19

5.2K 733 29
                                    

For Zawgyi

နောက်​ဆုံး​တော့ ဝန်​စည်​စလွယ်​တစ်​ခုလို ပုခုံးထမ်းတင်​ထားရတဲ့ စာ​မေးပွဲ ကလည်းကုန်​ဆုံးသွားခဲ့ပြီ...

လွတ်​လပ်​​ပေါ့ပါးစွာ အလျိုလျိုဖြင့်​ ထွက်​လာကြ​သော ​ကျောင်းသူ​ကျောင်းသား​တွေကြားမှာ Seok Jin တစ်​​ယောက်​ Namjoonကိုရှာ​နေမိသည်​..

သူစာ​မေးပွဲခန်းထဲကအရင်​ထွက်​ခဲ့ကာ သန့်​စင်​ခန်းသွား​နေသည့်​အချိန်​တွင်​ Namjoonဘယ်​​ရောက်​သွားသည်​လဲမသိ..

ကျောပိုးအိတ်​ထဲက ဖုန်း​လေးကိုထုတ်​ကာ ​ခေါ်​လိုက်​​တော့လည်း ကိုင်​ခြင်းအလျင်းမရှိ​ချေ..

"ငါ့များလိုက်​ရှာ​နေတာလားမသိဘူး"

မှုန်​​တေ​တေနှင့်​​ရေရွတ်​လိုက်​ရင်း တဆက်​ထဲမှာပင်​ပြုံးမိသွားသည်​... သို့​သော်​ သူ့အပြုံးကကြာရှည်​မခံလိုက်​ပါ..ခပ်​လှမ်းလှမ်းမှ သူ့ထံ​လျှောက်​လာ​သော Namjoonနှင့်​ Ji yoonကို​တွေ့လိုက်ရတာ​ကြောင့်​ဖြစ်​သည်​..

Ji yoonကNamjoonလက်​​မောင်းကိုမှီတွဲကာ အူလှိုက်​သည်းလှိုက်​ရယ်​​မော​နေ​လေသည်​..
သူ့အနား​ရောက်​လာ​တော့ Ji yoonကလက်​လှမ်းပြကာ...

"Seok Jin!​ ဒီညသွား​သောက်​ရ​အောင်​.."

သူမ​ဖြေ​သေးပဲ Namjoonကိုတစ်​ချက်​လှမ်းကြည့်​လိုက်​​တော့ မ​ရေရာသည့်​မျက်​လုံး​တွေနှင့်​သာ ပြန်​လည်​အ​ဖြေ​ပေးသည်​...

"Namjoon​ကသ​ဘောတူပြီးပြီ..စာ​မေးပွဲ ပြီးတဲ့​နေ့ပဲကို..​နော်​"

ရှေ့မှ အသံ​လေးကို ညုကာ​ပြော​နေ​သော Ji yoonပုံစံက တကယ်​ က​လေးဆန်​ကာ
ချစ်​စဖွယ်​​ကောင်းသည်​...
ဒီမိန်းက​လေးဆန်​ဆန်​အပြုအမူအ​ပြောအဆို​လေး​တွေမှာ Namjoon​ကြွေမယ်​ဆိုလည်း​ကြွေချင်​စရာပါပဲ..သူတတ်​နိုင်​သည့်​အရာလည်းမဟုတ်

"Seok Jin..ငါ​ပြောတာကြားလား."

သူအ​တွေးလွန်​​နေစဉ်​ Ji yoonက လက်​ယမ်းကာ​ပြောလိုက်​တာမို့ ​ခေါင်းကိုငြိမ့်​ပြလိုက်​ကာ

"အင်း..သွားကြတာ​ပေါ့.."

သူအ​ဖြေ​ပေးပြီးသည်​နှင့်​ တိတ်​ဆိတ်​​နေ​သော Namjoonက သူ့ပုခုံးကိုလှမ်းဖက်​လိုက်​သည်​..
ထို့​နောက်​ Ji yoonကိုကြည့်​လိုက်​ရင်း..

Hey Bro!Where stories live. Discover now