Part 12

1.5K 117 12
                                    

'' ခင်ဗျားကြီး ဘယ်လိုလုပ်လိုက်တာလဲ ကျွန်တော့ကို ခင်ဗျားကြီး စိတ်တိုင်းကျ ကစားလို့ရတဲ့ ကစားစရာ အရုပ်များမှတ်နေလား ခင်ဗျားကျွန်တော့ကို အလွယ်မှတ်နေတာလား ခုလိုလုပ်လိုက်ရင် ခင်ဗျားကို
ချစ်လာမယ် ခင်ဗျားအလိုအတိုင်းနေပေးမယ် ထင်နေ
တာလား ဆုတောင်းလေ ခင်ဗျားလို ကိုယ့်ဆန္ဒအတွက်ပဲကြည့်တဲ့သူမျိုး ခုမှမြင်ဖူးတယ်(ခုမှမြင်ဖူးမှာပေါ့ အင်နိုးစန့်လေးရဲ့ firstဆိုတော့ပေါ့နော်😂😂😂)

မနက်မိုးလင်းရုံရှိသေး နိုးထဲက ပြသနာရှာနေခြင်းပင်။ Perthလည်းစိတ်မကောင်းစွာဖြင့်

''အဲ့လိုမဟုတ်ပါဘူး မင်းကိုအရုပ်လို့ သဘောထားခဲ့တာလည်းမဟုတ်ဘူး ခုလိုလုပ်တာက
မင်းကိုချစ်လို့ မင်းသဘောမကျမှန်းသိပေမယ့် မင်းကိုစိတ်မချလို့ မင်းကိုအရမ်းချစ်တယ် လက်လွှတ်မခံနိုင်လို့ လုပ်မိတာပါ မင်းငါ့ကိုကြိုက်တဲ့အပြစ်ပေးပါ ငါခံယူပါ့မယ်။´´

''aww ခင်ဗျားက လိုချင်တာရသွားတော့ ခုလို လေသံနဲ့ပြောတယ်ပေါ့ အင်းပေါ့လေ ကျွန်တော့ကို သဘောမတူပဲလက်ထပ်ပြီး အပိုင်သိမ်းခဲ့ရလို့ ကျေနပ်သွားပြီမလား ကျွန်တော့အကြွေးကျေပြီ ခင်ဗျားကို ပေးစရာမရှိတော့ဘူး ဒါမဲ့ ကျွန်တော့ခန္ဓာပဲရမယ် ကျွန်တော့စိတ် ကျွန်တော့အချစ်ကို ခင်ဗျားကြီး မရစေရဘူး ခင်ဗျားကိုရွံတယ် မုန်းတယ် အရမ်းမုန်းတယ်´´

ကျွန်တော်စိတ်တိုတိုနှင့် ပြောဆိုပြီး မျက်နှာသစ်သွားတိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ် ကျွန်တော့အခြေအနေက သိပ်မကောင်းဘူး  ထိုင်လို့တောင်မရဘူး အဲ့တာ သူ့ကြောင့် ကျွန်တော်မုန်းတယ် ခင်ဗျားနဲ့ဆက်ဆံခဲ့တဲ့ ကျွန်တော့ရဲ့
ခန္ဓာကိုယ်ကိုလည်းမုန်းတယ် သူ့အငွေ့အသက်တွေနဲ့
မနေ့က ကိစ္စကခေါင်းထဲရောက်လာပြန်တော့ ခေါင်းကိုသာတွင်တွင်ခါမိ၏။ ထို့နောက် မနက်စာစားမလို့လုပ်တော့ Mr.Trumpရောက်လာပြီး

''မင်းအိမ်ပြောင်းဖို့လုပ်တော့´´

''ဗျာ´´

**ဘာလို့လဲ အိမ်ပြောင်းခိုင်းရအောင် ဘယ်ကိုပြောင်းရမှာလည်း ခုနကPerthကိုပြောတဲ့စကားတွေကိုများကြားသွားလားမသိဘူး မဟုတ်လောက်ပါဘူးလေ **

မြတ်​နိုးရတဲ့ချစ်​သူWhere stories live. Discover now