အခန်း၁၈- ရီဗယ်ရာလူးကပ်စ်

16.3K 1.8K 31
                                    

Zawgyi

မက်က်ဆီဟာ ဘလေ့စ်အတွက် ဒုတိယအကြိမ်မြောက် ခုခံပြောဆိုပေးအပြီးမှာတော့ ထိုလူငယ်လေးဟာ သူမအပေါ် သူ့ရဲ့သဘောထားတွေနဲ့ အပြုအမူတွေကို သိသာစွာပြောင်းလဲလာလေတော့တယ်... အရေးကြီးဆုံး အချက်ဟာတော့ ဘလေ့စ်ဟာ မက်က်ဆီ့ကို သူ့မိသားစုဝင်- သူ့အစ်မတစ်ယောက်အဖြစ်လက်ခံလာပြီး လေးစားစွာ ဆက်ဆံလာတော့တာဖြစ်လေတယ်... မက်က်ဆီ့ရဲ့ သီးခြားဆန်ပြီး အဖက်မလုပ်တတ်တဲ့စရိုက်ဟာ မပြောင်းလဲ နေသေးသော်ငြား ဘလေ့စ်ဟာ သူ့ထက်ကြီးတဲ့ ဒီအစ်မရဲ့ စရိုက်ကို ကောင်းစွာ နားလည်လာလေတော့တယ်... အပြင်ပန်းမှာသာ ညှာတာခြင်းကင်းမဲ့ပြီး အေးစက်စက်နိုင်ပေမယ့် စိတ်ထဲမှာတော့ ပျော်ပျော်နေတတ်ပြီး အပျင်းထူလေတယ်...

သူမအပေါ် ကောင်းသူတွေကို ကြင်နာစွာ တုန့်ပြန်တတ်လေပြီး သူမကို ဆန့်ကျင်သူတွေကိုက သူမဟာ ပြန်လည်နှိပ်ကွပ်မှာဖြစ်လေတယ်... သူမကို နာကြင်စေသူတွေကိုတော့ သူမ ဖျက်စီးစရာ မကျန်တော့သည်အထိ သူမဟာ ရိုက်နှက်ဖျက်စီးပစ်မှာဖြစ်လေတယ်... မက်က်ဆီလူသာရဲ့ ဇာတ်ကောင်ဇရိုက်အတွက် အထင်ရှားဆုံး ဥပမာဟာတော့ ဘလေ့စ်နဲ့ ရန်ဖြစ်ထားသူတွေကို သူမ ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာပါပဲ...

မက်က်ဆီဟာ ကောင်လေးတွေနဲ့ရော သူတို့မိခင်တွေနဲ့ပါ ပတ်သတ်ဖို့ရာ ပျင်းလွန်းလေတဲ့အတွက် သူမဟာ သူတို့ရဲ့ အိမ်ဦးနတ်တွေနဲ့- သူတို့ရဲ့ ဖခင်နဲ့သာ တိုက်ရိုက်ဖြေရှင်းတော့တာဖြစ်လေတယ်... သူတို့ရဲ့သားတွေနဲ့ ဇနီးတွေကို မက်က်ဆီညွှန်ကြားတဲ့အတိုင်း ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အမျိုးသားသုံးယောက်ကိုတော့ မက်က်ဆီဟာ သတိပေးရုံသာပေးပြီး လွှတ်ပေးလိုက်တော့တာဖြစ်လေတယ်... မက်က်ဆီ သဘောကျလောက်သည်အထိ မဖြေရှင်းပေးနိုင်ခဲ့တဲ့ သူအတွက်ကတော့ သူဟာ သူ့ရာထူးကို ဆုံးရှုံးသွားရုံသာမက သူ့အိမ်၊ သူ့ကြွယ်ဝမှုနဲ့ လူအဖွဲ့အစည်းအတွင်းက သူ့ဂုဏ်သရေကိုပါ ညတွင်းချင်းမှာတင် ဆုံးရှုံးသွားရတော့တာဖြစ်လေတယ်...

ပြောစရာမလိုတော့တာကတော့ သူ့မိသားစုကိုဒီလိုမျိုး ကျဆုံးစေခဲ့တဲ့ ကောင်လေးဟာလည်း ဒီဂုဏ်သရေရှိ ပုဂ္ဂလိကကျောင်းမှာ ဆက်ပြီး မတက်နိုင်လေတော့တာကြောင့် သူ့ရဲ့ တောက်ပတဲ့အနာဂတ်ကို လက်လွှတ်လိုက်ရ လေတော့တာပေါ့... တစ်ရက်ဆိုတဲ့ အချိန်လေးအတွင်းမှာပဲ ဘလေ့စ်ဟာ မက်က်ဆီ့ရဲ့ ညှာတာခြင်းကင်းမဲ့တဲ့ အပြုအမူကိုသာမက သူမရဲ့ကြင်နာတတ်မှုကိုပါ လေ့လာခွင့်ရလိုက်လေတော့တာဖြစ်တယ်... သူမဟာ သူမရွေးချယ်ထားတဲ့ လူနည်းစုအပေါ်မှာသာ ကြင်နာတတ်တယ်ဆိုပေမယ့်ပေါ့... ဒါ့အပြင် ဘလေ့စ်ဟာ ထိုလူနည်းစုထဲမှာ ပါဝင်နေပြီး သူမရဲ့ ကောင်းတဲ့ ဘက်အခြမ်းကိုသာတွေ့မြင်ရလေတဲ့အတွက် ကျေးဇူးတင်စရာ ကောင်းလွန်းလှလေတယ်...
_______

6. ဒုတိယဇာတ်လိုက်အား ရွေးချယ်ခြင်း Arc-6 (ရီဗယ်ရာ လူးကပ်စ်)Where stories live. Discover now