♥❶❶♥

10.9K 1K 14
                                    

((Zawgyi))

"Hyunလက်ကလေ ဘယ်တုန်းက ဒဏ်ရာရထားတာလဲ
ကိုယ်ရုံးခန်းမှာတွေ့လို့ ဆေးထည့်ပေးထားတယ်
ပွန်းထားတာနဲ့တူတယ်
အစောကမေးမလို့ကို အခုမှသတိရလို့ "

Baekhyun အိပ်ရာဝင်ရန် ခြေလက်ဆေးကြောပြီးလို့ မှန်တင်ခုံရှေ့မှာ handcream လိမ်းနေတုန်း လက်ကဒဏ်ရာကို chanyeol မေးလာခဲ့သည်။

Chanyeol မေးမှ သူ့လက်လေးသူပြန်ကြည့်လိုက်ရင်း ခေါင်းခါပြလာသည်။

"ဟူး .....နမော်နမဲ့နဲ့ hyun ရာ
နောက်သတိထားနော်
ဒဏ်ရာမရစေနဲ
လက်နုနုလေးမှ အမာရွတ်စွဲသွားမှ ......
မဖြစ်ပါဘူး..
ဒီကိုလာ ကိုယ်ဆေးထပ်ထည့်ပေးမယ် "

ပြောရင်းနဲ့ ဘီဒိုပေါ်တင်ထားတဲ့ ဆေးသေတ္တာဘူးကြီးကို သွားယူလာပြီး
ထိုင်နေတဲ့ hyun ကိုလက်ကနေဆွဲခေါ်ကာ ကုတင်ပေါ်ထိုင်ခိုင်းလိုက်သည်။

အစကကပ်ပေးထားတဲ့ ပလာစတာလေးကိုခွာပြီး ဆေးကိုသေချာလိမ်းပေးနေသည်။

ဆေးလိမ်းပေးနေတဲ့ chanyeol ကိုကြည့်နေတဲ့ baekhyun မျက်ဝန်းတွေထဲမှာ မြတ်နိုးမှုတွေအပြည့်..

လက်ဖမိုးကို လေနဲ့မှုတ်ပေးနေတဲ့ chanyeol ရဲ့ နှုတ်ခမ်းတွေဟာ စုလိုက်ချွန်လိုက်

အသည်းယားမှုကြောင့်ထင်

ကြည့်နေတဲ့ hyunရဲ့ လက်တစ်ဖက်က chanyeol နှုတ်ခမ်းကိုထိတွေ့ချင်မှုကြောင့် အနားသို့ ရောက်သွားစဉ်

ခေါင်းမော့လာတဲ့ chanyeol ကြောင့်လက်ကလေထဲမှာ

ပြူးကြောင်ကြောင်လေးကြည့်နေတဲ့ chanyeol ကြောင့်
ခေါင်းခါပြကာ ရှက်လို့ အခန်းပြင်ပြေးထွက်လာခဲ့သည်။

♥♥♥♥♥Boss Baby♥♥♥♥♥

*ငါ ဘာလို့ chanyeol နှုတ်ခမ်းကို...
အနမ်းကြောင့်ရှက်နေသေးပါတယ်ဆို
ဘာလို့ထိကြည့်ဖို့ လုပ်လိုက်မိတာလဲ*

ရှက်ရှက်နဲ့ ရေခဲသေတ္တာထဲကရေဘူးတစ်ဘူးကိုယူကာ မော့ချလိုက်ပြီး
အခန်းထဲလည်းပြန်မသွားချင်သေးတာမို့
ခြံထဲဆင်းလာပြီး ဒန်းပေါ်မှာထိုင်ကာ မိုးကောင်ကင် ကြယ်တွေကိုမော့ကြည့်နေမိသည်။

လပြည့်ညမို့ လမင်းကြီးက ဝိုင်းစက်ကာ လင်းထိန်နေသည်။

*လမင်းကြီးက လူသားတွေအတွက် ထာဝရတည်ရှိပေးနေသလို
Chanyeol ကရော ငါ့အတွက်ထာဝရအနားမှာနေပေးနိုင်မှာလား
ချောချောလှလှ မိန်းကလေးတွေ့ရင် ငါ့လို့ ချို့ယွင်းချက်ရှိတဲ့ သူကိုပစ်သွားမှာလား *

♥Boss Baby♥ (( Completed ))Donde viven las historias. Descúbrelo ahora