Zawgyi
လပေါင်းများစွာကြာသွားပြီး နွေရာသီပိတ်ရက်ရောက်လာချိန်မှာတော့ ဘလေ့စ်ဂျေကာဟာ သူ့ကောင်မလေး ဆိုဖီရာဆိုလီစ်ကို မက်က်ဆီနဲ့ တွေ့ပေးဖို့ရာ အိမ်ခေါ်လာလေတော့တယ်... ဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်လိုက်နဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ မက်က်ဆီဟာ အရမ်းကိုသဘောကျသွားလေတော့တယ်... ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ဆိုတဲ့သဘာဝအတိုင်း ဆိုဖီရာဆိုလီစ်ဟာ လှပရုံသာမက စာရိတ္တလည်း အထူးကောင်းမွန် လေတယ်... ဆိုဖီရာဆိုလီစ်ရဲ့ စကားနဲ့အပြုအမူတွေမှာ ဟန်ဆောင်ခြင်းအလျင်းကင်းမဲ့နေလေတယ်... သူမရဲ့ အပြုံးတွေဟာ ရိုးသားဖြူစင်ပြီး သဘာဝကျလှလေတယ်... ထိုအမျိုးသမီးငယ်လေးရဲ့ ခေါင်းပေါ်မှာ နတ်သမီးဆန်တဲ့ အရှိန်အ၀ါတွေတောက်ပနေသလိုမျိုးတောင် မက်က်ဆီ တွေ့မြင်မိတာဖြစ်လေတယ်...
ဒီလိုမျိုးဖြူစင်လှတဲ့အမျိုးသမီးငယ်လေးနဲ့-အထူးသဖြင့် ချမ်းသာပြီး အရှိန်အ၀ါရှိတဲ့အမျိုးသမီးလေးနဲ့ ဇာတ်လိုက်ဟာ ချစ်ကျွမ်းဝင်သွားလေတယ်ဆိုတာ အံ့အားသင့်စရာတောင်မဟုတ်လေဘူး... မက်က်ဆီဟာ ဇာတ်လိုက်အမျိုးသမီးလေးရဲ့ ကြင်နာတတ်တဲ့သဘာဝကို အမှတ်များများပေးတဲ့တစ်ဖက်မှာ သူမကို သနားတောင် သနားမိသေးတယ်... ကြင်နာတတ်တာဟာ ကောင်းမွန်တဲ့ကိစ္စဖြစ်ပေမယ့် အရမ်းကြင်နာတတ်လွန်းတာကတော့ ချို့ယွင်းချက်တစ်ခုလိုပါပဲ...
ဆိုဖီရာဆိုလီစ်ဟာ အရာရာကို အကောင်းမြင်တတ်သူတစ်ဦးဖြစ်လေတဲ့ အင်မတန်မှဖြူစင်သူတစ်ဦးပါပဲ... ဒီလိုမျိုး ဖြူစင်တဲ့ လူစားတွေဟာ မှားယွင်းတဲ့လက်တွင်းကိုသာ သက်ဆင်းမိသွားရင် သူတို့ရဲ့ဘ၀တွေဟာ ဖျက်စီးခံရတော့မှာဖြစ်လေတယ်...
မူလဇာတ်လမ်းရဲ့ ဆိုဖီရာဆိုလီစ်ဟာလည်း အဲ့ဒီလိုဖျက်စီးခံခဲ့ရတယ်မဟုတ်ပါလား??? သူမကို အခွင့်အရေးယူတာကို လက်ခံရင်းသာ သူမရူးသွပ်စွာ ချစ်မိသွားတဲ့သူအနားမှာ တောက်လျှောက်ထောက်ပံ့ပေးရင်းနဲ့ သူမရဲ့ မျက်ရည်တွေနဲ့ နာကြင်မှုတွေကို သိမ်းထုတ်ခဲ့ရလေတာဖြစ်တယ်... ဒီဇာတ်လိုက်အမျိုးသမီးဟာ သူမရဲ့ ခံစားချက်တွေကိုသာ လုံးဝဦးစားပေးထားတဲ့ သူတစ်ယောက်ဖြစ်လေတယ်...
أنت تقرأ
6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)
عاطفيةကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...