♥❷❼♥

10.6K 946 72
                                    

((Zawgyi))

မနက်ခင်းတစ်ခု

အိပ်မောကျနေသေးတာတဲ့chan ရဲ့ မျက်နှာချောချောကို  မျက်တောင်မခတ်တမ်းကို ကြည့်နေလိုက်သည်၊

ကြည့်ရင်းနဲ့ နီစွေးပြီး ဖောင်းကြွနေတဲ့ နှုတ်ခမ်းထူထူကို ထိရုံလေး ထိပြီး...
တစ်ယောက်တည်း ရှက်ပြုံးတွေပြုံးကာ ရင်ခွင်ထဲတိုးဝင်လိုက်
ရင်ခွင်ထဲကနေ မျက်နှာချောချောကို ပြန်ကြည့်လိုက်နဲ့

တစ်ယောက်တည်း အလုပ်ရှုပ်နေတဲ့ baekhyun ရယ်ပါ

ပြန်ပြီးရင်ခွင်ထဲကနေ ခေါင်းလေးထောင်လာကာ
မျက်စိရှေ့မှာ မြင်နေရတဲ့ နှုတ်ခမ်းဖူးဖူးကို ထပ်နမ်းရန်
ထိလိုက်တော့
နှုတ်ခမ်းသားတွေကို ငုံထွေးပြီး
ပြန်နမ်းလာတဲ့ အနမ်းတွေကို ရလိုက်လေသည်။

”Chan နိုးနေတာကို မထဘဲနဲ့  ”

ခိုးနမ်းနေတဲ့ အချိန်မှာ နိုးနေရဲ့ နဲ့ မထဘဲ တမင်တသက်သက် အနမ်းခံနေတော့ ဒီက နမ်းတဲ့ သူကရှက်တာပေါ့ ဟွန့်

”ကိုယ်အိပ်နေတာပါနော်
နှုတ်ခမ်းပေါ်မှာ အိစိစိ ခံစားချက်ကြောင့် နိုးလာတာ ဘယ်သူ့လက်ချက်လဲ မသိဘူး ”

အကောင်ပေါက်ကလေးက မျက်စောင်းမမည်တဲ့ မျက်စောင်းတစ်ခု ထိုးလာသည်။

”ကိုယ့်ယောက်ျားပဲဟာ ခိုးနမ်းစရာလား
ပေါ်တင်နမ်းလဲ ရတယ် ဒီလိုမျိုး ”

Chanyeol ပြောရင်းနဲ့ လက်တွေ့ပါ ပြလိုက်တော့သည်။😎

♥♥♥♥♥♥♥........

မနက်စာကို hyunee က သူပြင်ပေးမယ်ဆိုပြီး အောက်ဆင်းသွားတာ နာရီဝက်တောင်ကျော်နေပြီ
အခုထိ ရပြီလို့လည်းလှမ်းမခေါ်သေး

Chanyeol ကိုမှာခဲ့သည်လေ
သူမခေါ်မချင်း အောက်မဆင်းလာပါနဲ့တဲ့

အဲ့တော့ ယောက်ျားကို ချစ်ရတဲ့chanyeol တို့ အခန်းထဲမှာ ငြိမ်ငြိမ် ကုပ်ကုပ်လေးထိုင်နေရတာပေါ့

တစ်ခါတလေ ဒုန်း ဂလုန်း ဆိုတဲ့အသံတွေလည်းကြားရသေး
မနက်စာပြင်နေတာလား စစ်တိုက်နေတာလားတောင် မသဲကွဲတော့

ဘာတွေများကြီးကြီးကျယ်ကျယ်ပြင်နေလို့ နာရီဝက်ကျော် ကြာနေတာလဲ မသိ...
စိတ်ပူတာရော သိချင်တာရောပေါင်းပြီး
သူခိုးခြေလှမ်းလှမ်းကာ လှေကားကနေ ဖြည်းဖြည်းဆင်းလာလိုက်တော့သည်။

♥Boss Baby♥ (( Completed ))Where stories live. Discover now