((Zawgyi)).
”ယောက်ျားကို ဒုက္ခပေးပြီး ..အရမ်းကို ရယ်နေရတယ်ပေါ့ parkbaekhyun ”
အိစ်..တေပြီ...
အနောက်ကထွက်လာတဲ့ ကြိမ်းဝါးသံကြီးကြောင့် baekhyun လေး အလိုလို ခန္ဓာကိုယ်ကို ကျံ့ထားမိသည်။
လုပ်တုံးက လုပ်ပြီး
Chanyeol ကတော့ ခုံမှာပြန်ဝင်ထိုင်ပြီး.. စားလို့မရတော့တဲ့ ထမင်းကို ဘေးဖယ်ပြီး ဟင်းတွေသာ တူနဲ့ နှိုက်စားနေသည်။
မျက်မှောင်ကြီးက တွန့်ချိးလျက်...
၁၅ မိနစ်လောက် သူ့ကို စကားမပြောဘဲ နေပြီး အစားပဲ စားနေတော့ baekhyunee နေရခက်လာသည်။
မျက်နှာလေးကလည်းငယ်လို့...
”ယောကျာ်း~~~ ”
ချွဲကျိကျိ လေသံနဲ့ ခေါ်ကြည့်ပေမဲ့... အဖက်မလုပ်သူ ယောက်ျားကြောင့် baekhyunee လေး မတရားဝမ်းနည်းသွားလေပြီ... ။
မတ်တပ်ထရပ်ကာ. ယောက်ျားထိုင်နေတဲ့ဆိုဖာခုံက လက်တန်းမှာ မရမက ကပ်ထိုင်နေသည်။
တစ်နေ့တစ်ခြား ယောက်ျားလက်ချက်နဲ့ လုံးတစ်လာတဲ့ တင်ပါးကြောင့် လက်တန်းကျဉ်းကျဉ်းမှာ ကပ်ထိုင်ရတာသိပ်တော့ အဆင်မပြေလှ 😑”တိုတို ချာညောလ် ”
အမလေး.. ချွဲကျိနေတဲ့ မပီကလာအသံကြောင့် လျှာတောင် လုံးလာသလို..
သမာဓိအားကောင်းနေတဲ့ ယောက်ျားဖြစ်သူကို သိပ်မကြည်ချင်တော့...
လည်ပင်းကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်ပြီး.. မရရအောင် ပါးချင်းကပ်ထားလိုက်သည်။
”ပက်ကျိလား... ဒီလောက် လိုက်ကပ်နေတာ ”
မျက်စောင်းမမြည်တဲ့ မျက်စောင်းထိုးနေတဲ့ ယောက်ျားကြောင့် baekhyun လည်း ပြုံးစိစိ..
ခဏနေမှ... ဟုတ်သေးပါဘူး...အိမ်မှာထဲက အရင် စိတ်ဆိုးလာတာ ငါပါ
ဘယ်နဲ့ကြောင့် ကိုယ်က ပြန်ချော့နေရပါလိမ့် 😑😑”မေ့လို့... ယောက်ျားကို အရင်စိတ်ဆိုးလာတာ ကျွန်တော်ပါ
ဘယ်လိုဖြစ်ပြီး ယောက်ျားက စိတ်ဆိုးသွားတာလဲ ”နဂိုထိုင်နေတဲ့ ခုံမှာပြန်ဝင်ထိုင်ရင်း chanyeol ကိုမေးမိတယ်...
ESTÁS LEYENDO
♥Boss Baby♥ (( Completed ))
Fanfic"ကျွန်တော့်ကိုချစ်လား... chanyeol" "ကိုယ်......." "ရပြီ... အဖြေကိုကျွန်တော်သိပြီ..... မဖြေပေးပါနဲ့တော့ " ChanBaek yaoi ((Zawgyi+Unicode))