Part 2

1.8K 120 3
                                    

''ဒီမှာ ...ခင်​ဗျား ကျွန်​တော်​တို့ကိုလာပြီး ဗရုတ်​ကျ စနောက်​နေတာလား😎😎ဒါမှမဟုတ်​ ကျွန်​တော့သူငယ်​ချင်းတွေကို အကြောင်​လာရိုက်​တာလား´´

''ဗျာ´´

''ခင်​ဗျားအူကြောင်​ကြောင်​လာလုပ်မနေနဲ့ 😏😏တခါတည်း
officeထဲကိုရောက်​သွားမယ်​ ဘာမှတ်​နေလဲ😎😎´´

      ဟာကွာ။ အသားလွတ်​ကြီးဟောက်​စားလုပ်​နေတော့တာပဲ။
သူတကယ်​မသိတာပါ။ဒါကိုသူတို့သုံးယောက်​က မျက်​လုံးပြူး
ဝိုင်းပြီး အယုံအကြည်​ကင်းမဲ့နေသလို။

Perth စိတ်​ညစ်​သွားသည်​။မယုံသင်္ကာသော အကြည့်​စူးစူးတွေကြောင့်​ လူကလည်းရှိန်းဖိန်းဖိန်းဖြစ်​ကာ မျက်​နှာပြင်​တစ်​ခုလုံး ထူပူသွားရသည်​။ ဒါလေးမေးတာကို သူတို့ကဘာကြောင့်​ အခုလိုဆက်​ဆံပြောဆိုနေတာပါလိမ့်​။
သူ့ကိုပက်​ခနဲရန်​တွေ့ကာ ခြိမ်းခြောက်​လိုက်​တဲ့ ကောင်​လေးကပိုဆိုးသည်​။သူ့ကိုတွေ့လိုက်​သည်​ဆိုလျှင်​ပဲ တအံ့တသြ
လေး မျက်​လုံးပြူးသွားပြီး ချက်​ချင်းပဲ ထိုကောင်​လေးရဲ့မျက်​နှာထားလေးကပြောင်းလဲကာ တင်းမာခက်​ထန်​သွားသည်​(ရှက်​ရမ်းရမ်းသွားတာပါ ကလေးက😅😅😅)
ထိုကောင်​လေးရဲ့လှပတဲ့မျက်​၀န်းလေးတွေထဲမှာဒေါသရိပ်​လေးတွေ ပြည့်​နှက်​လို့😔😔
ဒီကနေ့ ကျောင်းတွေစဖွင့်​ပြီလေ။
ကျောင်းစတက်​ရသည့်​နေ့မို့ သူအတွက်​ အခက်​အခဲ နည်းနည်းရှိ
သည်​။ မနေ့ကမှ flightဖြင့်​ Thaiကို ပြန်​ရောက်​သည့်
သူအတွက်​ ဒီကျောင်းကို သူခြေချသည်​မှာ ပထမဦးဆုံးဖြစ်​၍ အစိမ်းသက်​သက်​ဖြစ်​နေသည်​။ဒါ့ကြောင့်​ ကားကိုလည်း
ကျောင်းဆောင်​တစ်​ခုရှေ့တွင်​ရပ်​ကာ ကျောင်းဆောင်​ထဲသို့ လမ်းလျှောက်​၀င်​လာကာ မေးမြန်းနေတာ။(သနားပါတယ်​ ကလေးရယ်​😔) ကျွန်​တော်​အထက်​တန်းစာမေးပွဲ ဖြေပြီးနောက်​ပိုင်း အဖေ့ရဲ့အဖော်​ခေါ်မှုကြောင့်​ သြစတျေးလျလိုက်​သွားရသည်​။ဟိုမှာနေရင်း အမေ့ရဲ့စာမေးပွဲအောင်​တဲ့ သတင်းကို ကြားခဲ့ရသည်​။
အဖေ့အလုပ်​က မပြီးသေးတော့ မပြန်​ဖြစ်​သေးပါ။
တက်​ကသိုလ်​ တက်​ရတော့မယ်​ပြန်​ခဲ့တော့ဟု မေမေပြောတော့
မှ သူကပြန်​လာရတာ😔 ကျောင်းအပ်​တာလည်းမေမေပဲ
ဒီတော့သူဘာမှမသိဘူးပေါ့။
         မေမေကသေချာမှာလိုက်​တယ်​ ကျောင်းတက်​ဖြတ်​ပိုင်း
စာရွက်​ကို ကျောင်းသားရေးရာက စာရေးမအမဆီကယူလို့ပြော
လိုက်​တယ်​(ဒါက ကိုယ့်​နိုင်​ငံက ပုံစံအတိုင်းရေးထားတာပါ သူတို့နိုင်​ငံတော့ မသိပါ😂😂)
       ဒါ့ကြောင့်​သူသွားဖို့မေးနေသည်​ကို သူတို့က ဗရုတ်​ကျနေသည်​ ဟုထင်​နေကြသည်​။ စာရွက်​ထုတ်​ပေးမယ့်​ စာရေးမကလည်း အင်​ဂျင်​နီယာ အဆောင်​မှာဆိုတော့ သူအဲ့ကိုသွားရမှာပေါ့။

