((Zawgyi))
မနက်ခင်းနေရောင်ခြည်နဲ့ အပြိုင်..... နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသေးတဲ့ တစ်ယောက်သောသူလေးဟာ အရမ်းကို ချစ်စရာကောင်းလွန်းလှတယ်..
ဘယ်လိုပုံဖြစ်ဖြစ် chanyeol မျက်လုံးထဲမှာတော့ ချစ်ဖို့ကောင်းနေတာပါပဲလေ..
နဖူးထက်မှာကျနေတဲ့ ဆံသားလေးကို လက်နဲ့သပ်တင်ပေးပြီး နဖူးကိုအနမ်းတစ်ခုခြွေချလိုက်သေးသည်။
အိပ်နေတဲ့သူကို မနှိုးဘဲ တစိမ့်စိမ့် ထိုင်ကြည့်နေတဲ့ parkchanyeol ရယ်ပါသွေးကြောစိမ်းလေးတွေထင်းနေတဲ့ ပါးပြင်နုနုကို အသည်းယားလွန်းလို့ လက်နဲ့ညှစ်လိုက်သေးတယ်
ညှစ်လိုက်လို့ နီသွားတဲ့ ပါးပြင်လေးကိုနမ်းရင်း...
တစ်ယောက်တည်း အလုပ်ရှုပ်နေလေရဲ့..Chanyeol ပုံစံက ကလေးတစ်ယောက်အရုပ်ရနေသလို..။
ခဏကြာတော့ baekhyun လူးလွန့်ရင်း နိုးလာသည်။
နိုးနိုးချင်း မြင်ရတာက တစ်ဖက်ခြမ်းကနေ လက်ထောက်ထားရင်း သူ့ကိုပြုံးပြီး ငုံ့ကြည့်နေသော chan
”နိုးနေပြီလား chan! ”
”အင်း ...
အစောကြီးထဲက နိုးနေတာ ””နှိုးလိုက်တာမဟုတ်ဘူး ”
နှာခေါင်းကို ပွတ်ပြီး ပြောလာတဲ့ ပုံစံလေးကြောင့် chanyeol ရင်ထဲ ဂယက်ရိုက်နေသည်။
”Hyun အိပ်နေတဲ့ပုံလေးက ချစ်ဖို့ကောင်းလွန်းလို့ မနိုးရက်ဘူး
ထပ်အိပ်ပါဦးလား အခုမှ ရှစ်နာရီပဲရှိသေးတာ ””တော်ပါပြီ မအိပ်ချင်တော့ဘူး ..
အခုချိန် လောက်ဆို Jim လေး breakfast စားဖို့ စောင့်နေလိမ့်မယ်
ကျွန်တော် ..မျက်နှာသွားသစ်လိုက်ဦးမယ် chanyeol ”ပြောပြီး Baekhyun ကတော့ ရေချိုးခန်းထဲဝင်သွားလေသည်။
ကျန်ခဲ့တဲ့ chanyeol မှာတော့ စူပုတ်စွာ သဝန်တွေတိုနေချက်
Hyun စကားပြောတိုင်း jim လေး jim လေးနဲ့
Jim လေးက အမြဲပါသည်
အမှန်ပြောရရင် chanyeol မကြိုက်ပါ
စိတ်သဘောထား သေးသိမ်တယ်ဆိုဆို .. သူခံနိုင်သည်။
သူ့ထက်ပိုပြီး အခြားတစ်ယောက်ကို hyun အရေးပေးတာ တကယ်ကို မုန်းမိတဲ့အထိ... ။
အမှန်ဆို ကိုယ်နဲ့ခွဲနေရတဲ့ လေးနှစ်ဆိုတဲ့အချိန်မှာလည်း hyun ရဲ့အနားမှာ jim ဆိုတဲ့သူကပဲ ကပ်နေမှာလေ
ကိုယ်တောင် hyun အနားမှာနေခဲ့ရတာ တစ်နှစ်မပြည့်ခဲ့တာ
Jim က လေးနှစ်တောင်
အခု hyun နဲ့အဆင်ပြေတော့လည်း jim က hyun အနားမှာ...။
![](https://img.wattpad.com/cover/159531677-288-k78926.jpg)
YOU ARE READING
♥Boss Baby♥ (( Completed ))
Fanfiction"ကျွန်တော့်ကိုချစ်လား... chanyeol" "ကိုယ်......." "ရပြီ... အဖြေကိုကျွန်တော်သိပြီ..... မဖြေပေးပါနဲ့တော့ " ChanBaek yaoi ((Zawgyi+Unicode))