36

4.5K 579 86
                                    

For Unicode

"‌ဟိုင်း"

‌တံခါးခေါက်သံ ပင်အချက်မပေး
စိတ်ရှိသလိုလို တွန်းဖွင့်၀င်လာသော Seok Jinကို Namjoon အကြည့်တစ်ချက်သာ
ပို့လွှတ်ရင်း မျက်လုံးတို့ကိုပြန်မှိတ်လိုက်သည်။

ရင်းနှီးနေသော ကိုယ်သင်းနံ့တစ်ခုနှင့်အတူ
Seok Jinသူ့နံဘေးရောက်လာပြီဆိုတာခံစားသိရှိလိုက်၏။

"Joon မင်း နေမကောင်းလို့လား"

"ခေါင်းနဲနဲကိုက်ရုံပါ"

Namjoonနားထင်ကိုလက်နှင့်ဖိနှိပ်ရင်း
ပြန်ဖြေလိုက်သည်။ထို့‌‌ေနာက်အနားရောက်နေသော
Seok Jinကိုယ်အားဆွဲဖက်ကာ
ခေါင်းကိုအမှီပြုလိုက်သည်။

ဆေးတစ်ခွက်ထက်ပို၍
ဤလူသားကပို၍ထိရောက်သည်။

"ပင်ပန်းလား"

Seok Jinက သူ့ဆံပင်တွေကိုလက်ချောင်းတွေဖြင့်ခပ်ဖွဖွထိသပ်ပေးရင်းမေးသည်။ ကြားရခဲသော လေးနက်သည့်အသံက တည်ငြိမ်သောရေပြင်လို။

"အေး..ဒါပေမဲ့ဘ၀ဆိုတာလဲပင်ပန်းမှပျော်စရာကောင်းမှာပဲလေ"

Namjoonအတွေးတွေကိုသူနားမလည်
သူသိတာက ချစ်သောသူပင်ပန်းတာကိုမြင်ရတာမနှစ်သက်..ဒါပဲဖြစ်သည်။။

"ပင်ပန်းရင်နားကြစို့..
ငါတို့ ခရီးထွက်ရအောင်"

Namjoonကသူ့ကိုမှီနေရာမှာ ခွာကာ စူးစမ်းသလိုကြည့်လာသည်။

"ဘယ်သွားချင်လို့လဲ"

"အဲ့လိုမရှိဘူး မင်းနဲ့ခရီးထွက်ချင်တာ"

Namjoonမျက်နှာပြုံးရိပ်လွှမ်းသွားသည်။
ယစ်မူးဖွယ်ဝိုင်ချိုလိုပါးချိုင့်ထင်းထင်းတွေကို Seok Jinမြတ်နိုးစွာထိတွေ့လိုက်သည်။

"သွားမယ်မှလား ဟေ့ကောင်"

ပြုံးပြုံးကြီးနှင့်ဘာစကားမှမဆိုတော့သော
Namjoonအား လက်သီးဖြင့်ခပ်ဖွဖွထိုးကာမေးလိုက်သည်။

"ထူးဆန်းလိုက်တာ မင်းသိလား Jin"

စကားပြောအရှိန်ပျက်မည်စိုး၍ Seok Jin မေးသာဆတ်ပြကာ နားထောင်လိုက်သည်။

"ငါခေါင်းမကိုက်တော့ဘူး"

အတည်ပေါက်နားထောင်နေသည့်
Seok Jinပါးစပ်မှဆဲသံများထွက်လာသည်။ သူကခရီးအကြောင်းပြောမည်မှတ်၍ အာရုံစိုက်နားထောင်နေတာကို...။

Hey Bro!Where stories live. Discover now