ဘေးမှာအိပ်နေတဲ့ကောင်လေးမနိုးအောင် အိပ်ရာပေါ်က အသာထလိုက်ပြီး
ပါးဖြူ ဖြူ လေးကို အနမ်းတစ်ချက် အိပ်နေလို့ ဆူထော်နေတဲ့နှုတ်ခမ်းလေးကိုအနမ်းတစ်ချက်ပေးရင်း..ထိုအိပ်ပုတ်လေးအတွက် မနက်စာပြင်ရင် အောက်ထပ်ကိုသာ ဆင်းလာခဲ့တော့သည်။
မနက်စာကို ရိုးရိုးရှင်းရှင်း ပေါင်မုန့်ကြက်ဥကြော်နဲ့ နွားနို့ ပူပူလေးတစ်ခွက်ကို ပြင်ထားပြီး အပေါ်က အုပ်ဆောင်းအသေးလေးအုပ်ကာ စားပွဲပေါ်တင်ထားလိုက်သည်။
ဒီနေ့ Com.မှာ အရေးကြီး meeting ရှိတာကြောင့် စောစောသွားရမှာဖြစ်တဲ့အတွက် မနက်စာကို တူတူစားနိုင်မှာမဟုတ်...။မနက်စာပြင်ပြီးလို့ အခန်းကို တက်လာတော့
ကုတင်ပေါ်က အိပ်ပုတ်လေးက မနိုးသေး..။လုံးထွေးနေတဲ့ စောင်ကို ဖြန့်ထုတ်ကာ သေချာလေး ပြန်ခြုံပေးခဲ့လိုက်ပြီး
ရေချိုးရန် ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။^^^^^*♥:♥:♥*^^^^^
Chanyeol ရေချိုးပြီး ပြန်ထွက်လာတဲ့အထိ ကုတင်ပေါ်က အိပ်ပုတ်က ..
စက်တော်ခေါ်လို့ကောင်းတုန်း
ခွခေါင်းအုံးကြီးကို အတင်းဖက်ထားလိုက်တာများ
Chanyeol အမှတ်နှင့်လားမသိ... ။”အိပ်ပုတ်လေး ~~
ပြောတော့ အနားမှာ chan မရှိရင် အိပ်လို့်မပျော်ပါဘူးတဲ့
အခုများကြတော့ ဆင်အော်တောင်နိုးဦးမှာ မဟုတ်ဘူး
ပါးစပ်လေးကလည်း ဟလို့ ”Chanyeolတစ်ယောက် အိပ်နေတဲ့ ယောက်ျားကိုချစ်ရိပ်အပြည့်ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောနေလေသည်။
အိမ်းးးး ... ဆက်ကြည့်နေလို့ကတော့ ဒီတသက် Com.ရောက်ဖို့ လမ်းမမြင်..။
ယောက်ျားရဲ့ အလှမှာ နစ်မြောနေတာနဲ့... ။ခန္ဓာကိုယ်ပေါ်မှာ တွဲလွဲခိုနေတဲ့ ရေစက်တွေကို တဘက်နဲ့ သုတ်လိုက်ပြီး.
ဘီဒိုထဲက အနောက်တိုင်းဝတ်စုံတစ်ထည်ကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။နက်ခ်ကတိုင် ကို မချည်သေးလဲ လည်ပင်းပေါ်မှာသာ တွဲလောင်းကျလျက်သား...။
မှန်တင်ခုံပေါ်က ဂျယ်လ်ဘူးကိုယူကာ မှန်သေချာကြည့်ရင်း ဆံပင်ကို uphair လုပ်ပစ်လိုက်သည်။
![](https://img.wattpad.com/cover/159531677-288-k78926.jpg)
ESTÁS LEYENDO
♥Boss Baby♥ (( Completed ))
Fanfic"ကျွန်တော့်ကိုချစ်လား... chanyeol" "ကိုယ်......." "ရပြီ... အဖြေကိုကျွန်တော်သိပြီ..... မဖြေပေးပါနဲ့တော့ " ChanBaek yaoi ((Zawgyi+Unicode))