For Zawgyi
တချို့တွေအတွက် ကျောင်းသားဘဝသည် ပျားရည်အတိနှင့်ချိုမြနေမလား မသိပေမဲ့ Namjoonအတွက်ကတော့ တော်တော်လေး ကို ကသီလှသည်...
အချိန်ပိုင်းလုပ်ပေါင်းများစွာနှင့် ကျောင်းစာကြားတွင် သူဟာပျော်ရွှင်မှုကိုပင် ရှာဖို့မေ့နေခဲ့သည်အထိ..
နံဘေးတွင်ရှိသည့် ချစ်ရသူကိုတောင် ရင်ခုန်ချိန်သိပ်မပေးနိုင်ပါ....ညက အတော် ညနက်မှအိပ်မိသဖြင့်
မျက်လုံးတွေက စပ်ဖျင်းဖျင်းဖြစ်နေသည်.
သို့သော် ဆူညံနေသော အတန်းကြောင့် Namjoonအိပ်မပျော်ပါ....
ထို့ကြောင့် မျက်လုံးတို့ကိုသာ မှိတ်ကာ အနားပေးနေလိုက်သည်....""Namjoon!မင်း အိပ်နေတာလား"'
နောက်မှခုံကိုခြေထောက်နှင့်ဆောင့်ကန်၍မေးလာသူက တခြားသူမဟုတ် သူ၏ချစ်သူငယ်ချင်းကြီး Kim Seok Jin!
""အဲ့လောက် ငြင်ငြင်သာသာ မမေးနဲ့လေ"'
Namjoonလှည့်မကြည့်ပဲ ပြောလိုက်တော့ နောက်မှ ရယ်သံသဲ့သဲ့ကြားရသည်..
""အတန်းမတတ်နဲ့တော့ကွာ..ငါတို့အပြင်သွားရအောင်"'
Namjoonထိုအခါမှမျက်နှာကို Seok Jinဘက်သို့လှည့်ကာ ကြည့်လိုက်သည်...Seok Jinကဘယ်လိုလဲဟူသော ပုံဖြင့် မျက်ခုံးတို့ကိုပင့်ပြလေ၏...
""မဖြစ်ဘူး!အခုသင်မဲ့ ဘာသာ ငါသိပ်မရဘူး"'
"""တခါတလေ ပဲကိုကွာ...မင်းကလဲ"'
အလိုမကျဟန်သုံမှူန်သွားသော Seok Jinမျက်နှာကိုကြည့်ကာ Namjoonရယ်ချင်လာသည်..ဒီကောင်က စိတ်အလိုမကျလျှင် မျက်နှာမှာ အတိုင်းသားကိုပေါ်လာတတ်တာ....ဟန်ဆောင်တတ်သူမဟုတ်...
""ချီးမို့ ရီတာလား"'
စိတ်မကြည်တော့သည်နှင့် Seok Jinဆီမှဖရုသဝါစာ စကားတွေက တန်းစီထွက်လာလေတော့သည်...
""အေးပါ...သွားမယ် သွားမယ်..
ဒါနဲ့ ကျောင်းဆင်းချိန်ကွက်တိပြန်မယ်နော်
ငါစာသင်စရာရှိသေးတယ်"''ထိုအခါမှ Seok Jinမျက်နှာက ရွှင်လန်းလာကာ ဝါးလက်စပီကေကို ပူဖောင်းတစ်ချက်မှုတ်လိုက်ရင်း ခေါင်းညိမ့်ပြသည်...
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...