အဲ့လိုနဲ့ ပြန်လာကြပေမယ့် လမ်းမှာ Saint
စကားတခွန်းမှ မပြောဘဲ ကားအပြင်ဘက်က ရှုခင်းများကိုသာ ကြည့်နေလိုက်သည်။အိမ်ရောက်တော့ ဆိုဖါပေါ်ကို စိတ်ပျက်လက်ပျက်နဲ့ထိုင်လိုက်တဲ့သားကို မျက်နှာမကောင်းစွာနဲ့''ဖေဖေ့အမှားတွေကြောင့်ပါ သားရယ် ဖေဖေမိုက်မဲခဲ့လို့ အခုလို
စိတ်ဆင်းရဲစရာတွေဖြစ်နေရတာပါ ဖေဖေ့ကို ခွင့်မလွှတ်ပါနဲ့ သားရယ်´´ဖေဖေက ခေါင်းလေးကို ငိုက်စိုက်ချကာ သူ့အမှားကိုဝန်ခံတော့
သည်။ဖေဖေကိုယ်တိုင်ပြောပြလို့သာ မြဘုန်းကြားရတာ Saint
မယုံချင်။ Saint တို့အခုပိုင်ဆိုင်တဲ့ ခြံနဲ့တိုက်က Mr.Trumpဆီမှာ အရောင်းအဝယ်စာချုပ်နဲ့အပေါင်ထားရတာ
တဲ့။ လုပ်ငန်းလည်ပတ်နေတာဆိုပေမယ့်လည်း ဟန်ပြပဲရှိတော့
သည်။ Mr. Trump သနားညှာတာနေလို့သာ အခြေမယိုင်ဘဲ
Saint တို့မိသားစု ရပ်တည်နေနိုင်တာတဲ့လေ။ဒါ့ကြောင့်လည်း Mr. Trumpက တောင်းဆိုလိုက်တဲ့ ဘယ်လို
အရာကိုမဆို ဖေဖေ မငြင်းပယ်နိုင်ခြင်းပင်။ ဖြည့်ဆည်း
လိုက်ရောဖို့သာ ကြိုးစားနေရသည်။ Saint နဲ့ ပတ်သတ်တဲ့
မင်္ဂလာကိစ္စလည်းအပါအဝင်ပေါ့။ ဖေဖေ့အတွက် ဘယ်လောက်တောင် ခက်ခဲနေလိမ့်မလဲ။ ကိုယ့်သားသမီးကို
အထက်စီးက တောင်းဆိုလိုက်တဲ့အဖြစ်မဟုတ်ပါလား။Saint လက်ခံသည် လက်မခံသည်ကိုပင် မဆွေးနွေးနိုင်ပဲ
တဖက်သတ်ဆုံးဖြတ်ချက်ဖြင့်သာ ဖေဖေက လိုက်နာခိုင်းခဲ့
သည်။ ဘယ်လိုမှမငြင်းပယ်နိုင်တဲ့ အကြောင်းအရာတွေရှိနေ
တာကို။ ဒီတော့လည်းမိဘဆိုတဲ့ အရှိန်အဝါကိုသုံးပြီး Saint
ကို Perthနှင့် လက်ထပ်ပေးစားဖို့သာ ဖေဖေကြိုးစားခဲ့တော့
တာပေါ့။''သားရယ် တကယ်ဆိုဖေဖေမတရားတာပါ သားက Perth ကို
လက်မထပ်ချင်မှန်းသိသိနဲ့ ဖေဖေအသက်ရှူချောင်ရင်ပြီးရော ဆိုပြီး အတ္တစိတ်နဲ့ လုပ်ခဲ့သမျှ သားလေးရဲ့ဘဝကို သားမချစ်
မနှစ်သက်တဲ့သူနဲ့ လက်ထပ်ရတော့မလိုဖြစ်နေရပြီ´´''ဖေဖေရယ်´´
ကျွန်တော်ဘာမှအပြစ်မတင်ရက်ပါဘူး။ ဘာပဲပြောပြော ဖေဖေ
က Saint အခုချိန်ထိ အပူအပင်ကင်းကင်းနဲ့ နေနိုင်အောင်
ဖြည့်ဆည်းပေးခဲ့တာလေ။ မိဘတွေ ဘယ်လိုဖြစ်နေမလဲ ဘယ်လို အခက်အခဲတွေရှိနေမလဲဆိုတာ သားဖြစ်သူမသိစေရ။
