For Zawgyi
အအေးဓာတ်က ယခုရက်ပိုင်းအတွင်းတွင် တော်တော်လေးအကဲပိုလာသည်...
မနက်ခင်းဆိုမြူခိုးဝေကာ ဖွေးလွလွနှင်းဆုပ်ကလေးများ တဖွဲဖွဲ ကျနေကြလေ၏..အအေးပိုလာမှုကြောင့် အဖွားတို့အား
ဂရုစိုက်ပြုစုရန် အမေနှင့်အဖေ က အီဆန်သို့ မနေ့ကပင် သွားကြသည်...ခေါက်ဆွဲဗူးတစ်ငွေ့ငွေ့ကိုမှုတ်သောက်ရင်း Namjoonပျင်းရိလေးတွဲ့စွာ အပြင်ဘက်မှနှင်းများကို ငေးကြည့်မိသည်...
ဒါပထမဆုံးနှင်းတော့မဟုတ်တော့...
ဘယ်တုန်းကပထမဆုံးနှင်းကျလဲသူမသိလိုက်ချေ.....ထိုပထမဆုံးနှင်းအကြောင်းမှအစပြုကာ သူ့စိတ်တွေက လွန်ခဲ့သော အတိတ်ကာလဆီကိုပြန်လည်အလည်ပတ်ရောက်ရှိသွား၏..
မှတ်မှတ်ရရ ထိုနေ့က ညခင်းပိုင်း အချိန်..
Seok Jinနှင့် သူ Ji yoonကိုလိုက်ပို့ခဲ့ပြီး သူ့အိမ်ရှိရာသို့လမ်းလျှောက်ပြန်လာသောအချိန်ဖြစ်သည်...ထိုအချိန်တွင်တိုက်ဆိုင်စွာပင် ပထမဆုံးနှင်း မြူမှုံတို့နှင့် ဆုံဖူးခဲ့၏...
အတွေးကဗျာဆန်သောNamjoonက"ဟား..ဒါပထမဆုံးနှင်းပဲ..Seok Jinကြည့်စမ်း"
"အေး..နှင်းပဲ"
တုံးတိဖြေလိုက်သောစိတ်ပါဝင်စားမှု မရှိသောထိုအသံကို Namjoonသဘောမကျလှသောကြောင့်
"ဒါဒီနှစ်ရဲ့ ပထမဆုံးနှင်းနော် ဟေ့ကောင်"
"အေးလေ...ဘာဖြစ်တုန်း ပထမဆုံးဆိုတော့
ပြီးရင် ဒုတိယတွေ တတိယတွေလာအုံးမှာပဲ..
နှင်းကနှင်းပါပဲကွာ..ဘာတွေထူးဆန်းစရာပါလဲ""မင်းပြောတာလဲ ဟုတ်သလိုလိုရှိသား.."
ထိုအချိန်မှစကာ သူပထမဆုံးနှင်းကျချိန်ကိုမမျှော်တတ်တော့တာထင်သည်....ပြန်တွေးကြည့်တော့ စိတ်ကရယ်ချင်လာသလိုလိုပင်..
ထိုကတည်းကSeok Jinစကားလေးတစ်ခွန်းက သူ့အပေါ်လွှမ်းမိုးနိုင်ခဲ့တာပင်...
.
.
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...