ကျွန်တော် အရမ်းပျော်တယ် ကျွန်တော့ရဲ့အရမ်းချစ်ရတဲ့ တဖတ်သတ် ချစ်သူလေးနဲ့ လက်ထပ်ရတော့မယ် မနေ့ညကလည်း တော်တော်နဲ့ အိပ်မပျော် သူနဲ့လက်ထပ်ရမယ့်အကြောင်းစဉ်းစားရင်း ညဥ့်နက်သွားသည်။
သို့သော်ခု မနက် ၆နာရီပဲရှိသေး နိုးနေရုံတင်မက အကုန်တောင်ပြင်ဆင်ပြီးပြီ (ဝိရိယ ရှိချက် ဒါမျိုးဆို စိတ်ချရတယ်နော် ပုပု😒😒) သူကျွန်တော့ကို ပြန်ချစ်နိုင်အောင်ကြိုးစားမှာပါ ကျွန်တော့ကို အားအင်တွေပေးပါနော် ကျွန်တော်သူ့ကို အရမ်းချစ်တယ်''သား´´
''ဗျာ ဖေဖေ´´
''ရေမိုးချိုး ပြင်ဆင်တော့လေ သူတို့ စောင့်နေရရင် မကောင်းဘူးလေ သားရဲ့´´
''ဟုတ်ကဲ့ ဖေဖေ´´
Saint မိဘတွေကို စိတ်ချမ်းသာအောင် ဖြေပေးပြီး နေရာကနေထလိုက်သည်။ မေမေကတော့ စိတ်မကောင်းဖြစ်ပြီး တသိမ့်သိမ့်ရှိုက်နေလေရဲ့။ Saintရဲ့ ခံစားချက်ကို သူသိတာကိုး
Perthနဲ့ လက်မထပ်ချင်မှန်းသိရက်နဲ့ ခုလိုလုပ်လိုက်ရတာဆိုတော့ မေမေဝမ်းနည်းနာကျင်နေလိမ့်
မည်ပေါ့။ ဟုတ်ပါတယ်လေ။''မေမေ´´
''ပြောလေ သား´´
''မေမေလည်းပြင်ဆင်တော့လေ Mr. Trump က သူ့အိမ်မှာ
နေ့လည် ၁၁ နာရီတိတိမှာ အရောက်လာဖို့ပြောထားတယ်´´''အေးပါ သားရယ် အေးပါ ´´
မေမေ့အသံက ငိုရှိုက်သံတဝက်နှင့်ပါ။
''သားလည်း ရေချိုးတော့မယ်နော်´´
Saint မေမေ့မျက်ဝန်းထဲက ကရုဏာရိပ်တွေကို မကြည့်ရဲ့တော့ပါ အကြည့်ကို ချက်ချင်းခွါလိုက်သည်။ အပေါ်သို့
လှေကားထစ်တွေအတိုင်း ပြောတက်လာ၏။ အခန်းထဲရောက်တော့ တံခါးကိုစေ့ပိတ်ကာ တံခါးကို နောက်ကျောမှီထိုင်ချပြီး ဝမ်းနည်းစွာ ငိုရှိုက်လိုက်သည်။Mr. Trump ဆိုတဲ့ သူဌေးကြီးရဲ့ မျက်ဝန်းတွေ။ Saint ရဲ့အာရုဏ်ထဲမှာ စိုးမိုးနေတဲ့ Mr. Trumpရဲ့ ပုံရိပ်တွေ စိန်နားကပ်တွေလို စူးရှပြီး အရောင်တဖျက်ဖျက်လက်နေတဲ့ မျက်ဝန်းတစ်စုံ။
သူက Saint ဆိုတာ သိလိုက်ရလျှင်ပဲ အမည်မသိတဲ့အရိပ်တွေနဲ့ပြောင်းလဲ သွားတဲ့ Mr. Trump
ရဲ့ မျက်လုံးတွေကို ခုထိသူမမေ့နိုင်သေးပါ။
