♥30♥

10.8K 879 76
                                    

((Zawgyi))

မနက် ၇နာရီ...

Chanyeol အတွက် အလုပ်သွားရန် ဒီအချိန်က အိပ်ရာထချိန်ဆိုပေမဲ့
ဘေးက ယောက်ျားပေါက်စရဲ့ အိပ်ရာထချိန်တော့ မဟုတ်ပေ.....

ယောက်ျားပေါက်စရဲ့ အိပ်ရာထချိန်ကတော့ ............
အင်းးးးးးးးး သူနိုးတဲ့အချိန်ပေါ့...

ဒါပေမဲ့လည်း ကိုယ်ကထရပြီး သူက အိပ်နေတာတော့ မဟုတ်သေး
ဒါ မမျှ တဘူးမလား...

အကြံဆိုးကြီးနဲ့အတူ..

"Hyun... "

နာမည်ခေါ်လိုက်ပြီး
လည်ပင်းသားလေးတွေကို မေးစေ့နဲ့ ပွတ်ပွတ်ဆွဲနေတော့ သူလေးခံနိုင်ရိုးလား

အကြောင်းကား
Shave မလုပ်တာကြာနေတာကြောင့်မေးစေ့မှ. အမွှေးစူးစူးလေးတွေ ပေါက်နေသောကြောင့်ပင်...

"Chan... "

အိပ်ချင်မူးတူနဲ့သာ ခေါ်နေတာ မျက်လုံးတွေက မပွင့်သေး

မထမချင်းလုပ်မယ်ဆိုတဲ့ အတွေးနဲ့ ပခုံးသားတွေကိုပါ မေးစေ့နဲ့ ထိကပ်နေ၏ ။

"Chan စိတ်မပုတ်နဲ့ကွာ
သူများ အိပ်နေတာကို "

ပြောရင်း စောင်ကိုအပေါ်ထိဆွဲကာ ဘေးတစ်ဖက်စောင်းပြီး အိပ်သွားပြန်သည်။

ယောက်ျားနဲ့ မနက်စောစော
ကြင်ကြင်နာနာ တစ်တီတူးလုပ်မယ်မရှိဘူး
အိပ်ဖို့ပဲတွေးနေတယ်
Parkbaekhyun အစုတ်ပလုတ်...

စောင်ကြီးကို ဆွဲချလိုက်တော့ ပေါ်လာတဲ့ ကိုယ်ဖွေးဖွေးလေး ...

"ParkChanyeol!!!!! "

ကိုယ့်လက်ချက်ကြောင့် လှနေတဲ့ ကိုယ်လေးကို ပြုံးပြီး တစ်စိမ့်စိမ့်ကြည့်နေတုန်း
အော်ခေါ်လိုက်တာ လိပ်ပြာလွင့်မတတ်ပင် ...

.......♥♥♥'''C ♥B'''♥♥♥........

ယောက်ျားအသေးလေးကို အိပ်ခန်းထဲကနေချီလာပြီး Bathroom ထဲရောက်တော့မှ
Sink ဘေးက counter ပေါ် တင်ပေးလိုက်သည်။
ပြီးမှ
ရေချိုးခန်းပစ္စည်းတွေထားတဲ့ ဘီဒိုအသေးလေးထဲက shaving cream ဘူးကို ထုတ်ပြီး ဘေးနားချပေးလိုက်၏ ။

"ဒါလုပ်ခိုင်းချင်တာများရိုးရိုးနှိုးလိုက်ပါလား ယောက်ျားရယ်
မထိတထိ လိုက်စနေတယ် တကတည်း "

♥Boss Baby♥ (( Completed ))Where stories live. Discover now