Part 8

1.5K 107 16
                                    

ညှို့နက်မည်းမှောင်သော အကြည့် ဆွဲဆောင်မှုအပြည့်နှင့် ညှို့ယူနေသည်။ ထိုအကြည့်ကိုရှောင်ဖို့Saintတွင် လုံလောက်သည့်ခွန်အားမရှိ။ အသိစိတ်ထဲတွင် မခံချင်သော်လည်း မသိစိတ်က ပျော်နေမိသည်။ မရှောင်လွဲချင်။

*သူကျွန်တော့ကို စိုက်ကြည့်တယ်။အဲ့အချေကောင်လေးကလေ
သူ့ကိုအရမ်းအသည်းယားအောင်လုပ်နေတယ်။ ခုပဲကြည့်လေ
ကျွန်တော့ကိုကြည့်နေတာများ တကယ့်ကို ကလေးလေးအတိုင်းပဲ အရမ်းဖြူစင်လွန်းတယ်။မျက်လုံးလေးကလည်း ကလယ်ကလယ် နှုမ်းခမ်းနီနီလေးကလည်း ဟစိဟစိနဲ့ ဒီကလေးကတော့ စိတ်ရှိလက်ရှိသာဆို အပြဲပြဲ အကွဲကွဲဖြစ်တော့မယ်😎😎
တော်စမ်းဒီအတွေးတွေ*😜😜ရပ်လိုက်ဖို့စဉ်းစားမိပြီး ခေါင်းကိုအသာခါလိုက်တာ လက်က Saintကိုဆေးလိမ်းပေးနေရာမှ ဖိမိပြီး

''ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ ကျွန်တော့ကိုဆေးလိမ်းပေးတာရောဟုတ်ရဲ့လား တမင်ရည်ရွှယ်
ပြီးမှ လုပ်တာမလား😎😎´´(အကြည့်လွှဲလိုက်မှ သတိပြန်ဝင်ပြီး ရှက်ရမ်းရမ်းနေသေးတယ်😒😒)

''မဟုတ်ပါဘူးကွာ ကိုယ်ကစေတနာနဲ့ပါ မင်းခြေထောက်နာသွားလို့ ဆေးလိမ်းပေးတာပါ ပြီးတော့ အဲ့လိုဖြစ်တာ ကိုယ့်ကြောင့်လေ😞😞´´

သူက မျက်နှာငယ်လေးနဲ့ပြောတော့ Saint သနားမိသည်
(ဟိုက ခုမှ စ တောင်းပန်ရုံရှိသေး သူက သနားနေပြီ😏😏)

''ထားလိုက်ပါတော့ လိမ်းပေးပြီးပြီမလား သွားမယ် အပြင်မှာ အဖေနဲ့အမေစိတ်ပူနေတယ်´´

သူ့ကိုထားခဲ့ပြီး Saint အရင် ရှေ့ကထွက်လာလိုက်သည်။ Saint ရှက်နေသည်။ ရှက်ပြီးထွက်သွားတာကိုလည်း Perth
သိသောကြောင့် မတားမိချေ။

*မင်း ဘာလိုလအဲ့လောက်တောင်ချစ်ဖို့ကောင်းရတာလဲကလေးရာ *

Saint မျက်နှာပူပူနှင့်ထွက်လာလိုက်သည်။သူပါလာလားမပါလားလည်းမကြည့်မိ။ သူခုအရမ်းစိတ်တိုနေသည်။ သူကိုယ်တိုင်က Perthအကြည့်တွင်မျောပါနေခဲ့သည် မဟုတ်လား။

''Saint မင်းရှုးနေပြီလား။ ဘာလို့သူ့ကိုအဲ့လောက်ထိစိုက်ကြည့်ခဲ့တာလဲ။သူကို မင်းမချစ်ရဘူး စိတ်မဝင်စားရဘူး သူကမင်းဘဝကို ငွေနဲ့သိမ်းချင်နေတဲ့သူ လက်ထပ်ပြီးလည်း မင်းကသူ့အရုပ်ဖြစ်
သွားမှာ မင်းကိုသူက တကယ်ချစ်တာမဟုတ်ဘူး။´´ Saint
သူ့ဘာသာအပြစ်တင်နေမိသည်။ အသိစိတ်က လက်မခံချင်ပေမယ့် မသိစိတ်က လိုချင်ခဲ့တယ်ဆိုတာ Saint
သတိမထားမိခဲ့ပါ။

မြတ်​နိုးရတဲ့ချစ်​သူWhere stories live. Discover now