♥40♥ (Final)

14K 867 82
                                    

((Zawgyi))

အိမ်ကြီးရှင် အသေးလေးက အောက်ဆင်းလာပြီး မီးဖိုခန်းထဲ ရောက်လာသည်။

"Arjumonim, နို့တစ်ခွက်လောက် ဖျော်ပေးပါနော် "

Arjuma က မနိုင်ဘူး ဆိုတဲ့ မျက်နှာနဲ့ ကြည့်ကာ..
ပြောလာသည်။

"Chanyeol လေး လက်ခံပါ့မလား baek လေးရယ်.. တော်ကြာ.. စိတ်ဆိုးနေဦးမယ် "

"အခုလေးတင် ဖုန်းဆက်ပြီးပါပြီ .. ဘာမှတော့ ပြန်မပြောပေမဲ့.. ဘယ်လိုပဲ ဖြစ်ဖြစ် ပြောပြီးပြီလေ..
ဘာမှ ပြန်မပြောတာ သူလက်ခံလို့ပေါ့ "

ယောက်ျားအကြောင်းပြောရင်းကနေ ခပ်သုတ်သုတ်အသံနဲ့...

"Arjuma မြန်မြန် နို့ဖျော်ပေးပါ... ကျွန်တော့် ကလေးတွေ ဗိုက်ဆာနေလောက်ပြီ "

"အေးပါကွယ် "

ရေခဲသေတ္တာထဲက ..အခုနမှ လောလောလတ်လတ် ပြေးဝယ်ထားရတဲ့ နွားနို့ဘူးကြီးကို ထုတ်ကာ.. အပေါ်ထပ်မှာ အသစ် ရောက်နေတဲ့ မိသားစုဝင် သုံးဦးအတွက်.. ကျိုပေးရတော့သည်။

______♥

အခန်းထဲ ဝင်လိုက်ချင်းပင် သားသမီးတွေကို နှုတ်ဆက်လိုက်သည်။

"ပါးပါး ကလေးတွေ ... ခဏလေးစောင့် . နို့သောက်ရမယ်နော် "

"Aigoo... ဗိုက်ဆာနေကြပြီလား ခဏလေးပဲ"

"နေစမ်းပါဦး.. အစာလည်း မလာသေးဘူးဆိုတော့ ..အရင်စစ်ဆေးရမယ် ..
မှန်းစမ်း...မင်းက အထီးလား အမလား "

ပြောပြောဆိုဆို... ကုတင်ပေါ် ခွေနေကြတဲ့ သုံးကောင်ထဲက.. မဲမဲပြောင်ပြောင် အကောင်ငယ်လေးကို ကောက်ကိုင်ပြီး အမြီးကို မြှောက်ကြည့်လိုက်သည်။

" ဟုတ်ပြီ.. မင်းက အထီးပဲ.. မင်း နာမည်ကို ...
အင်းးး..... မဲလုံး!!
မဲလုံး လို့ပေးရမယ် "

မဲလုံးအမည်ရ ကလေးကို အိပ်ရာပေါ် ပြန်တင်ပေးလိုက်ပြီးအိပ်နေတဲ့အဖြူ လေးတစ်ကောင်ကို လည်း အစောကလို.. အမြီးလှန်ကြည့်လိုက်သည်။

"အိုး အမပဲ.. ဆောရီး ဆောရီး..ပါးပါး.. ဖင်လှန်လိုက်တာ.. သမီးလေး ရှက်သွားပြီ
သမီးလေး နာမည်က ဖြူ လုံး ... မှတ်ထားနော် "

♥Boss Baby♥ (( Completed ))Where stories live. Discover now