For Zawgyi
Namjoonမိဘတွေ၏ အကြံပေးမှုကြောင့် စာမေးပွဲဖြေနေစဉ် ကာလအတွင်း သူတို့အိမ်မှာပဲ နေဖို့ Seok jinသဘောတူလိုက်ရသည်...
စာကြည့်နေစဉ် မရိုးနိုင်အောင် မုန့်မျိုးစုံလုပ်လုပ်ကျွေးကာ သူ့အားသားအရင်းနှင့်မခြား Namjoonအမေကဂရုစိုက်သောကြောင့် အားနာရသည်အထိပင်...
တစ်ဖက်ကလည်း သူ့စိတ်နှလုံးသားလေး နွေးထွေးပြည့်စုံရ၏....
"Jin!ရော့ မင်းမှာတဲ့ ငါးပေါင်မုန့်"
သူ ဘောပင်လေးကိုကိုင်ကာအတွေးလွန်နေစဉ် ဘယ်တုန်းကရောက်လာမှန်းမသိသောNamjoonကမုန့်ထုတ်ကို စားပွဲခုံ ပေါ်သို့ပစ်တင်ပေးလိုက်သည်...
"ဖြေးဖြေး သာသာပြောပါ..ငါနားမလေးပါဘူး"
Namjoonကဝယ်လာသောအကြမ်းစာအုပ်တစ်ထပ်ကို ခုံပေါ်တင်လိုက်ပြီး စားပွဲစွန်းပေါ် ဝင်ထိုင်လိုက်၏...
"သူများတွေကကစာမေးပွဲတွင်း စိတ်ဖိစီးလို့ ပိန်ချုံးကုန်တာ ...မင်းက..'"
ပြောနေရင်း စကားရပ်သွားသဖြင့် သူငါးပေါင်မုန့်ကိုငုံ့ကိုက်နေရာမှ မော့ကြည့်လိုက်သည်...
"ဘာလဲ..ငါက?"
Namjoonက မျက်နှာကိုတစ်ဖက်မြန်မြန်လွှဲကာချောင်းဟန့်ရင်း စားပွဲပေါ်မှဆင်းလိုက်သည်..ထို့နေုာက် နာရီကိုကြည့်ရင်း
"ခနနေ ညနေစာစားရတော့မှာ မုန့်တွေတအားစားမနေနဲ့..."
ထုံးစံအတိုင်းဆရာကြီးလုပ်ပြီးသည်နှင့်ထွက်ရန်ပြေးနေသော Namjoonလက်ကို သူအမိအရဆုပ်ကိုင်လိုက်ပြီး..
"ဟေး..စကားမလွှဲနဲ့ငါ့ကောင်.!ငါကဘာဖြစ်လဲ"
"မင်းကအရူးလေ.."
"Kim Namjoon!!"
နောက်ကSeok Jin၏ အော်သံကိုကြားသော်လည်း သူတဟားဟားအော်ရီကာထွက်လာခဲ့လိုက်သည်...အခန်းအပြင်ရောက်မှ သူ့ရင်ဘတ်ကိုလက်နဲ့ဖိကာသက်ပြင်းတစ်ချက်ရူရှိုက်မိသည်..
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...