For Zawgyi
တစ်ခါတစ်လေတော့
Namjoonတကယ်သိချင်မိသည်..
တစ်ချို့စုံတွဲတွေ ဘယ်လိုပြောဆိုဆက်ဆံကြတယ် ဆိုတာကို...သူတို့နှစ်ဦးကတော့ သူငယ်ချင်းကနေ အလိုလိုနေရင်းအူတူတူနှင့်အဆင့်တတ်သွား၍ပဲလား ယောကျာ်းလေးနှစ်ဦးဖြစ်နေ၍ပဲလားတော့မသိ ကြည်နူးစရာဆိုတာလက်ချိုးရေ၍ရသည်...
စကားချိုချိုလေးပြောဖို့ပြင်လိုက် တိုင်း
ပါးစပ်ကကော်ကပ်ထားသလိုမထွက်လှ..
စိတ်ပါလက်ပါပြောမိခိုက်တွေမှာ သကောင့်သားက အာပြဲလျှာပြဲနှင့်ထ ထရယ်တတ်သေးသည်..မည်သို့ပင်အချိုးမပြေပါစေသူSeok Jinကိုချစ်သောအမှန်တရားကတော့ ခိုင်မာနေဆဲ...
.
."Joon မနေ့က မင်းကိုMo Ji yoonနဲ့တွေ့လိုက်သလားလို့"
မကျေမလည်မေးသော အမေးမျိုးမဟုတ်..ပုံစံက
သတိရလို့မေးလိုက်သော ပေါ့ပေါ့ပါးပါးဟန်သွင်ရှိသည်.."ဟုတ်တယ်....ကျောင်းပေါက်ကကော်ဖီဆိုင်နားမှာတွေ့တာ.."
Seok Jinတစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ဆရာလာသဖြင့်သူတို့စကားစပြတ်သွားခဲ့ကြရ၏....Namjoonကတော့ သူမြတ်နိုးပျော်ဝင်ရသည့်ပါးချိုင့်တည်သည့်အပြုံးတို့ကိုပြုံးပြကာရှေ့သို့ပြန်လှည့်သွားသည်. .
ထိုအခါမှ Seok jinသူ့ရင်ဘတ်ပေါ်သို့လက်တစ်ဖက်ကိုတင်ကာ သက်ပြင်းခိုးချမိ၏....
ရင်တွေအရမ်းပူနေတယ်.....
.
.
.
.
အတန်းပြီးသည်နှင့်အားကစားပွဲတော်အတွက် တိုင်ပင်ရန် ဆရာကသူတို့၏အတန်းခေါင်းဆောင်ဖြစ်သော Namjoonကိုခေါ်သွားလေ၏..သူလည်းတစ်ယောက်ထဲပျင်းလှသောကြောင့်
ကျောင်းရှေ့က Coffeeဆိုင်လေးဆီထွက်လာခဲ့သည်...ရာသီဥတုအေးသောကြောင့် Coffeeဆိုင်လေးဟာခါတိုင်းထက်ကိုပို၍လူစည်ကားနေလေသည်...လူတွေရှုပ်နေတာကိုမြင်တာကြောင့် သူမဝင်တော့ပဲလှည့်ထွက်မည်ပြင်တော့...
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...