အခန်း ၂၆- ရီဗယ်ရာလူးကပ်စ်

20.3K 1.6K 51
                                    

Zawgyi

င့ါမျက်လုံးတွေကိုဖွင့်လိုက်ချိန်မှာတော့ ရုပ်ပိုင်းဆိုင်ရာ နာကြင်တစ်စုံတစ်ရာဟာ လုံးဝရှိမနေလေဘူး... မှောင်မိုက်နေတဲ့ မျက်နှာကြက်ကို မော့ကြည့်နေရင်း ငါ့နှလုံးသားထဲမှာ အနည်းငယ်မျှ မသက်မသာတဲ့ ခံစားချက်ကိုတော့ စူးနင့်နေအောင် ခံစားလိုက်ရတာဖြစ်တယ်...

Bob: "ပြန်လာတာကိုကြိုဆိုပါတယ်..."

"..."

Bob: "မင်းအတွက် ကိုယ်အရမ်းဂုဏ်ယူမိတယ် အချစ်လေး... ဒီတစ်ခါမင်းက သဘာဝအတိုင်းသေသွားခဲ့တာ... အခြားလူတစ်ယောက်ရဲ့ လက်ထဲအစား___..."

"Bob... ရှင့်ပါးစပ်ပိတ်ထားလို့လည်း ဘယ်သူကမှ ရှင့်ကို အ နေတယ်လို့ထင်မှာမဟုတ်ဘူး..."

Bob: "ဒါကတော့ မင်းအရမ်းရက်စက်သွားပြီ..."

ငါ့ကို ကစားနေတဲ့သူတစ်ယောက်အပေါ် ငါဟာကောင်းနေပေးစရာ လိုလို့လား...

မက်က်ဆီလူသာရဲ့ သေဆုံးမှုအပြီးမှာတော့ ငါဟာ ဇာတ်လမ်းရဲ့ဇာတ်သိမ်းကိုသိလိုက်ရလေတော့တယ်... ဘလေ့စ်ဂျေကာဟာ သူ့အစ်မ ကွယ်လွန်သွားလေမှန်း သိလိုက်ရချိန်မှာ တုန်လှုပ်ကာ ယူကြုံးမရဖြစ်သွားလေတော့တယ်... သူ့ချစ်ရပြီး လေးစားရတဲ့အစ်မကို ဆုံးရှုံးသွားရခြင်းကြောင့် ၀မ်းနည်းပူဆွေးနေချိန်မှာ ကံကောင်းစွာနဲ့ သူ့အနားမှာ ဆိုဖီရာဆိုလီစ်ရှိနေလေပြီး သူ့ကို ထောက်ပံ့ပေးနေတာဖြစ်တယ်...

သူ့အစ်မဟာ သမီးလေးတစ်ယောက်ကို ချန်ခဲ့လေမှန်း သိသွားချိန်မှာတော့ ဇာတ်လိုက်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ မြတ်နိုးမှုတွေအားလုံးကို ဒီကလေးလေးအပေါ်သာ သွန်းဖြိုးလေတော့တာပါပဲ... ဘလေ့စ်နဲ့ ဆိုဖီမှာ သူတို့ကိုယ်ပိုင်ကလေးမွေးဖွားလာလေသော်ငြား မက်က်ဆီ့သမီးလေးကို ရီဗယ်ရာလူးကပ်စ်က မိရာအိ(Mirai=အနာဂတ်)လို့အမည်ပေးထားတဲ့ သူတို့နှစ်ဦးရဲ့သမီးလေးဟာတော့ အရာအားလုံးရဲ့ အထက်နဲ့ လူအားလုံးရဲ့ အထက်မှာ အလိုလိုက် တန်ဖိုးထားခံရလေတော့တာဖြစ်တယ်...

ရီဗယ်ရာလူးကပ်စ်အတွက်ကတော့ သူဟာ မုဆိုးဖိုဖြစ်လာလေပြီး အသက် ၂၆နှစ်အရွယ်မှာ ဖခင်တစ်ဦးဖြစ်လာလေတော့တာပါပဲ... ခန့်ညားတယ်၊ ထက်မြက်ပြီး ကြွယ်ဝချမ်းသာတဲ့အပြင် လေးစားခံရတဲ့ မိသားစုကလာတဲ့ ရီဗယ်ရာလူးကပ်စ်ဟာ သူအလိုရှိတဲ့ ဘယ်အမျိုးသမီးကိုမဆို ရွေးချယ်နိုင်သေးလေတာဖြစ်တယ်... အဲ့ဒီအစား သူကတော့ Single father ဖြစ်ဖို့ကိုသာ ရွေးချယ်ခဲ့လေပြီး တခြားအချစ်တစ်ခုကို ဘယ်တော့မှ မရှာခဲ့လေဘူး...

6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)Where stories live. Discover now