတာမို့ သူတို့အားလုံးဟာ တိတ်ဆိတ်စွာရယ်သွမ်းကုန်ကြလေတယ်... အဲ့ဒီလူအိုကြီးသာ ဒီသတင်းကြားရင် သူဟာ သူ့ရဲ့ မြေးကိုသာ ဒီလိုပြဿနာရှာတဲ့အတွက် ပစ်ပယ်မှာဖြစ်လေတယ်... ကောင်လေးတွေအားလုံးဟာ ဘလေ့စ်ကို လှောင်ပြောင်သရော်ကြလေရင်း သူ့ကိုတမင်တကာပို၍သာ ဒေါသထွက်အောင်ဆွပေးနေလေတယ်... ဘလေ့စ်ဟာ သူတို့ကို တစ်ခုခုတုန့်ပြန်တော့မယ့်ဟန်ပြင်နေစဉ်မှာပဲ မက်က်ဆီ့ရဲ့ ရုတ်တရတ် ရယ်မောလိုက်သံကြောင့် အားလုံးရဲ့ အာရုံဟာ သူမဆီရောက်သွားလေတော့တယ်...

6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)Donde viven las historias. Descúbrelo ahora