အခန်း၁၃- ရီဗယ်ရာ လူးကပ်စ်

16.7K 1.7K 28
                                    

Zawgyi

ဇာတ်လမ်းဟာ မူလဇာတ်ကြောင်းအတိုင်း ဆက်ဖြစ်လေတော့တယ်... ဇာတ်လိုက်အမျိုးသားဟာ သူ့အဘွားကို အသက်၁၇နှစ်အရွယ်မှာ ဆုံးရှုံးခဲ့ရလေတယ်... အဘွားရဲ့ သေဆုံးမှုကြောင့် ဘလေ့စ်ဂျေကာဟာ လူ့လောကဟာ ဘယ်လောက်တောင်ရက်စက်လေသလဲဆိုတာကို လေ့လာသိရှိရတော့တယ်...

သူ့ရဲ့ သူငယ်ချင်းလို့ သတ်မှတ်ထားသူတွေဟာလည်း သူ့ကို လူအဖွဲ့အစည်းရဲ့လှောင်ပြောင်သရော်မှုတွေကြောင့် ဖယ်ခွာကုန်ကြလေတယ်... အဲလီစန်လီဂျေကာဟာ ဘလေ့စ်ဂျေကာအတွက်တော့ အင်အားကြီးတဲ့ နောက်ခံပါပဲ...

သူမဟာ ဂျေကာကော်ပိုရေးရှင်းရဲ့ စည်းမျဉ်းတွေကြား တစ်ခါမှ ၀င်ရောက်မစွက်ဖက်ဖူးသော်ငြား အဲလီစန်လီဟာ လူ့အဖွဲ့အစည်းအတွင်းမှာတော့ လေးစားခံရတဲ့သူတစ်ဦးဖြစ်လေတယ်... ဘလေ့စ်ဂျေကာဟာ အဲလီစန်လီဂျေကာရဲ့ မြေးဖြစ်တာကြောင့်သာလျှင် လူတွေဟာ သူ့ကိုညှာတာထောက်ထားစွာ ဆက်ဆံကြတာဖြစ်တယ်... သို့သော်ငြား ဒီအမျိုးသမီးကြီးမရှိတော့ချိန်မှာတော့ ဒီကောင်လေးအပေါ် လူတွေထားတဲ့ လေးစားမှုဟာ မရှိလေတော့ဘူး...

အဆုံးသတ်မှာ ဘလေ့စ်ဟာ သူတို့တွေရဲ့ လေးစားမှုအစစ်အမှန်ကို တကယ်ကတော့ မရခဲ့တာဖြစ်လေတယ်... သူ့ရဲ့စစ်မှန်တဲ့ တန်ဖိုးဟာတော့ သူ့အသက် ၁၈နှစ်ပြည့်မှ တရားဝင်ပိုင်ဆိုင်ခွင့်ရမယ့် ဂျေကာကော်ပိုရေးရှင်းရဲ့ ၁၅ရာခိုင်နှုန်းသော ရှယ်ယာတွေပါပဲ... သို့သော်ငြား ဒီ၁၅ရာခိုင်နှုန်းသော ရှယ်ယာတွေဟာလည်း သူ့အသက် ၂၁ ပြည့်ပြီး ဂျေကာကော်ပိုရေးရှင်းရဲ့ ကစားကွက်နယ်မြေထဲကို ၀င်ခွင့်မရခင်အချိန်အထိကတော့ အသုံးမ၀င်သေးလေဘူး...

ဘလေ့စ်ဂျေကာရဲ့ ဒီလိုအားအနည်းဆုံးအခြေအနေမှာတော့ သူ့ရန်သူတွေဟာ သူ့ကို သတ်ဖြတ်ဖို့ဝင်ရောက်လာကြလေတယ်... သူ့သူငယ်ချင်းတွေရဲ့ ဖယ်ကျဉ်ထားမှုကြောင့် နာကြင်နေရပြီး လမ်းပျောက်နေတဲ့တစ်ဖက်မှာ ဘလေ့စ်ဟာ တခြား ဆယ်ကျော်သက်တွေလိုမျိုး နာကြည်းချက်နဲ့အတူ ပွင့်ထွက်လာတော့တာဖြစ်လေတယ်...

သောက်စားမူးရစ်၊ ကလပ်တွေတက်၊ လိင်မှုအရှုပ်အထွေးတွေ၊ ဆေးချတာတွေနဲ့ ရန်ဖြစ်တာတွေအားလုံးကို လုပ်တော့လေရင်း ဘလေ့စ်ဂျေကာဟာ အန္တရာယ်ရဲ့ အစွန်ဆုံးဆီကို မသိမသာ ချော်ကြလာတော့တာဖြစ်တယ်... သူ့ရန်သူတွေဟာ သူ့ရဲ့ ပျော့ညံ့တဲ့စိတ်ဓါတ်ကို အသုံးချပြီး သူ့ကို အစွန်ဆုံးအခြေအနေကို တွန်းပို့တော့မှာဖြစ်လေတယ်- ပြန်လမ်းမရှိတဲ့ ကမ္ဘာတစ်ခုကိုတွန်းပို့ပြီး သူ့ကို ရှုံးနိမ့်စေချင်ကြလေတယ်...

6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)Onde histórias criam vida. Descubra agora