ကြိတ်ပြီးဖြေရှင်းသည်။ ကြံ့ကြံ့တောင့်ခံ၏။အနှိုင်းမဲ့မေတ္တာပါ။ ဖေဖေမှားခဲ့တယ်ဆိုရင်တောင် ဖေဖေတယောက်တည်းကောင်းစားချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာမှ မဟုတ်တာ။ မှားပြီဆိုတာ သိတဲ့အချိန်မှ လက်ရှိကနေ လက်မဲ့ဘဝကို ဖေဖေရောက်ခဲ့ပြီ။ နောင်တကြီးနဲ့လှည့်လိုက်တဲ့
အချိန်မှာ ကျွံနေတဲ့ခြေလှမ်းက နုတ်လို့မရတော့။ဘယ်တတ်နိုင်
ပါတော့မလဲ မှားပြီးတဲ့အမှား လက်ညိုးထိုးပြီး ပြစ်တင်ဝေဖန်နေ
လို့လည်း ဒီအမှားတွေက ပြန်ပြီးပြောင်းလဲသွားမှာမှမဟုတ်တာ။ကံတရားပဲပေါ့။ ကံကြမ္မာက ဖန်တီးပေးတဲ့အတိုင်းပဲ လက်ခံရမှာ
ပေါ့။ ဒါသူ့ရဲ့ကံကြမ္မာက ပေးလိုက်တဲ့ အပြစ်ဒဏ်တခုလို့ပဲ လက်ခံလိုက်ပါ့မယ်။''သား ဖေဖေတို့ သားအတွက်စိတ်မကောင်းပါဘူးကွယ်။ ဖေဖေဘာလုပ်ပေးရမလဲ သား ဒီတိုက်ပေါ်ကဆင်းပြီး လုပ်ငန်းတွေထိုးအပ်ရင်အပ်ရပါစေ Perth နဲ့ သားလက်မထပ်ချင်တဲ့ အကြောင်းကို Mr.Perth ဆီမှာ ခွင့်တောင်းပေးရမယ်ဆိုလည်း လုပ်ပေးပါ့မယ် သားရယ်´´
''ဖေဖေကလည်း အဲ့လိုမလုပ်ပါနဲ့ သားလက်မခံနိုင်ဘူးဖေဖေ သားPerthကိုလက်ထပ်မှာပါဖေဖေ သားသိချင်တာလေးတခုတည်းပါ ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကလေးပဲ လိုချင်ခဲ့တာပါ အဲ့ဒါကြောင်ဖေဖေတို့ကို ဇွတ်အတင်းမေးခဲ့တာပါ အခုသိရပြီ သားအတွက်လုံလောက်သွားပါပြီ ဖေဖေ´´
Saint ကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးနုနုလေးတွေနဲ့ သုတ်ဖယ်ပစ်လိုက်သည်။မိဘတွေကို စိတ်ဆင်းရဲမှာ မလိုလားတော့။ သားဖြစ်သူက ခံစားပြနေရင် ဖေဖေနဲ့မေမေပိုပြီးစိတ်ထိခိုက်မည် မဟုတ်လား။
''Perth ကျွန်တော်ခင်ဗျားကို လက်ထပ်မှာပါ ခင်ဗျားအဖေက ကျွန်တော်မှ ကျွန်တော်ဖြစ်နေတော့လည်း ခင်ဗျားအဖေသဘောအတိုင်း လိုက်နာပါ့မယ်။ ပေးဆပ်ပါ့မယ်´´
😍😍😍အစတုန်းကတော့ ဒီတပိုင်းမှာ မင်္ဂလာဆောင်မလို့ပါ ဒါမဲ့ ချက်ချင်းလက်ခံပြီး မင်္ဂလာဆောင်ဖို့က အရမ်းမြန်မှာစိုးလို့ပါ
နောက်တပိုင်းမှ မင်္ဂလာဆောင်မယ်နော် ၁၀ရက်နေ့မှ မင်္ဂလာဆောင်တော့မယ်😍😍 ခေါပွန်းခ😘😘

YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်