((Zawgyi))
ဆိုဖာပေါ်မှာထိုင်နေရင်းကနေ အခုဆို အိပ်ပျော်နေပြီးဖြစ်တဲ့ hyun ကိုchanyeol အလုပ်စားပွဲကနေကြည့်နေမိသည်။
ဆိုဖာအရှည်ပေါ်မှာ ခြေထောက်လေးတွေကွေးပြီး အိပ်နေတဲ့ hyun ကတကယ်ကိုပီဘိကလေးသဖွယ်။
ဆန္ဒအတိုင်းဆို hyun ကို ထပ်ပြီးခွဲစိတ်မှုခံယူစေပြီး သာမန်လူလိုပြန်နေစေချင်သည်။
Hyun ကိုကြည့်ရတာ ကိုယ့်ကိုကိုယ် ပိတ်လှောင်နေသလိုပင်။
အပြင်မထွက် ဘာမထွက်နဲ့ဆိုတော့...နှစ်ခါတောင် ရှုံးနိမ့်ထားတဲ့ ခွဲစိတ်မှုကိုနောက်တစ်ခါထပ်လုပ်ဖို့ ကြောက်နေမယ်ဆိုတာ သိတာကြောင့် ဘာမှမပြောနိုင်သေး။
Boiler ဖွင့်ထားပေမဲ့ အေးလိုထင် ခြေထောက်လေးတွေက ပိုကွေးလာသည်
လက်တွေကလည်း ကိုယ်ကိုပိုမိုထိကပ်လာသည်။အရင်က အလုပ်လုပ်ရင်း ညနက်တဲ့အချိန်တွေရှိတာကြောင့် အခန်းမှာအသင့်ဆောင်ထားတဲ့ စောင်အပါးတစ်ထည်က ဒီအချိန်မှာအသုံးဝင်လာခဲ့ပြီ....
စောင်ပါးလေးကိုယူကာ ဆိုဖာမှာကွေးကွေးလေးအိပ်နေတဲ့ hyun ကိုခြုံပေးလိုက်သည်။
"လက်က...."
ကွေးထားတဲ့လက်ဖမိုးမှာသွေးစအနည်းငယ်ထွက်နေတဲ့ ပွန်းပဲ့ဒဏ်ရာ ကိုတွေ့တာကြောင့် chanyeol ရင်ထဲဗလာင်ဆူမှုဖြစ်သွားသည်။
လက်ဖမိုးဖြူဖြူက သွေးစတွေဟာ အချိန်ကြာလင့်မှုကြောင့် ခြောက်ကပ်စပြုနေပြီ။
ဒဏ်ရာက ကြီးမားတာတော့မဟုတ်ပေမဲ့ chanyeol ရင်ထဲ စိုးရိမ်နေမိသည်။
ဆိုဖာနားမှာ ဒူးထောက်ထိုင်လိုက်ပြီး အံဆွဲထဲက wettissueထုတ်ကို ထုတ်ကာ hyun လက်ကိုဆွဲယူပြီး သွေးစတွေကို သုတ်ပေးနေလိုက်သည်။
အတွင်းရေးမှူးကို ဝယ်ခိုင်းလိုက်တဲ့ ဆေးထုတ်ထဲက အနာလိမ်းဆေးကိုထုတ်ကာ ပွတ်လိမ်းပေးတော့ စပ်လို့ထင် hyun ကိုယ်လည်း နည်းနည်းတွန့်လာသည်။
ဆေးလိမ်းပြီး ပလာစတာအကြည်လေးကို လက်ဖမိုးမှာကပ်ပေးလိုက်သည်။
ဆေးထည့်ပေးပြီးပေမဲ့ နေရာကမထဘဲ အိပ်နေတဲ့ hyun မျက်နှာလေးကိုခဏတာ ငေးကြည့်နေမိသည်။
VOCÊ ESTÁ LENDO
♥Boss Baby♥ (( Completed ))
Fanfic"ကျွန်တော့်ကိုချစ်လား... chanyeol" "ကိုယ်......." "ရပြီ... အဖြေကိုကျွန်တော်သိပြီ..... မဖြေပေးပါနဲ့တော့ " ChanBaek yaoi ((Zawgyi+Unicode))