''မတွေ့ခဲ့ပါဘူးမေမေရယ် ထုံးစံအတိုင်း ပိုက်ဆံလိုချင်လို့လျှောက်ဆက်သွယ်နေကြတာ😏😏´´
''😖😖အေးပါသားရယ် သားရဲ့ညီလေးကိုရှာဖို့ သားအလုပ်တွေကို ပစ်ခဲ့ရတယ်မလား ခုလို မေမေတို့မိသားစုကို ဂရုတစိုက်ရှိပေးတာ ကျေးဇူးပါပဲ
သားရယ်´´''မေမေကလည်း မဟုတ်တာ သားတို့က မေမေ့အရိပ်မှာ မှီခိုနေကြတာပါ မေမေကသာ အခွင့်အရေးမပေးရင် သားတို့ဒီအခြေအနေထိတောင်
ရောက်လာကြမှာမဟုတ်ပါဘူး ပြီးတော့ Saintဆိုတာ
မေမေ့ရဲ့ မြေးအရင်းလေ ကျွန်တော့တူလေးပါပဲမေမေရယ် ကျွန်တော်တို့က နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုရမှာပေါ့´´''အေးပါကွယ် အေးပါ´´
သားဖြစ်သူဆီကစကားကြောင့် ဒေါ် Cherreen ပို၍ပင် အားတက်သွားရ၏။ မြေးလေးပြန်ရောက်လျှင် အားလုံးက ဝမ်းပန်းတသာကြိုဆိုကြမည်ဆိုတော့ ပြောစရာပင်မလိုတော့။
**မြေးလေးရယ် ဘယ်လိုအနေအထားတွေနဲ့ ဘဝကိုရုန်းကန် လှုပ်ရှားနေသလဲ အဘွားသိချင်လိုက်တာကွယ်**
*****************************************''ခင်ဗျားတကယ်မသိတာလား´´
ထမင်းစားရင်း Saint မေးလိုက်ခြင်းပင်။
''ဘာကိုလဲ´´
''ခင်ဗျားအဖေ ကျွန်တော့ကို ခုလိုဆက်ဆံတဲ့အကြောင်းကိုလေ´´ (အဆင်ပြေချင်နေပြီ အခေါ်အဝေါ်က😂😂)
''ကိုယ်တကယ်မသိတာပါ Saint´´
''မဟုတ်ဘူး ကျုပ်ကိုခင်ဗျားညာနေတာ ခင်ဗျားအကုန်လုံးကိုသိတယ် ကျုပ်တို့မိသားစု စီးပွားရေးကို အခြေယိုင်အောင်လုပ်ပြီး ကျုပ်ကို ရည်ရွယ်ချက်ရှိရှိ ငွေနဲ့အပိုင်သိမ်းပြီး လက်ထက်ခဲ့တာ´´
ဆက်စားလည်း ဝင်တော့မှာမဟုတ်တော့တဲ့ ထမင်းကြောင့် ထထွက်သွားတော့သည်။
*****************************************''Saint ဒီကိုခနလာဦး´´
''ဗျာ ဟုတ်ကဲ့´´
ကြားလိုက်ရတဲ့အမိန့်ဆန်ဆန်စကားကို မငြင်းပယ်နိုင်။
''မင်းအရမ်းတော်တယ်Saint မင်းအရမ်းကိုတော်တယ်´´ (အစမရှိအဆုံးမရှိ😠😠)
YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်