♥⑳♥

12.1K 991 74
                                    

((Zawgyi))

မှန်ပြတင်းချပ်မှာ မတ်တပ်ရပ်ကာ ကော်ဖီခွက်ကို လက်ကကိုင်.. အရသာခံသောက်ရင်း.. ပြတင်းမှန်ချပ်ကြီးကနေ မြင်ကွင်းမျိုးစုံကို ဘာရယ်မဟုတ်ကြည့်နေမိသည်။

ထိုအချိန် တံခါးဖွင့်ဝင်လာတဲ့ Jim...
သူ့ရဲ့ မူပိုင်ပုံစံအတိုင်း.. hyung ဆိုပြီး အသံကျယ်အော်ခေါ်ရင်း ဝင်လာလေရဲ့...။

Jim လေးရဲ့ ခေါ်သံကြောင့်.. မြင်ကွင်းတွေကိုကြည့်နေရင်းမှ ဒီဘက်လှည့်ကာ jim အပေါ်..အာရုံစိုက်မှု အပြည့်ပေးလိုက်ရင်း အခန်းအလယ်က ဆိုဖာစီကို လှမ်းလျှောက်လာရင်း ထိုင်လိုက်သည်။

တစ်ဆက်တည်း Jim လေးကပါ... ဆိုဖာရှေ့က တစ်ယောက်ထိုင်ခုံမှာ ဝင်ထိုင်လာသည်။

အလယ်မှာရှိနေတဲ့ စားပွဲခုံပေါ် သူနဲ့ တစ်ပါတည်းပါလာတဲ့ စာရွက်စာတမ်းအိတ်ကို လှမ်းတင်လိုက်ပြီး

”Hyung, လိုချင်တဲ့ စာချုပ်တွေ  ...
အခု Share အများဆုံက hyung ဖြစ်သွားပြီ ”

Jim တင်ပေးတဲ့ စာရွက်စာတမ်းတွေကို ယူပြီး တစ်ရွက်ချင်းလှန်ကြည့်တော့ share လွှဲပြောင်းပေးထားတဲ့ ဒါရိုက်တာတွေရဲ့ လက်မှတ်တွေကအထင်းသား
အင်းး လွှဲပြောင်းတာထက် .. အဖိုးအခ ကောင်းကောင်းပေးပြီး ဝယ်ထားတာဆို ပိုမှန်တာပေါ့ ...။

”Chanyeol hyung မှာရှိနေတဲ percent နဲ့သာပေါင်းလိုက်ရင်... hyung ကိုဘယ်သူမှ မကျော်နိုင်တော့ဘူး ”

”Gomawow Jim လေး
ဒါနဲ့ ငါ ဝယ်တယ်ဆိုတာ ဘယ်သူမှ မသိဘူးမလား

ဟိုအဘိုးကြီး သေချာပေါက် chan ကိုဖြုတ်ချဖို့ လုပ်ဦးမှာပဲ
အရင်တစ်ခေါက်က ငါတားလို့ရပေမဲ့
နောက်တစ်ခေါက် ထပ်ဖြစ်ရင် တားဖို့ share လိုတယ်
ငါ အများဆုံး share ရှင်ဖြစ်မှ chan ဥက္ကဌ ရာထူးမြဲမှာ...”

”စိတ်မပူနဲ့ hyung
share ဝယ်စုနေတာ hyung မှန်းဘယ်သူမှ မသိဘူး
အမေရိကားက လုပ်ငန်းရှင်လို့ပဲ သိထားကြတာ
ဒါနဲ့ hyung
ဒါရိုကိတာ ဂျို ဘက်မှာ အခြား ရှယ်ယာရှင်တွေရှိနေရင်ရာ...  ”

”ကိစ္စမရှိပါဘူး
jim ပြောသလို chan နဲပေါင်းလိုက်ရင် ငါကို ဘယ်သူမှ မယှဉ်နိုင်ဘူး
နောက်... appa ဘက်တော်သား ဒါရိုက်တာတစ်ဝက်က hyung ဘက်မှာရှိတယ် .”

♥Boss Baby♥ (( Completed ))Onde histórias criam vida. Descubra agora