အခန်း ၂၅- ရီဗယ်ရာလူးကပ်စ်

17.9K 1.7K 44
                                    

Zawgyi

မက်က်ဆီဟာ CEO ရာထူးကနေ နှုတ်ထွက်ပြီးပြီးချင်းမှာပဲ သူမဟာ တစ်ချက်လေးမှ ပြန်လှည့်မကြည့်လေတော့တာဖြစ်တယ်... ဘလေ့စ်ဟာ အချိန်အနည်းငယ်မျှနေပြီး သူ့ကိုကူညီပေးဖို့ရာအတွက် အယူခံဝင်လေသော်ငြား မက်က်ဆီဟာ သူမရဲ့ လွတ်မြောက်မှုကိုသာ လျှင်မြန်စွာ ဆောင်ရွက်လေတော့တာဖြစ်တယ်...

သူမကို နိုင်ငံအတွင်းက ထွက်သွားနိုင်အောင် ကူညီပေးခဲ့တာကတော့ ဒုတိယဇာတ်လိုက်ပါပဲ...

သို့သော်ငြား ရီဗယ်ရာလူးကပ်စ်ဟာ သူမကို ထွက်ပြေးသွားအောင် မကူညီလိုက်နိုင်ခင်မှာ သူ့ကို လက်ထပ်ဖို့ရာ သူမကို တွန်းအားပေးခဲ့လေတော့တာဖြစ်တယ်... ဘာပဲဖြစ်ဖြစ် သူမဟာ သူနဲ့လုပ်ထားတဲ့ အလောင်းအစားကို ရှုံးသွားခဲ့လေတာဖြစ်တဲ့အပြင် ကိန်းန်ဂျောကာပိုင်ဆိုင်တဲ့ ၁၀ရာခိုင်နှုန်းသော ရှယ်ယာတွေအတွက်ပါ အကြွေးတင်နေသေးတယ်မဟုတ်ပါလား... သူမရဲ့ အကြွေးတွေကို ဆပ်နိုင်ဖို့ရာတစ်ခုတည်းသော နည်းလမ်းကတော့ သူရဲ့ တရားဝင်ဇနီးသည်ဖြစ်လာဖို့ပါပဲ...

ဒါဟာ မျှတတဲ့ဖလှယ်မှုဖြစ်လေတာကြောင့် မက်က်ဆီဟာ ထိုအမျိုးသားငယ်လေးလိုချင်တဲ့ သူ့ကိုလက်ထပ်ဖို့ဆိုတဲ့ အချက်ကို လုပ်ဆောင်ပေးခဲ့လေတာဖြစ်ပြီး တကယ့်အဖြစ်ကတော့ ထိုသူနဲ့ခိုးရာလိုက်သွားခဲ့တာပါပဲ... သူမတို့ဟာ လက်ထပ်ပွဲအခမ်းအနားတစ်ခုကိုမှ မကျင်းပခဲ့လေတာဖြစ်တယ်... မက်က်ဆီလူသာနဲ့ ရီဗယ်ရာလူးကပ်စ်တို့ မြို့တော်ခန်းမမှာ လက်ထပ်စာချုပ်ပေါ်မှာ လတ်မှတ်ထိုးချိန်မှာ ဘလေ့စ်နဲ့ ဆိုဖီသာလျှင် မျက်မြင်သက်သေအဖြစ် ရှိနေလေခဲ့တာဖြစ်တယ်...

မက်က်ဆီဟာ ရီဗယ်ရာလူးကပ်စ်နဲ့အတူ နိုင်ငံကနေထွက်ခွာသွားပြီးနောက်ပိုင်းမှာတော့ သူမတို့ဟာ ကမ္ဘာပေါ်ကမည်သူ့ကိုမှ ဂရုမစိုက်လေတော့ပဲ တစ်ကမ္ဘာလုံးကို စိတ်ကြိုက်ရွက်လွှင့်ကြတာဖြစ်ပြီး သူတို့စိတ်ကြိုက်အရာတွေကိုသာ လုပ်ဆောင်လေတော့တာဖြစ်တယ်... သူတို့အတူရှိနေခဲ့တဲ့ ငါးနှစ်လုံးလုံးမှာ နှစ်ဦးသားဟာ ပျားရည်ဆမ်းခရီးလိုသာ အချိန်ကုန်ခဲ့လေကြတာဖြစ်တယ်...

6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)Tempat cerita menjadi hidup. Temukan sekarang