Part 1

4.3K 160 0
                                    

မြတ်​နိုးရတဲ့ ချစ်​သူ

''ဒီမှာ´´
''ဒီမှာဗျ´´
အနောက်​ဘက်​မှအသည်းအသန်​လိုက်​ပါလာသော ခြေသံတရှပ်
ရှပ်​ကြောင့်​ လမ်းသွားရင်းစနောက်​နေကြသော Saint Dahli Champooတို့သူငယ်​ချင်း၃ယောက်​ ခြေလှမ်းလေးများရပ်​တန့့်​ကာ အသံလာရာ နောက်​ကျောဘက်​အလှည့်
ဟင်​😳
ဟယ်​😍
အို😘
ဆိုတဲ့ အာမေဍိတ်​သံလေးတွေက သုံးယောက်​စလုံးရဲ့ ရင်​ထဲမှာ အသီးသီးရေရွတ်​မိသည်​အထိ
Dahliနဲ့Chanpooတို့နှစ်​ယောက်​ တစ်​ယောက်​မျက်​နှာတစ်​ယောက်​ အဓိပါယ်​ပါပါကြည့်​လိုက်​သည်​ဆိုလျှင်​ ဘယ်​လိုသဘာဝမျိုးဖြစ်​သည်​ကို မေးကြည့်​စရာမလိုပေ။
အရပ်​အမောင်းမှာSaintထပ်​ အနည်းငယ်​ပုသော်​လည်း ထိုအရပ်​အမောင်းနှင့်​ လိုက်​ဖက်​စွာ အချိုးအကျပြေပြစ်​တောင့်​တင်းလွန်း၏။
    အသားနည်းနည်းညိုသော်​လည်း ကြည်​လင်​လတ်​ဆတ်​ပြီး ရှင်းသန့်​နေတာပါပဲ။ဆံပင်​ကိုနားရွက်​ပေါ်အောင်​တိုတိုရှင်းရှင်းညှပ်​ထားပြီး သပ်​သပ်​ရပ်​ရပ်​ပင်​ဖြီးသင်​ထားသည်​။ရှေ့ဆံပင်​အချို့ နှဖူးပြင်​ပေါ် အနည်းငယ်​၀ဲကျနေတာကလွဲရင်​ သူ့မျက်​နှာက ထင်းရှင်းကာ ချောမွေ့မှုအထင်းသားအလင်းသား။
မျက်​ခုံးထူနက်​နက်​ကြီးတွေ ညှိ့မျက်ဝန်းစိုနက်​နက်​ကြီးတွေက တဖက်​သားအရည်​ပျော်​ယိုင်​နဲ့မျောပါလာစေမတက်​ပါ။
ချွန်​မြသောနှာတံကစင်းကျပြီး သွေးရောင်​လွှမ်းကာစိုရဲနေတဲ့ ပိရိသေသပ်​တဲ့ နူတ်​ခမ်းတစ်​စုံက ရင်​ခုန်​သံတွေကို စည်းချက်​မဲ့စေခဲ့၏။
          အသံပိုင်​ရှင်​ရဲ့ချောမွေ့မှုအောက်​ Saintတို့သူငယ်​ချင်းသုံးယောက်​လုံး ညှိ့ယူခြင်းခံထားရသလို မျက်​လုံးလေးတွေပြူးဝိုင်းကာ မှင်​သက်​စွာပင်​ ငေးကြောင်​ကြည့်​လျက်​သား(တို့လည်းကြည့်​ချင်​တယ်​လေဟာ😢😢)

''အဟမ်း😎😎´´
ချောင်းတချက်​ဟန့်​သံကြောင့်​ပထမဆုံးအသိပြန်​၀င်​လာသူက
Saint ပင်​😅😅😅
*ငါဘာတွေဖြစ်​သွားပါလိမ့်​😅😅အဲ့လောက်​တောင်​ပဲ ကိုယ့်​ကိုကိုယ်​ သတိမထားနိုင်​အောင်​ပဲ နစ်​မျောသွားရသလား။*

    ပြီးတော့ ဒီလူကိုမှသူက စိတ်​လိုလက်​ရ ရစ်​မူးပျော်​၀င်​ခဲ့ရသည်​မှာ ပိုပြီးဒေါသထွက်​စရာပါ။လုံးဝမဖြစ်​သင့်​တဲ့အရာပါပဲ။
တိတ်​တဆိတ်​ သူ့ကိုယ်​သူလည်းကျိန်​ဆဲလိုက်​မိသည်​။

''ဘာပြောစရာရှိလို့လဲ😎😎😎´´
သူ့ရဲ့မေးသံက မာဆတ်​ဆတ်​။မေးသာမေးရတာ သူများရိပ်​မိသွားပြီလားဆိုတဲ့စိတ်​က တထိတ်​ထတ်​😅😅
သူမျက်​၀န်းလေးတွေက စောစောကလို ကြည်​လင်​အေးချမ်းမနေတော့ချေ။ဒေါသရိပ်​ကလေးမှာ တရိပ်​ရိပ်​မြင့်​တက်​လာကာ
မျက်​လုံးအရောင်​များက တဖျက်​ဖျက်​လက်​လာသည်​။နူတ်​ခမ်းလုံးလုံးအိအိလေးတွေ တင်းခနဲစေ့ကာ နူတ်​ခမ်းထောင့်​ချွန်းကလေးမဲ့ကွေးသွား၏။
မှတ်​မိတယ်​ Saintသေသေချာချာကိုမှတ်​မိတာပေါ့။
ဓာတ်​ပုံထဲကထက်​ ပိုပြီးနုချောနေတာကလွဲပြီး(နုချောနေတယ်​😍😍😍)ဒီမျက်​နှာပုံစံမျိုးမေ့ရက်​လောက်​စရာ လုံးဝမရှိပါ။

''မေးနေတယ်​လေ ဘာပြောစရာရှိလို့ခေါ်တာလဲ´´

''ဟို...ဟိုလေကျွန်​တော်​ အင်​ဂျင်​နီယာကျောင်းကိုသွားချင်​လို့ပါ အဲ့ဒါလမ်းမသိလို့ နည်းနည်းညွှန်​ပြပါလား´´

''ဘာပြောတယ်​´´
သူ့စကားကြောင့်​ Saint ရဲ့မျက်​နှာလေး ဒေါသကြောင့်​သွေးရောင်​လေး ရဲကနဲစိုတက်​သွားရ၏။

လာဗရုတ်​ကျနေတာလား။ အင်​ဂျင်​နီယာတက်​မယ့်​ကျောင်းသားတစ်​ယောက်​က အင်​ဂျင်​နီယာအဆောင်​ဘယ်​မှာမှန်းမသိဘူးဆိုတာ မယုံကြည်​နိုင်​စရာပါ။သေချာတာတစ်​ခုက သူ ငါ့ကိုလုံးဝသိမနေတာပါပဲ။

အရင်​picsayနဲ့တင်​တုန်းက tagတဲ့friတွေပဲtagထားပါတယ်
မကြိုက်​ရင်​ tagဖြုတ်​လို့ရပါတယ်​ 😊😊ခုမှစရေးတာမို့ လိုအပ်​တာလေးတွေရှိပါတယ်​ အကြံပြုပေးကြပါဦး😘😘

မြတ်​နိုးရတဲ့ချစ်​သူWhere stories live. Discover now