♥❸❽♥

8.6K 757 143
                                    

((Zawgyi))

ယောက်ျားဖြစ်သူနဲ့...Co.ကို လိုက်လာခဲ့သည်။

အကြောင်းအရင်းက... မြေခွေးအိုကြီးကို... မထိတထိ.. သွားစဖို့အတွက်..

”ယောက်ျား~~~ ”

ပစ်ချွဲချွဲအသံလေးနဲ့ ခေါ်လာတာ..chanyeol တို့ရင်ထဲ ပန်းတွေ ပွင့်နေရောပဲ..။

”Chanyeol ssi, baekbaek လေး ဗိုက်ဆာနေတယ် ”

အမယ်.. မသုံးစဖူးအသုံးတွေ..

Chanyeol 'လာခဲ့ ' ဆိုတဲ့ အဓိပ္ပါယ်နဲ့ လက်ယပ်ခေါ်လိုက်တော့.. ရုံးခန်းဆိုဖာပေါ်မှာ တင်ပါးနဲ့မထိုင်ဘဲ ခါးနဲ့ ငပျင်းထိုင် ထိုင်နေရာကနေ baekhyun ထလာသည်။

ပါးကို လက်ညိုး ညွှန်ပြလာတဲ့ chanyeol ကြောင့် baekhyun ကလည်း အလိုက်တသိ မွ ပေးလိုက်သည်။

မွ လိုက်တာနဲ့ လက်ထဲရောက်လာတဲ့ black card တစ်ကတ်

ဒီလို ယောက်ျားမျိုးရတာ baekhyun လေး ဘယ်ဘဝက ကုသိုလ်ကံပါလိမ့်...
အဟင်းအဟင်...ဂုဏ်တောင် ဆာတယ်

ဂုဏ်ဆာမှု အပြည့်အဝနဲ့... ခေါင်းမော့ ရင်ကော့ပြီး..Co.နားက cafe' တစ်ခုကို ဦးတည်လိုက်သည်။

မှန်ဘောင်ထဲက မုန့်အများအပြားကြား..ဘာစားရမလဲ မရွေးချယ်တတ်တော့
သင့်တင့်အောင်.. အကုန်လုံးကို နှစ်ခု စီ ယူလိုက်သည်။

ယောက်ျားနဲ့ မိမိ အတွက်..

ခဏအကြာ..ရလာတဲ့ မုန့်ထုပ်တွေကြား မိမိ ရူးသွားချင်မိသည်။
ဘယ်လို သယ်ရမတုန်း...ဒီလောက် အထုတ်တွေ အများကြီး.
နောက်ဆုံး ဆိုင်ဝန်ထမ်း တစ်ယောက်ကို ယောက်ျားရုံးခန်းထိ လိုက်ပို့ဖို့ ခေါ်လိုက်ရသည်။

Cafe' ထဲက အထွက် ဒီနေ့ ဆုံတွေ့ ချင်နေတဲ့ မြေခွေးအိုကြီးနဲ့ တိုက်တိုင်ဆိုင်ဆိုင် မျက်နှာချင်းဆိုင် တွေ့လေသည်။

”Annyeonghalsalyo, ဦးလေး ”

တွေ့ရတာ အရမ်းပင် ဝမ်းသာတဲ့ မျက်နှာနဲ့ baekhyun နှုတ်ဆက်လိုက်သည်။

Baekhyun ကို တွေ့တော့ နဂိုပျက်ရွင်းရွင်း ဖြစ်နေတဲ့ မျက်နှာကို ပြင်ရင်း ပြန်နှုတ်ဆက်လာသည်။
ထောင်ထဲ ရောက်သွားတဲ့..သားဇောနဲ့ ဘယ်စိတ် ပုံမှန် အခြေအနေဖြစ်နေမှာလဲ..
ဖုံးဖိပြီး လိုက်လို့် မရအောင်လည်း..baekhyun မနည်း ကြိုးစားထားရသည်လေ

♥Boss Baby♥ (( Completed ))Where stories live. Discover now