Perth ကိုကြည့်ထဲက သူဘာမှမသိသေးဘူးဆိုတာ ရိပ်မိသော်လည်း လက်မခံချင် တမင်သက်သက်ဟန်ဆောင်နေသည်ဟုသာ ယူဆသည်။ Saint မှကြည့်မရတာ။ဘယ်အကောင်းမြင်မလဲ။ Saint က လက်ထပ်ရမည့်သူက Perthဆိုတာ သိပေမယ့် Perthက မသိသေးဘူးလေ။ ထိုအချက်ကပင် Saintကို ပို၍ အနေကျပ်စေသည် မဟုတ်လား။
''ဟင်! Saint မင်းငါ့မွေးနေ့ကိုလာတယ်ဟုတ်လား။Dahliနဲ့ Champoo ကို ဖိတ်စာပေးခိုင်းတော့ မလာဘူးလို့ပြောတယ်ဆို´´
Perthစကားကြောင့် Saint မျက်နှာပူလာသည်။ ဟုတ်ပါသည်။Champooနဲ့Dahliက သူ့ကို ဖိတ်စာလာပေးသည်။သို့သော်
Saint အမုန်းဆုံးလူ ကြည့်မရဆုံးလူ၏ မွေးနေ့ပွဲကိုသူမတတ်ချင်။ဒါ့ကြောင့်လည်းမလာနိုင်ဘူးဟု အပြတ်ငြင်းလိုက်သည်။ခုတောင် အဖေနဲ့အမေကြောင့်သာ လိုက်လာရခြင်းဖြစ်သည်။''ခင်ဗျား ကိုယ့်ဘာသာအရမ်းအထင်ကြီးမနေနဲ့ အဖေနဲ့အမေကြောင့်မို့လာတာ😏😏´´
''ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်ကတော့ Saintကို တွေ့လိုက်ရတာနဲ့
တင် အရမ်းပျော်သွားပြီ ခုမှပဲကျွန်တော့မွေးနေ့လေးက ပိုပြီးပြည့်စုံသွားပြီ(ကိုကိုပုတို့လုပ်ငန်းစပြီ😙😙)ကျေးဇူးတင်ပါတယ် Saint´´
''မလိုပါဘူး😏😏´´
တွေ့လား။ပြန်ပြောပုံလေးက။ အဲ့လိုမျက်နှာထားမျိုး အဲ့လိုပုံစံလေးတွေကိုပဲ Perthဆိုတဲ့သူက သဘောကျနေတာလေ။ Saint ဘယ်လိုဘဲ ရန်သူလိုဆက်ဆံနေပါစေ သူခွင့်လွှတ်နေမိသည်။ချစ်တာကိုး။ သူSaint ဆိုတဲ့ ကောင်လေးကို အသည်းထဲနင့်အေင် ချစ်မိသွားတာကိုး ဘယ်တတ်နိုင်မလဲ။
Saint ကတော့ စိတ်အကြီးကြီးညစ်နေသည်။ သူကဘေးမှာလာထိုင်နေတာကိုး။
မိဘတွေနဲ့ လိုက်လာပေမယ့် Saint က လူကြီးဝိုင်းမှာ သွားမထိုင်ပါ။အနည်းငယ်ထောင့်ကျသောနေရာတွင်သာ ထိုင်နေလိုက်သည်။ အစကတော့ Saint အဖေလာခေါ်သေးသည်။Saint လိုက်မသွားပါ။ပေပေတေတေနှင့် ဒီမှာပဲထိုင်မည်ဟု
ငြင်းဆန်လိုက်သည်။
Saint သူ့ကိုတွေ့သားပဲ။မွေးနေ့ရှင်ပီသစွာ ၀တ်စုံကို သေသပ်စွာဝတ်ဆင်ပြီး ဧည့်သည်များကို လိုက်လံနှုတ်ဆက်နေသည်။
ဒါကို အခွင့်ကောင်းယူပြီး Saint ချောင်ကျသော စားပွဲခုံတစ်ခုဆီ ပြေးဝင်သေးလည်း မအောင်မြင်လိုက်။ထိုင်မလို့ရှိသေး
နောက်မှ ခုံကိုရွေ့ကာ ပြောလိုက်သောစကားကြောင့် Saintလန့်သွားသည်။
''ဘာ လို့ဒီမှာထိုင်မှာလဲ Saint ချောင်ကျနေတာကြီးကို´´
