''Saint နင်မနေ့က Perthကို ဘာမှမပြောဘဲနေတာ မကောင်းပါဘူး။ သူ့မှာ နင့်မျက်နှာကိုပဲ ကြည့်ပြီး စိတ်မကောင်းဖြစ်နေရှာတာ။ သနားပါတယ်ဟယ်´´ ဟုDahliပြောတော့ Champoo ကပါ
''ဟုတ်ပဟယ်။ သူ့မျက်နှာလေးတော်တော်ငြိုးသွားတာ😔😔ငါတောင်စိတ်မကောင်းဖြစ်သွားတယ်´´ဟုပြောတော့ Saint
စိတ်မရှည်တော့။ အားနေ သူ့အကြောင်းပဲ ပြောနေကြတာ
နားအမြင်ကတ်လာပြီ😏😏''သနားရင် နင်တို့သွားပြီးတောင်းပန်ပေါ့😒😒ဘာလို့ငါ့နားလာပြီး နားပူနားဆာလုပ်နေတာလဲ😎😎 ငါ့မှာတော့ ငါ့သူငယ်ချင်းကို ကာကွယ်ပေးလိုက်ရတာ နင်တို့ခုပြောနေတာတွေသာ ကြားသွားရင် ဟိုက ဘ၀င်လေဟတ်ရုံ
မကဘူး။ မြောက်ပါတတ်သွားလိမ့်မယ်😏😏နင်တို့ မိန်းကလေးဆိုတာ သတိထားကြပါဦး😒😒´´လို့ စိတ်မရှည်တဲ့ လေသံနဲ့ပြောမှ နှစ်ယောက်လုံးငြိမ်သွားကြသည်။
မျက်နှပိုးကို မသတ်နိုင် သတ်နိုင်နှင့်ပေါ့။
ဟုတ်သည်။Perthဆိုတဲ့ လူကလည်းချောတာကိုး။ ကျောင်းကို ကားအကောင်းစားစီးပြီး သူ့ရုပ်ရည် သူ့bodyနှင့်
လိုက်ဖက်အောင် ၀တ်စားပြင်ဆင်တတ်သည်။ ဘယ်အချိန်ကြည့်ကြည့် စွဲမက်ဖွယ်ကောင်းသော ခန့်ညားသော Perth
လို လူမျိုးကို စိတ်ကူးမယဉ်တဲ့သူ မရှိလောက်ပါ(မရှိလောက်တာမဟုတ်ဘူး ရှိကိုမရှိတာ😭😭)ထို့ကြောင့် Saint
သူငယ်ချင်း၂ယောက်ကို ဘာမှမပြောတော့ဘဲ အခန်းထဲသို့သာ
ဝင်လာခဲ့၏။''ဟင်´´
အခန်းထဲရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မျက်နှာတစ်ခုကြောင့် တုန့်ဆိုင်းသွားရသော Saint ။မေဂျာတစ်ခုထဲဆိုတာ သိပေမယ့် ခုလိုတွေရတော့ နဲနဲစိတ်ညစ်သွားသည်။ ခုကစပြီး
နေ့တိုင်းတွေ့ရတော့မည်ဆိုသော အတွေးက သူ့ကို စိတ်ရှုတ်စေသည်။
Perthက သူ့ကိုတွေ့တော့ ပြုံးပြသော်လည်း မပြုံးပြဘဲ မျက်နှထားတင်းတင်းနှင့် နေရာသို့ ၀င်ထိုင်လိုက်၏။ဒီကောင်လေးကတော့ သူ့ကိုတွေ့တာနဲ့ ချေမယ်ဆိုတာကြီးပဲ။
အဲ့ချေနေတဲ့ပုံလေးကိုက Perth ကို ဆွဲဆောင်နေသည်။
ချစ်စရာကောင်းနေသည်။ သူလုံးဝ ဒီကောင်လေးကို လက်လွှတ်မခံနိုင်တော့ပါ။
*မင်းစောင့်ကြည့်နေပါ Saint ငါမင်းရဲ့နှလုံးသားကို မရရအောင် ယူပြမယ် ငါမင်းကို ဘယ်လိုမှ လက်လွှတ်မပေးနိုင်တော့ဘူး*
