Saint စိတ်ဆိုးပြီးပြောသော်လည်း Perthမှာ ဘာမှပြန်မပြောဘဲ ခေါင်းငုံ၍သာနေ၏။ဘယ်လိုပင်ဖြစ်နေပါစေ လက်ထပ်ပြီးနောက်တော့ သူ့ကို ပျော်အောင်ထားမယ် အရာအားလုံးပေးမယ်ဟု
ကိုယ့်ကိုကိုယ် ကြွေးကြော်ခဲ့သော်လည်း ခုလိုမဖြစ်နိုင်မှုများနဲ့ ကြုံတွေ့လာရပြီ ဖေဖေကလည်း
ဘာလို့Saintကို အဲ့လောက်မုန်းနေလဲမသိ ဘာပဲဖြစ်ဖြစ် သူ့သမက်ပဲလေ သူခုလိုမလုပ်သင့်ဘူး
ဒါပေမယ့် ဖေဖေကသူ့ကို အရမ်းချစ်သည် အဲ့တာကိုPerthသိသည်။ ဒါကြောင့်လည်း ဖေဖေ့ကို
မဆန့်ကျင်ချင်ပါ။ သို့သော်ခုချိန်တွင်တော့ ဖေဖေ့ကို ဆန့်ကျင်ရတော့မည်။ Perthမှာလည်း Saintကိုမျက်နှာမပြရဲတော့ပါ။ တချိန်က သူဆိုးသွမ်းခဲ့
သည်။ မိဘဂုဏ်ရှိန်ဖြင့် အပူအပင်မရှိနေခဲ့ရသောကြောင့် ဘာအလုပ်မှ မလုပ်တတ်ပါ (သတိ - ပုစွန်တော့ ခွါတတ်သည်။😜😜😜😜)ခုဆိုလျှင် ဖေဖေက အသုံးစာရိတ်လည်း မပေး
တော့။ နှစ်ယောက်စာ နေစားရိတ်စားစားရိတ်အတွက်
ရော ကျောင်းတက်ဖို့ပါ ရှာရတော့မည်။ ဒါဟာ ခုအခြေအနေဖြင့် မဖြစ်နိုင်ပါ။ ဒါကြောင့် Saintကို သူကျောင်းထားပေးပြီး သူကျောင်းထွက်မည်ဆိုတော့
ကျွန်တော့ နတ်သားလေးက''ခင်ဗျားကျောင်းထွက်စရာ မလိုပါဘူး ကျွန်တော်လည်းယောကျာ်းပဲ ကျွန်တော်လည်း အလုပ်ရှာမယ် နှစ်ယောက်ရှာဖြစ်သွားတာပေါ့´´
''မရဘူးကွာ မင်းကို အလုပ်လုပ်ခိုင်းဖို့ယူထားတာ မဟုတ်ဘူး´´
''ဟုတ်လို့လား ခင်ဗျားကလေ ကျွန်တော့ကို အလုပ်မလုပ်ခိုင်းဘူးပေါ့ ဒါဆို ခင်ဗျားအဖေက
ခိုင်းတာတော့ နေတိုင်းလုပ်ပေးနေရတာကျတော့ကော
ဘာထူးလဲ ဘာလဲ ခင်ဗျားက အိမ်မှာ ကျွန်တော့ကို
မာလီလုပ်ခိုင်းပြီး ခင်ဗျားကျတော့ အပြင်မှာ အလုပ်ရှာသလိုလိုနဲ့ လျှောက်သွားနေမှာမြင်ယောင်သေး။ ´´''ကိုယ်ပြောင်းလဲနေပါပြီ မင်းနဲ့တွေ့ပြီး နောက်ပိုင်းအကုန်ပြောင်းလဲကုန်ပြီ မင်းကပဲ ပဲ့ကိုင်ပြောင်းလဲပေးခဲ့တာပါ မင်းနဲ့မတွေ့ခင်အချိန်ထိ
ကိုယ်ဆိုးခဲ့ပွေခဲ့တာ ဝန်ခံပါတယ် ဒါမဲ့ ခုချိန်မှာ ကိုယ်လိမ္မာနေပါပြီ ´´''hahaha… စကားချိုတွေ လာမသွေးပါနဲ့ ခင်ဗျားနှုတ်ကထွက်တဲ့စကားတိုင်း ရွံ့ဖို့ကောင်းတယ်
ခင်ဗျားကို ပြောတာ စကားနှစ်ခုပါ ဘာလို့ တခုပဲရွေးပြောခဲ့တာလဲ´´''ဟင်´´
😞😞😞တိုတယ်တိုတယ် တော်တော်တိုတယ် တောင်းပန်ပါတယ်နော် ဒီရက်ပိုင်း ညီမတကယ်မအားလို့ပါ တောင်းပန်ပါတယ်နော် ရတဲ့အချိန်လေးနဲ့ ရေးပေးထားတာပါ နောက်ညီမ အားတော့မှ ရှည်ရှည်လေးရေးပေးပါ့မယ်နော် တကယ် အနူးအညွန့်တောင်းပန်ပါတယ်🙏🙏🙏tag ဖို့လည်း အချိန်မရလို့ မtagတော့ပါဘူး နောက်မှ tagပေးပါတော့မယ်နော် တကယ်တောင်းပန်ပါတယ်🙏🙏
Next update 12. 2. 2019

YOU ARE READING
မြတ်နိုးရတဲ့ချစ်သူ
Fanfictionတဖက်သတ်ချစ်နေရတဲ့ ကောင်လေးတယောက်ကို ရုတ်ရက် လက်ထပ်ခွင့် ရခဲ့ပေမယ့်