အခန်း၂၃- ရီဗယ်ရာလူးကပ်စ်

20.1K 1.7K 46
                                    

Zawgyi

အောက်ပါအကြောင်းအရာတွင် 18+ အရေးအသားများပါဝင်ပါသဖြင့် သတိပြုပါရန်...
___________________

အလောင်းအစားရဲ့ နောက်ဆုံးနှစ်ဟာလျှင်မြန်စွာရောက်ရှိလာလေတယ်...

သားရေထိုင်ခုံကြီးပေါ်မှာ သက်တောင့်သက်သာဖြစ်စွာထိုင်နေလေရင်း မက်က်ဆီဟာ ချိုချဉ်တံကို ပါးစပ်ထဲမှာ ငုံထားလျက်သာပဲ မှန်သားနံရံတွေကဆင့် မြို့ရဲ့ရှုခင်းကို ငေးမောကြည့်နေခဲ့လေတယ်...

အနားမှာရပ်နေတာကတော့ သူမရဲ့ အတွင်းရေးမှူးနှစ်ဦးဖြစ်လေပြီး ဘလေ့စ်ဂျေကာ၊ ဒက်စ်တင်ဂျေကာနဲ့ ရီဗယ်ရာလူးကပ်စ်တို့ရဲ့ လေးနှစ်တာအတွင်းရလဒ်တွေကို အစီရင်ခံနေတာဖြစ်လေတယ်...

မျှော်မှန်းထားလေတဲ့အတိုင်း ရီဗယ်ရာလူးကပ်စ်သာလျှင် ပညာရေးမှာရော အမြတ်အစွန်းမှာပါ ထိပ်ဆုံးမှာရှိနေခဲ့တာဖြစ်လေတယ်...

"ရှုံးသွားတဲ့လူတစ်ဦးဖြစ်နေရက်နဲ့ CEO ကိုကြည့်ရတာ ပျော်နေသလိုမျိုးပဲနော်..."
မစ္စတာ ဒါဘာဟာ ရယ်သံစွက်ကာ ဆိုလေတယ်...
"ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ကိုပြောနိုင်မလား???..."

"ကိုယ်သိရမယ့်ကိစ္စဖြစ်ပြီး ရှင့်အတွက်ကျတော့ ဒါကစုံစမ်းရမယ့်ကိစ္စမဟုတ်လား?..."
မက်က်ဆီဟာ ပါးနပ်လှတဲ့ အတွင်းရေးမှူးကို လှောင်ပြုံးပြုံးပြလိုက်လေတယ်...
"ပြီးတော့ ဒီရလဒ်တွေကို ကိုယ့် ဒုတိယအန်ကယ် တနည်းပြောရရင် ရှင့်ရဲ့ ဘော့စ်ဆီကို သေချာ တင်ပြလိုက်ဦးနော်..."

"ကျွန်တော် စိတ်ထဲမကောင်းလိုက်တာ မစ္စလူသာရာ..."
မစ္စတာ ဒါဘာဟာ တိုးသဲ့စွာ ရယ်သွမ်းလေတယ်...
"ကျွန်တော့် ဘော့စ်က ခင်ဗျားပဲလေဗျာ..."

"ဟုတ်ပါပြီ... ဟုတ်ပါပြီ..."
မက်က်ဆီဟာ လက်ကိုသာ ဝေ့ပြလိုက်လေရင်း ထိုသူ့ကိုထွက်သွားစေလေတော့တယ်...
"သွားလို့ရပြီ..."

ထိုအမျိုးသားဟာ ရုံးခန်းထဲကထွက်မသွားခင်မှာ သေချာဦးညွှတ်အရိုအသေပေးပြီး ပြုံးပြလိုက်လေတယ်...

"တခြားလိုအပ်တာများရှိသေးသလား မစ္စလူသာ???..."
မစ္စဟော့လ်ဒ်က မေးလေတယ်...

6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)Where stories live. Discover now