မြတ်နိုးရတဲ့ချစ်သူ အပိုင်း(၃)
ခုနကသူကျောင်းသားတစ်စုနဲ့ တွေ့ပြီးပြီ။
တကယ်ဗရုတ်ကျတဲ့သူတွေမို့လားမသိ သူ့ကို လမ်းမှားကိုညွှန်လိုက်သည်။ သူလည်းလမ်းမှားမှန်းသိမှ ခံလိုက်ရမှန်းသိသည်
(ကလေးက အင်နိုးစန့်လေးပါ😝) Perthတော်တော်စိတ်ညစ်သွားသည်။''ဒီမှာဗျ..ကျွန်တော်တကယ်ပြောတာပါ ယုံပေးပါနော် ကူညီပြီး အဆောင်လေးပြောပြပါ ပြောပြီးရင် ချက်ချင်းထွက်သွားပေးပါ့မယ်´´
သူ့စကားကိုကြားသော်လည်း Saintက ခြေလှမ်းများကိုမရပ်။ သူ့ဘေးက သူငယ်ချင်းများကိုကြည့်မိမှ မတွေ့သည်နှင့် နောက်လှည့်ကြည့်မှ မယ်မင်းကြီးမတို့က ထိုသူကို ပြောပြနေတယ် ပြုံးနေတာများ နားရွက်တက်ချိတ်တော့မယ်😎😎😎
သူ့သူငယ်ချင်းများကလည်း Saint စိတ်ဆိုးနေသည်ကို သတိထားမိတော့ ရယ်ကျဲကျဲနှင့် အနားကပ်လာ၏။Saint သူတို့ကို ဂရုမစိုက်တော့ဘဲ တစ်ယောက်တည်း ကန်တင်းသို့
သွား၏။ Dahli နဲ့Champooလည်းအတင်းပြေးလိုက်ကာချော့ကြ၏။Champoo နှင့် Dahliဆိုသည်မှာ ငယ်သူငယ်ချင်း ပြောမနာဆိုမနာ သူငယ်ချင်းတွေ ငယ်ငယ်က တခြားသူတွေ Saint ကို Gayဆိုပြီးစလို့ သူတို့က ကာပြီး
နောင်ဂျိန်ပလေးခဲ့သော သူငယ်ချင်းများပင်။ထိုသို့သောသူငယ်ချင်းတွေက ချော့နေတော့ Saint ဘယ်လိုမှ စိတ်ကိုတောင့်မထားနိုင်။နောက်ဆုံးတော့ Saintပဲ အလျှော့ပေးလိုက်ရ၏။''ဒါ Tanapon Sukumpantanasan Perthppe တဲ့
သားသူ့ကို လက်ထပ်ရမယ် မငြင်းရဘူး ဒါ့ကြောင့် ကျောင်းကို
အေးအေးဆေးတက် ဘာသံမှမကြားချင်ဘူး။ ဒါနဲ့ Perthလည်း
သားတို့ကျောင်းမှာတက်မှာ မေဂျာလည်းတူတုပဲ သူ့ကို့တွေ့ရင်ကောင်းကောင်းမွန်မွန်ဆက်ဆံ သူစိတ်အနှောင့်အယှက်ဖြစ်အောင် မနေမိ မပြောမိစေနဲ့ ကြားလား´´ထိုစကားကိုကြားပြီး အံ့သြနေသူမှာ Saint ပင်။ ဘာကြောင့်
ခုလို တကူးတက မှာနေရတာလဲ။ Perthက ဘာမို့လို့လည်း ။
သူ့လို ပညာရော ရုပ်ရည်ရော ပိုက်ဆံရောအပြည့်အစုံရှိနေသူကို ဖေဖေက တကူးတက မှာနေခြင်းမဟုတ်လား။Perthကိုမှ လက်မထပ်ရင် သူလက်ထပ်လို့မရဘူးတဲ့လား။ စိတ်ထဲမှာ
မကျေနပ်တာများနေပေမယ့် စိုးရိမ်နေတဲ့ အဖေနဲ့အမေကို သနား၍သာ ဘာမှမပြောခဲ့ခြင်းဖြစ်သည်။ခု သူPerthကိုတွေ့ပြီ။ အမှန်တကယ်ဆို သူကျွန်တော့ကို သိနေသင့်သည်။ ပေါ်တင်မပြောတောင် အရိပ်အမြွတ်လေးတော့ပြသင့်သည်။ သူတကယ်ပဲ မသိတာလား။မသိချင်ယောင်ဆောင်နေတာလား။
😍😍😍Aeကတောင်းပန်တာမကြိုက်ဘူးဆိုတာ သိပေမယ့်
တောင်းပန်ပါတယ် ပြောထားတဲ့အချိန်ထက် နောက်ကျသွားတယ် မတော်တဆ ခလုတ်မှားနှိပ်မိလို့ ပျက်သွားလို့ အစက ပြန်ရေးနေရလို့ပါ😔😔 မနက်ဖြန် အပိုင်းသစ်ထပ်တင်ပေးမယ်နော် မနက်ဖြန်အားလို့ ☺️☺️ အပိုင်းသစ်တင်မယ့်နေ့ကို အမြဲကြိုပြောပေးမယ်နော် ဒါပေမယ့် အချိန်ကိုတော့မမေး
ပါနဲ့ မတော်တဆ ဒီနေ့လိုဖြစ်သွားရင် တို့မျက်နှာ ဘယ်နားထား
ရမှန်းမသိလို့ ပြောထားတဲ့နေ့ကိုတော့ ကျိန်းသေ မရရအောင်တင်ပေးပါ့မယ်နော် ခွင့်လွှတ်ကြပါနော် 😍😍
YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်