For Zawgyi
တိတ်ဆိတ်ပြီးအေးချမ်းလှသော လမ်းကလေး၏
အိမ်လေးတစ်လုံးရှေ့တွင် ရယ်သံအချို့က လွင့်ပျံနေသည်...အသံရှင်များမှာ ငယ်ရွယ်ချောမောကြသော ယောကျာ်းလေးနှစ်ဦး...တစ်ယောက်က ခြံတံခါးကိုမှီကာ ရပ်လျှက်ရှိပြီး တစ်ယောက်က မိုးပြာရောင် ပြိုင်ကားလေး ပေါ်ထိုင်လျှက်.....
""Mo Ji yoon!အခုထိ မပြီးနိုင်သေးဘူးလား"'
ပြိုင်ကား ပေါ်မှကောင်လေးက အိမ်လေးရှိရာသို့ လှမ်းအော်လိုက်သည်...ထိုအခါ ခြံတံခါးကို မှီရပ်ထားသော ကောင်လေးက ရယ်ကာ...
""သူကမိန်းကလေးပဲ..လှချင်မှာပေါ့ "'
""ဘယ်လောက် ပြင်ပြင် ရုပ်ဆိုးပါကွာ.."'
""အေး..ဟိုကကြားရင် ဆွေ့ဆွေ့ခုန် နေမယ်"'
ရယ်သံအချို့ထပ်မံကျယ်လောင်စွာ ထွက်ပေါ်လာပြန်၏
ခနအကြာမှ အိမ်ထဲကကောင်မလေးတစ်ယောက် စူစူအောင့်အောင့်နှင့် ထွက်လာကာ....""သွားမယ် သွားမယ်...နင်တို့ဟာလေ "'
မနက်ခင်းနေရောင်ခြည်၏အလှက ထိုကောင်မလေးပေါ် ဖြာကျလျှက်...အနက်ရောင် အကျီ်ပွပွကိုပေါင်လယ်လောက်သာ ရှိသော ဂျင်းစကပ်လေးထဲ ထည့်ကာ အချိုးအစားကျနစွာဝတ်ဆင်ထားပြီး သေးသွယ်သော ကိုယ်လုံးလေးကထင်ရှားလျှက်...
""ဝါး!ဒီကားက??"'
Mo ji yoonဟူသော သူမက မျက်စိရှေ့က ကားပြာလေးအား တအံ့တသြ ကြည့်လိုက်ပြီး အမေးရှိလာလေသည်....
""အဲ့တာSeokJinက ကျောင်းတတ်ရင်သွားဖို့ ဝယ်ထားတာတဲ့"
ခြံတံခါးကို မှီရပ်နေသော ကောင်လေးက ကိုယ်စားဖြေပေးလိုက်ကာ ကောင်မလေး၏ ခေါင်းလေးကို ပုတ်လိုက်သည်.....
""ကဲ!သွားမယ်...
Ji yoon ရှေ့လာထိုင်!"Jinဟူသော ကောင်လေးစကား အဆုံးတွင် သူတို့အသီးသီး ကားပေါ်တတ်လိုက်ကြသည်....
နေရောင်နွေးနွေးအောက်တွင် မိုးပြာရောင်ပြိုင်ကားလေးက မြှားလေးလို ပြေးလွှားလျှက်....
.
.
....................................အတန်းမတူသော Ji yoonကို လိုက်ပို့ပေးခဲ့ပြီးနောက် Namjoonနှင့် Jin သူတို့အတန်းဆီသို့ ယှဉ်ကာ လျှောက်လာခဲ့ကြသည်...
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...