''Saint! Saint!´´
''ဟင် ဘာလဲ´´
''ဟိုမှာ ကြည့်စမ်း ခုနက ကိုလူချောလေး😍😍 ငါ့တို့ထိုင်နေတဲ့ ခုံတန်းကိုလာနေပြီ´´Champooပြောလို့ကြည့်လိုက်တော့ သူကြည့်မရတဲ့ Perth ဆိုတဲ့သူ။ Saintတို့ ထိုင်နေတဲ့နေရာကို တန်းတန်းမတ်မတ်
လာနေလေရဲ့။ သူ့သူငယ်ချင်းတစ်ယောက်လည်းပါသေးသည်။''တစ်နေ့ထဲမှာ နှစ်ကြိမ်တောင်တွေ့ရတာဆိုတော့ တော်ရုံရေစက်တော့မဟုတ်ဘူးနော် Saint´´
''Dahli နင်သိပ်ပြီးလေရှည်မနေနဲ့😎😎 မျက်နှာကိုဒီဘက်လှည့် တော်ကြာသူ့ကြိုက်နေတယ်ထင်နေမယ်။ နင်ကြိုက်နေလည်း မသိချင်ယောင်ဆောင်နေ´´''Saintရယ် နင်ကမကြည့်နဲ့ပြောလေ ငါတို့ကပိုကြည့်ချင်လေပဲ။ ဟုတ်တယ်နော် Champoo ´´ဟုပြောပြီး စစ်ကူခေါ်နေသော Dahliကို မျက်စောင်းသာ ထိုးမိနေလေ၏။
Champooကတော့ ကြားတောင်မကြား Perthကိုသာ ပြူးပြဲကြည့်နေတာကိုး။''မင်္ဂလာပါဗျ။ ဒီမှာထိုင်လို့ရမလား´´
''ရပါတယ် ရပါတယ် ထိုင်ပါ´´ဟု ပြောပြီး Saint ဘေးနားလေးကို ပုတ်ပြီးပြလိုက်တဲ့ Saint ရဲ့ ချစ်သူငယ်ချင်းနှစ်ယောက်။ Saint လန့်ပြီး
''ဘာလို့ဒီမှာမှထိုင်မှာလဲ နေရာအလွတ်တွေအများကြီးပဲ အဲ့မှာသွားထိုင်´´ဟု စိတ်တိုတိုဖြင့်ပြောလိုက်၏။ Champooနဲ့
Dahli တို့ဆိုသည်မှာလည်း ကောင်လေးချောချောမြင်ရင် ပဲများရတာကတစ်မျိုး။ အပိုတွေပြောရတာတစ်မျိုး။ Saint
ကသာ ကောင်လေးတွေလာပြီး စကားပြောရင် သူတို့ကို ကာပေးရတာ သူတို့ကတော့ ပြုံးဖြီးဖြီး😒😒ဒီကောင်လေးကတော့ သူ့ကိုမြင်တာနဲ့ အမြဲရန်လိုနေတာပဲ။
ဘယ်ဘ၀က ရေစက်ကြောင့် သူ့ကိုမကြည်မတာလဲမသိ။
သူ့သူငယ်ချင်းကောင်မလေးများက ကောင်းကောင်းမွန်မွန်ပြောဆိုနေသော်လည်း မျက်နှာထားတင်းတင်းနှင့် မကြိုက်သည့်ဟန်။ အဲ့ဒါကိုပဲ Perthဆိုတဲ့သူက အသည်းတွေ ကျိလိကျိလိ
ယားနေတာ😅😅 သူမထိုင်စေချင်လေ Perthက ပိုပြီးထိုင်ချင်လေဆိုတော့ စဉ်းစားမနေဘဲ ၀င်ထိုင်လိုက်တော့ Saint
မျက်လုံးပြူးရပြန်၏။
YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်