သိနေသလိုပဲ။ Saint တခုခုကို စိတ်ထဲကသိနေသလိုပဲ။ ဒါက
ဘာလဲဆိုတာ သူအတပ်မပြောနိုင်တာ တခုပဲရှိတယ်။ သူ့ကို
ငေးကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ နာကျည်းရိပ်တွေပြည့်နှက်
နေခဲ့၏။ ဟန်ဆောင်မဲ့ပြုံးတွေနဲ့ နှုတ်ဆက်သွားပေမယ့် Saint
နဲ့ပတ်သတ်ပြီး နွေးထွေးလှိုက်လှဲမှု မရှိပါချေ။ အခြေအနေတစ်ခုသည် ပကတိအတိုင်း ပြန်ဖြစ်ဖို့ အင်မတန်မှနည်းလွန်းသည်။Saint အားပါတရငိုပြီးမှ ရေမိုးချိုး ပြင်ဆင်ပြီး ထွက်လာခဲ့၏။
ဒီနေ့က နောက်ဆုံးပဲ ဖေဖေနဲ့မေမေရဲ့ အရိပ်မှာခိုလှုံရတာ ဒီနေ့
နောက်ဆုံးပဲ။ဝမ်းမနည်းပါဘူး Mr. Trump က သူ့သားနဲ့
လက်ထပ်ပြီးတာနဲ့ ဖေဖေပေါင်ထားတဲ့ ခြံနဲ့တိုက်ကို အပြီးအပိုင်
ပြန်ပေးမှာတဲ့လေ တန်ပါတယ် အလဲအလှယ်ပေါ့။ Saint ကလည်း ကတိတခုပြန်ပေးရတယ် ဘယ်လိုအကြောင်းတရားတွေပဲရှိရှိ Trumpဆိုတဲ့သူရဲ့ အရိပ်ကနေ ထွက်မသွားပါဘူး သူ့ရဲ့သားမက်အနေနဲ့ပဲရှိနေရမယ်ဆိုတဲ့ကတိကိုတောင်းတယ် Sajnt ပေးလိုက်ပါတယ် ဖေဖေနဲ့မေမေအတွက်ပဲလေ။တခုလိုချင် တခုတော့ ပြန်ပေးရမှာပေါ့ ဒါက တရားမျှတပါတယ်။မိဘဆွေမျိုးအသိုင်းအဝိုင်းစုံလင်စွာနဲ့ လက်ထပ်ပွဲကို ရိုးရာအတိုင်း ဆင်နွဲကြရာ Mrs. Trump နှင့် Sajntမှလွဲ၍ ကျန်တဲ့သူများမှာ ပျော်ရွှင်မှုအပြည့်။ Perthဆိုသည်မှာလည်း ရယ်လွန်းလို့ သူငယ်ချင်များပြောရလောက်အောင်ပင်ပျော်ရွှင်နေသည်။သူအလိုချင်ဆုံး အချစ်ဆုံးသူနှင့် လက်ထပ်ရသည်ပဲလေ မပျော်ပဲနေမည်လား။ အတူတူလူကြီးကိုကန်တော့တော့လည်း
ခေါင်းချင်းတိုက် လက်စွပ်ဝတ်ပေးတောလည်း သူလေးက လက်ကို မထိတထိနှင့်ဝတ်ပေးတော့ စချင်၍ Saint ကိုသာ အရင်ဝတ်ပေးပြီး လက်ကိုနမ်းကာ နားနားကပ်ပြီး'' I love you baby အရမ်းချစ်တယ် mwah´´
😍😍ခုမှစရေးတာမို့ သိပ် မsweetတတ်ပါဘူး သည်းခံပေးပါနော် surprise ✌️✌️✌️😅😅😅
နောက်တပုဒ် ညနေလာမည် တိုသည်ဟုမပြောရ😅😅😅
YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်