Perthစိတ်ထဲက ကြိတ်၍ပြောလိုက်သည်။သူမျက်လုံးများက
သူချစ်တဲ့ အချေကောင်လေးဆီက မခွါဘဲနဲ့ပေါ့။*Perth ခင်ဗျားက ဘယ်လိုလူလဲ ကျွန်တော့ကို စိုက်ကြည့်နေတာများ အစိမ်းလိုက်စားတော့မယ့်အတိုင်းဘဲ။ ခင်ဗျားမသိချင်ယောင်ဆောင်နေတာမလား။ ကျွန်တော်ဘယ်သူဆို
တာ ခင်ဗျားသိပါတယ်ဗျာ ဟန်ဆောင်မနေပါနဲ့*
Saintကတော့ သူ့ကို ပေါက်ထွက်မတတ်ကြည့်နေတဲ့ သူကို မျက်စောင်းထိုးပြီး ဆရာမ စာရှင်းပြတာကို ပြန်နားထောင်နေ၏။Saint က ကျွန်တော့ကို မျက်စောင်းထိုးတဲ့ ပုံလေးက သိပ်ချစ်ဖို့ကောင်းတယ်ဗျာ။ ကျွန်တော့ကိုခနခန အသည်းယား
အောင်လုပ်နေတယ် ဘယ်သူ့ကိုမှ သူ့ကိုမမြင်စေချင်တဲ့အထိ
ကို သူကချစ်ဖို့ကောင်းတယ်။(အခန်းထဲထည့် သော့ခတ်ထား😎😎)''မွေးနေ့ပွဲ !ဟုတ်လားဖေဖေ´´
''ဟုတ်တယ် သား။Perthရဲ့မွေးနေ့ပွဲကို သားပါလိုက်ခဲ့ရမယ်အ၀တ်အစားသွားလဲ´´ဟု အမိန့်ဆန်ဆန်ပြောနေသော ဖေ့ဖေ့ကို Saint မအံ့သြဘဲ မနေနိုင်။ အရင်တုန်းကဆို Saint မလုပ်ချင်ဘူး မသွားချင်ဘူးဆိုတခွန်းတည်းနဲ့ရတဲ့ဖေဖေက
ခုသူ့ကို အမိန့်ပေးသလိုပြောနေတော့ သူငိုချင်လာသည်။
Saint မသွားချင်ဘူး Perth ရဲ့မျက်နှာကိုမမြင်ဘူး(ပြောရက်တယ်Saint ရယ် တို့မှာတွေ့ချင်တာတောင်မတွေ့ရ သူကတော့😭😭) မွေးနေ့သွားလိုက်လျှင် မိတ်ဆက်ပြီးသား
ဖြစ်သွားမည်။ ခုတောင် ပေါက်ထွက်မတတ်ကြည့်နေတာ မိတ်ဆတ်ပြီးရင်တော့ အသာစီးပြီးပြောတော့မှာသေချာသည်။''Perth ခင်ဗျား ကျွန်တော့အဖေနဲ့ အမေကို ဘာတွေနဲ့များ
ခြိမ်းခြောက်ထားတာလဲ´´Saint မသွားချင်သော်လည်းသွားရမည်ဖြစ်သောကြောင့်
မွေးနေ့သွားရန်ပြင်ဆင်ရတော့သည်။😍😍😍တိုသွားတယ်ထင်တယ် ဝေဖန်ပေးပါဦးနော်
မနက်ဖြန်မှ upဖို့ကို အငြိမ်မနေနိုင် တွေးမိတုန်းလေးရေးလိုက်မိပြန် upလိုက်မိပြန်ပြီ မနက်ဖြန်
အပိုင်းသစ်ထပ်upပေးမယ် စိတ်ဆိုးသွားမသိ😅😅
အားလုံးကို သာသာပေါက်စလေးက ချစ်ပါတယ်လို့😘😘
see you tomorrow😍😍😍😘😘😘

YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်