35

4.5K 600 50
                                    

For Unicode

သစ်နွယ်ခက်တို့ ယှက်လိမ်ပေါက်နေသည့်
အုတ်တံတိုင်းကိုကြည့်ကာ Seok Jinသက်ပြင်းချလိုက်သည်။

စိမ်းမြအေးဆေးသော ထိုအိမ်ဂေဟာလေးက တစ်ချိန်က သူတံခါးမရှိဓားမရှိ၀င်ထွက်နိုင်ခဲ့သည့် မေတ္တာ နယ်နမိတ်..။

အားနာခြင်း‌တွေ စိုးထိတ်ခြင်းတွေနှင့်အတူ
စေ့ရုံသာစေ့ထားသော တံခါးငယ်ကိုတွန်းဖွင့်ကာ၀င်လာခဲ့သည်။

အရသာရှိလှသော ဟင်းရနံ့လေးပျံ့လွင့်နေကာ တစ်အိမ်လုံးဟာ တိတ်ဆိတ်ငြိမ်သက်နေသည်။

"ဦးလေး...ကျွန်တော့်ကို၀င်ခွင့်ပြုပါ"

ဧည့်ခန်းတွင် သတင်းစာကိုတည်ငြိမ်စွာဖတ်နေသော ဦးလေးက မျက်လုံးတစ်ချက်လှန်ကြည့်ကာ သတင်းစာကိုဘေးချလိုက်သည်။

မီးဖိုဘက်မှလှုပ်ရှားသံတွေရပ်သွားတာကို
Seok Jinသတိထားမိတော့စိတ်ထဲမကောင်းလှ။

"ငါတို့ခေါ်မိသလား"

မျက်နှာကိုတစ်ချက်လွှဲရင်း
ဩဇာအပြည့်ညောင်းသော အသံနှင့်ခပ်ထေ့ထေ့ပြောသည်။

"ကဲပါ..လာမှတော့၀င်ထိုင်ပါစေအုံး"

မီးဖိုခန်းမှထွက်လာသော အန်တီက
၀င်ပြောရင်း သူ့ကိုမေးဆတ်ပြသည်။
အပြုံးချိုတွေမမြင်ရတော့ပေမဲ့ မေတ္တာ‌တွေကိုခံစားမိနေဆဲ..

"နေကောင်းရဲ့လား အန်တီ..
ပိန်သွားတယ်"

"စိတ်ဆင်းရဲလို့ဖြစ်မှာပေါ့"

ဘေးကလှောင်သံနှင့်စကားကို သူအသံတိတ်ခေါင်းညိမ့်စွာနာခံမိသည်။

တစ်ဦးတည်းသောအဖိုးတန်သားကို
ဆွဲထုတ်ခဲ့မိတာသူပဲ..
မိသားတစ်စုကို ခွဲသလိုဖြစ်ခဲ့တာသူ့ကြောင့်

"ကျွန်တော့်ကို ခွင့်မလွှတ်ရင်တောင်
Namjoonကိုတော့ ခွင့်လွှတ်ပေးပါ..
သူဒီနှစ်တွေမှာ ဦးလေးတို့ကိုအရမ်းသတိရနေခဲ့တာ"

ရှေ့မှ မျက်ရည်ဝဲစပြုနေသော
မိဘနှစ်ပါးအား Seok Jinမလုံလဲစွာကြည့်လိုက်သည်။

"သတိရနေတယ်ဆိုတဲ့ သားက
အိမ်ကိုတစ်ခါမှတောင်မလာခဲ့ဘူးနော်"

Hey Bro!Where stories live. Discover now