♥❷❷♥

13K 998 93
                                    

((Zawgyi))

Chanyeol, အပြင်ထွက်ရအောင်... "

ကျွန်တော့်ကို ဖက်ပြီး ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး အိပ်နေတဲ့ သူက
မျက်နှာ မထွက်လာဘဲ အသံတိုးတိုးလေးနဲ့ ပြောလာလေသည်။

"ဘယ်သွားမလို့လဲ..
ပင်ပန်းနေတာကို အိပ်လေ hyun ရဲ့ "

ရင်ခွင်ထဲက အကောင်ပေါက်လေးကို ခပ်တင်းတင်းဖက်ရင်း ဆိုမိတော့
ရင်ခွင်ထဲက အကောင်ပေါက်လေးက အတင်းရုန်းထလာသည်။
ရုန်းထလာတော့ ကွာကျသွားတဲ့ စောင်ကြောင့်
ကျွန်တော့်လက်ချက်နဲ့ နီရဲနေတဲ့ အနီမှတ်လေးတွေက အပေါ်ပိုင်းမှာ အပြည့်
အဝတ်မကပ်သေးတော့ အားလုံးက အထင်းသား..

"လှတယ် "

"ဘာကို...."

မေးမယ်ပြင်ပြီးမှ... ကျွန်တော့်မျက်လုံးလားရာအတိုင်း သူလိုက်ကြည့်လာသည်။
ပြီးမှ ကျွန်တော့်ကြည့်နေတာသူ့အပေါ်ပိုင်း ဖြစ်နေတော့
အရှက်သည်းစွာ စောင်နဲ့ ပြန်ဖုံးအုပ်ပြီး
မျက်စောင်းထိုးလာလေရဲ့...
အဟက် အသည်းယားစရာ သူ့အမူအကျင့်လေးတွေ စတွေ့ ရပြီနဲ့တူတယ်...
အင်းးး အခုမှ ကျွန်တော့်ကမ္ဘာကြီး ပန်းတွေပွင့်တော့မယ်

"ထပြီး အဝတ်ဝတ်
အပြင်ထွက်ချင်တယ် "

"ဟုတ်ပါပြီဗျာ
အခုနထဲက ပြောနေတာ ဘယ်သွားချင်လို့လဲ "

စောင်ပုံထဲက ထပြီး အောက်မှာကျနေတဲ့ ဘောင်းဘီကို ဆွဲဝတ်ရင်း မေးမိတော့
စောင်ပုံထဲ ကျန်နေသေးတဲ့ hyunကမျက်နှာနီလာပြီး တစ်ဖက်လှည့်သွားလေ၏ ။

သူ့အပြုအမူလေးတွေကို သဘောကျစွာ ပြုံးမိရင်း
အဝတ်အစားတွေကို အမြန်ပဲ ဝတ်ဆင်လိုက်သည်။

ပြီးမှ ကုတင်ပေါ်ဖြည်းဖြည်းတက်ရင်း နောက်လှည့်ထိုင်နေတဲ့ hyun ကို နောက်ကနေ အသာလေးဖက်ထားရင်း

"ကိုယ် အကျီ ဝတ်ပေးရမလား hyun... "

ဒါလေးပြောတာကို နောက်လှည့်လာပြီး ပခုံးကို ဆက်ခနဲ လာကိုက်လေတယ်

"အ ...
နာတယ်
ခွေးလေးလား လိုက်ကိုက်နေရအောင် "

မျက်နှာချင်းဆိုင်ဖြစ်အောင် သူဒီဘက်လှည့်လာပြီး
ကျွနိတော့်ကို မျက်လုံးလေးမှေးပြီး ကြည့်ရော..

♥Boss Baby♥ (( Completed ))Donde viven las historias. Descúbrelo ahora