((Zawgyi))
တစ်ညလုံး ကုတင်ခေါင်းရင်းကိုမှီပြီးအိပ်နေတာကြောင့် တောင့်နေတဲ့ကျော အနည်းငယ်နာချင်ချင်ဖြစ်နေတဲ့ ပခုံးကိုဖိနှိပ်ရင်း baekhyun တစ်ယောက်မနက်ခင်းကိုအစပြုလိုက်ရတော့သည်။
chanyeol တစ်ယောက်ကတော့ ညကအတိုင်း အိပ်ပျော်နေတုန်း။
ခြေထောက်က အကြာကြီးဆန့်ထားရတဲ့အပြင်ပေါင်ကလည်းတစ်ညလုံး ခေါင်းအုံးအဖြစ်ခံအိပ်ထားတာကြောင့် နာလှပြီ။
သို့ပေမဲ့ မလှုပ်မိ။
တစ်ယောက်သောသူက အိပ်နေတုန်းမလား...နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ chanရဲ့မျက်နှာချောချောကို သေချာကို ကြည့်နေမိသည်။
မှိတ်ထားတဲ့ မျက်ခွံမို့မို့လေးတွေ ...
နှာခေါင်းမှာတည်ရှိနေတဲ့ မှည့်နက်လေးကိုအသည်းယားဖွယ် မနေနိုင်မထိုင်နိုင် တစ်ချက်ထိကြည့်လိုက်မိသည်။
နောက်.... ဖူးပြီးစိုနေတဲ့ နှုတ်ခမ်းထူထူကလည်း သူနဲ့လိုက်ဖက်လွန်းလှသည်။
သူ့မျက်နှာချောချောကို ကြည့်နေတုန်းမှာပဲ မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်နဲ့ နိုးစပြုလာတဲ့ chan...
မျက်လုံးတွေကိုပွတ်သတ်ရင်း ထထိုင်လာလေသည်။ထိုင်ရင်းနဲ့ ပခုံးကိုပြန်မှီကာ ပြန်အိပ်ဖို့ပြင်နေသေးလို့
နှိုးဖို့ပြင်ပေမဲ့"Hyun သိလား.
ကိုယ်အိပ်ရာနိုးတဲ့အချိန် hyun အနားမှာရှိနေလို့ တကယ်ပျော်တယ်
နိုးတဲ့ အချိန် hyun ရှိတာနဲ့တင် တနေ့တာအတွက်အားပြည့်ပြီ "မျက်လုံးလည်းမဖွင့် အမှီလည်းမပျက် ပြောလာတဲ့chan စကားတွေကြောင့် ရင်ဘတ်က အတိုင်းအဆမရှိခုန်နေပြန်ပြီ။
မဖြစ်သေး ရုန်းထွက်သင့်တယ်မလား...??
ဒီအခြေအနေကြီးက ....."နိုးရင်ထတော့
အလုပ်သွားရဦးမယ်မလား?...""အွန်းး
သွားချင်ဘူးရယ်
hyun နားမှာ ကော်လိုကပ်နေချင်တယ် "ပျင်းကြောဆန့်ပြီး ပြောလာတဲ့စကားတွေက လူသတ်လက်နက်လို
ဒီလူကို ရင်အခုန်လွန်ပြီး သေစေချင်နေတာလား chan ရယ်..."မျက်နှာသစ်ရအောင်
တူတူသွားမယ် "chanyeol ကတော့ပြောပြီး ကုတင်ပေါ်ကနေ သွက်လက်စွာဆင်းကာ
ဘေးနားကနေ ရပ်စောင့်နေသည်။
သူကတော့သွက်သွက်လက်လက်ဆင်းသွားတာ
မဆင်းနိုင်တာက ကိုယ်ပင်....
တောင့်နေတဲ့ ခြေတွေက ကွေးဖို့ကို ချက်ချင်း အလုပ်မလုပ်နိုင်သေး။
![](https://img.wattpad.com/cover/159531677-288-k78926.jpg)
ESTÁS LEYENDO
♥Boss Baby♥ (( Completed ))
Fanfic"ကျွန်တော့်ကိုချစ်လား... chanyeol" "ကိုယ်......." "ရပြီ... အဖြေကိုကျွန်တော်သိပြီ..... မဖြေပေးပါနဲ့တော့ " ChanBaek yaoi ((Zawgyi+Unicode))