သူလာရှုပ်ပြန်ပြီ ကိုယ့်ဘာသာကို ဘယ်မှာထိုင်ထိုင်ပေါ့။Saint ဘာမှပြောဘဲ ထိုင်ကာ မုန့်သာစားနေသည်။Perthကတော့
သူ့ကို စကားတွေပြောလို့ ဘာတွေပြောမှန်းလဲမသိ နားလည်းမလည် နားလည်အောင်လည်း မကြိုးစားချင်ပါ။ထိုအချိန် သူတို့ဝိုင်းသို့ Saintမိဘနှင့် အမျိုးသားတစ်ယောက် ရောက်လာသည်။ထိုအမျိုးသားမှာ Perthအဖေဖြစ်သည်။ ၀ိုင်းကို ရောက်ရောက်ချင်း Perthက သတိထားမိပြီး
''ဖေဖေ သူက Saintတဲ့။ကျွန်တော်ပြောပြောနေတဲ့ တစ်ယောက်လေ´´
Saint ဆိုသည့်နာမည်ကိုကြာသည်နှင့် ခုနက ပြုံးပျော်နေသော
Turmp ချက်ချင်းပင် တည်သွားပြီး မဲ့ပြုံးတစ်ခုချိတ်ဆွဲကာ''Aww မင်းကSaintလား မင်းမိဘတွေက ပြောပြပြီးလောက်ပြီထင်တယ်နော်´´ဟု Saint ကိုလက်ဆွဲနှုတ်ဆက်ရင်းပြောနေသည်။
Perthနားမလည်။ဘာတွေပြောနေတာလဲ Saintမိဘတွေက Saintကိုဘြာောပြရမှာလဲ။ Perthစိတ်ထဲတွင် သိချင်စိတ်များလာပြီး
''ဖေဖေ ဘာပြောတာလဲ ဟင်။Saint မိဘတွေက ဘာပြောပြီးရ
မှာလဲ သားကိုပြောပြပါဦး´´''သား Saint က သားလက်ထပ်ရမယ့်သူပဲ´´
Perth ဘာမှ မပြောနိုင်တော့ပါ Saint ကိုလှမ်းကြည့်မိတော့ ခေါင်းငုံ့ထားသည်။ သူသိလိုက်ပြီ ဒါ့ကြောင့်Saintက သူ့ကိုခေနေတာကိုး။
Perthဘာမှမစဉ်းစားတော့ဘဲ Saintလက်ကိုဆွဲပြီးထွက်သွားသည်။ဧည့်သည်များကလည်း အထူးအဆန်းမို့ လိုက်ကြည့်နေကြသည်။ကားတံခါးဖွင့်ပြီး Saintကို ထိုင်စော တစ်နေရာသို့မောင်းသွား၏။''Saint´´
ခေါ်သံက ညင်သာလွန်းနေ၏။Saint ငြိမ်နေမိသည်။
''Saint ကျွန်တော်ခေါ်တာကြားလား။´´
''ကြားတယ်´´
Saint စိတ်ကို မရှည်ရှည်အောင် ဆွဲဆန့်ထားရသည်။အဖေနှင့်အမေက သူကိုစိတ်မပျက်စေနဲ့လို့ပြောခဲ့သည်မဟုတ်လား။မိဘ
စကားကို နားထောင်ရမည်မဟုတ်လား။''မင်းနဲ့ ကိုယ်ကဘာလဲ ´´(အခေါ်အဝော်တောင်တန်းပြောင်းသွားပါလား သိပ်မလိုချင်ရှာဘူး😂😂)
''မင်းနဲ့ကိုယ်က လူကြီးမိဘတွေ သဘောတူထားတဲ့သူတွေဆိုတာ မင်းသိပြီးသားမလား´´
''အဲ့ဒါမေးဖို့ ကားမောင်းထွက်လာတာလား...အွတ်´´
Saint စကားမဆုံးလိုက် မျက်လုံးပြူးပြီးသာ တစ်ဖတ်လူကို ကြည့်နေမိ၏။😍😍😍တို့မသိဘူးနော် ဘာလုပ်လိုက်ာလဲ လာမမေးနဲ့ ဒါပဲ😜😜26ရက်နေ့မှ upပေးတော့မယ်နော် goodnightပါ😊😊အားလုံးကို ချစ်တယ်😘😘😘
YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်