Zawgyi
များမကြာမီမှာပဲ ဘလေ့စ်ဂျေကာဟာ အထက်တန်းကျောင်းကနေ ဘွဲ့ရလေတော့တယ်... ထိုနောက်ပိုင်း နေ့တွေမှာတော့ ကောင်လေးဟာ အသက်၁၈နှစ်ပြည့်သွားလေတယ်... အသက်ပြည့်သွားပြီဖြစ်လေတဲ့အခါမှာ ဘလေ့စ်ဟာ နောက်လေးနှစ်လုံးလုံး သူ့ရဲ့ ဗဟုသုတနယ်ပယ်ကို ခြေဆန့်နိုင်မယ့်နေရာတစ်ခုဖြစ်တဲ့ ဆန်ဖရန်ဆစ္စကိုမြို့ကို ဦးတည်ပြီးထွက်ခွာဖို့ စီစဉ်လေတော့တယ်... လက်စားချေဖို့ကိုသာ ရည်ရွယ်ထားခဲ့တဲ့ မူလဇာတ်ကြောင်းနဲ့ မတူညီလှစွာပဲ သူဟာ သူ့ကိုယ်ပိုင်နာမည်တစ်လုံးနဲ့ အောင်မြင်ဖို့ကိုသာ ရည်ရွယ်ပြီးထွက်ခွာလာခဲ့တာဖြစ်လေတယ်... သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဂျေကာကော်ပိုရေးရှင်းရဲ့ CEO ဆိုတဲ့ ရာထူးကို တစ်နေ့မှာ သိမ်းပိုက်နိုင်ရမယ်ဆိုတဲ့အတိုင်းဖြစ်လာခဲ့ပေမယ့် ဘလေ့စ်ရဲ့ နှလုံးသားထဲမှာတော့ မုန်းတီးမှုရော ဒေါသတွေပါရှိမနေလေတော့ဘူး...
မက်က်ဆီဟာ ထိုလူငယ်လေးပိုင်ဆိုင်တဲ့ ဂျေကာကော်ပိုရေးရှင်းရဲ့ ၁၅ရာခိုင်နှုန်းသော ရှယ်ယာတွေကို ရန်သူတွေကို အကွက်ချပြီး လုယူခွင့်မပေးလိုက်မှတော့ ထိုလူငယ်လေးဟာ ဘယ်မှာများ လက်စားချေစရာလိုပါတော့ဦးမလဲ???
သို့သော်ငြား ဖြေရှင်းစရာ ပြဿနာတစ်ခုမရှိတော့ချိန်မှာ နောက်တစ်ခုဟာ နေရာယူလာလေတော့တယ်... ရန်သူတွေဟာ ဘလေ့စ်ဂျေကာပိုင်ဆိုင်တဲ့ ရှယ်ယာ၁၅ရာခိုင်နှုန်းကို လိမ်လည်လှည့်ဖျားယူဖို့ မတတ်နိုင်ကြတော့ချိန်မှာ သူတို့ဟာ ထိုကောင်လေးကို အားလုံးပေါင်းစည်းပြီး ရှင်းပစ်ဖို့ရာ ကြံရွယ်ကြတော့တယ်...
ဘာကြောင့်ပါလဲ???
ဇာတ်လမ်းရဲ့ဇာတ်လိုက်ဖြစ်တဲ့ ဘလေ့စ်ရဲ့ ဘ၀ခရီးလမ်းဟာ ချောမွေ့ရမှာမဟုတ်လေဘူး... ဘလေ့စ်သာ လျစ်လျူရှုပြီးနေတတ်တဲ့ ဘ၀မှာ ဆက်နေနေဦးမယ်ဆိုရင် ဘယ်သူကမှ သူ့ကို ဂရုစိုက်မှာမဟုတ်လေဘူး... သူဟာ ကောင်းကင်ဘုံကချီးမြှောက်ခံရသလိုသီးခြားထင်းထွက်တဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ဖို့ရာအတွက် ရင့်ကျက်လာဖို့ လိုအပ်လေတယ်- အထူးသဖြင့် သူဟာ CEO ဆိုတဲ့ ရာထူးကို ပိုင်ဆိုင်ဖို့ရာ ယှဉ်ပြိုင်ရမှာဖြစ်လေတယ်...

BẠN ĐANG ĐỌC
6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)
Lãng mạnကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...