      ''ဒီမှာ😎😎´´

       ''ဗျာ´´

        ''ခင်​ဗျား ကျွန်​တော်​တို့ကို ဗရုတ်​ကျနေတာမလား´´

           ''ဗျာ ´´
     
              ''မဟုတ်​ပါဘူး    ......ကျွန်​တော်​က ....´´
         
               ''ဒါမျိုးတွေက ရိုးနေပြီ စာပြန်​သင်​လိုက်​ဦး ရှင်းတယ်နော်​´´

အဲဗျာ ဒီကောင်​လေးရဲ့ စွာချက်​ကတော့ မိန်းကလေးအရှုံးပေး
ရလောက်​သည်​။နုတ်​ခမ်းလေးကို မဲ့ကွေးပြီး ပြန်​ပြောနေပုံလေး
က အမြင်​ကတ်​စရာမကောင်းဘဲ ချစ်​စရာတောင်​ကောင်းနေ
သေးသည်​။Perthမှာ သူ့ပုံစံလေးကို စိတ်​မဆိုးမိဘဲ ပြုံး၍သာ
နေမိ၏

    ''ခင်​ဗျား ဘာလို့ရယ်​တာလဲ´´
 
     ''မင်းက အသားလွတ်​ငါ့ကိုအေ်​နေတာကိုး။ ကိုယ့်​စကားမှာ ဘာအမှားပါလို့လဲ ပြောပါဦး´´

       ''ခင်​ဗျား ရူးနေလား အင်​ဂျင်​နီယာကျောင်းတက်​မယ့်​လူက ဆောင်​မသိဘူးဆိုတော့ အင်​ဂျင်​နီယာကျောင်းတက်​မယ့်​လူတိုင်း အဲ့အဆောင်​မှာပဲ သွားအပ်​ရတာကို ခင်​ဗျားက အဆောင်​မသိဘူးဆိုတော့ ကျွန်​တော်​တို့ကို ဗရုတ်​ကျတာမဟုတ်​လို့ဘာလဲ😎😎😎´´
သူပြောတာလည်းဟုတ်​သည်​။ ဒါပေမယ့်​ သူတကယ်​မသိတာလေ။ကျောင်းနဲ့ပတ်​သတ်​တာတွေ အကုန်​ အမေလုပ်​ပေးတာဆိုတော့ သူဘာမှမသိဘူးလေ။

    ''ဟုတ်​ပါတယ်​ဗျာ။ ဒါပေမယ့်​ မင်းယုံချင်​ယုံ မယုံချင်​နေ
ကျွန်​တော်​ အဆောင်​ကိုတကယ်​မသိတာပါ။ ကျောင်းကလည်း
ကျွန်​တော့အမေအပ်​ပေးတာလေ သူစီစဉ်​ပေးတော့ ကျွန်​တော်​က ဘယ်​သိမလဲ ´´

     ''ကျောင်းတောင်​ ကိုယ်တိုင်​မအပ်​ဘဲ အမေအပ်​ပေးတယ်​ဆိုပါလား😎😎´´ (Champoo က ၀င်​နှောင့်​လိုက်​သေးသည်​)      ( အစစ်​မက လာရှုပ်​ပြန်​ပြီ😏😏)
 
       ''ပြောလည်းခံရမှာပဲဗျာ။ ဒီအဖြစ်​အပျက်​က တကယ်​ရှိခဲ့တာကိုး။ ဒါ့ကြောင့်​ပြောပြပါဗျာ။ကျွန်​တော်​ ကိုယ့်​ဘာသာကို သွားရှာပါမယ်​😢😢´´
       
       ''မကူညီနိုင်​ဘူး။´´
ထိုကောင်​လေးဆီက ပြတ်​သားတဲ့ စကားသံ။ သူတောင်
cat mountain mountain ဖြစ်​သွာသည်​။(စကြည့်​တာပါ😂😂😂😂)

''ဟေ့! ဟေ့!´´

ပြောပြီးတာနဲ့ တိုင်​ပင်​ထားသလို လှည့်ထွက်​သွားသော
သူတို့သုံးယော်​ကို တားဆီးမိလိုက်​သည်​။

😍😍😍ဇာတ်​လမ်းက အခုမှအစမို့ မရှင်းတာရှိရင်​ မေးလို့ရပါတယ်​ လိုအပ်​ချက်​လေးတွေထောက်​ပေးပါလို့😘😘

မြတ်​နိုးရတဲ့ချစ်​သူWhere stories live. Discover now