For Zawgyiခါတိုင်းဆိုလျှင် Seok jinကကားနှင့် လာလာခေါ်သဖြင့်
ကျောင်းသွားကျောင်းပြန်က စိတ်မပူပင်ရ..
သူတို့ ပြသနာ အပြီး နောက်ပိုင်း Namjoonတစ်ကိုယ်တော် နေလာသည်မှာ
ပထမနှစ်စာမေးပွဲတောင်ဖြေရတော့မည်ဖြစ်သည်...ကလေးဆန်သည်ပဲဆိုဆို Namjoonဘက်ကတော့အရင်စအလံဖြူမထောင်ချင်...
ကိုယ်က ခင်မင်မှုသံယောဇဉ်တစ်ခုထဲကိုသာ လက်ကိုင်ပြု၍ပေါင်းသင်းလာခဲ့သည်ကို ထိုအရှိန်အဝါဂုဏ်တွေကြောင့်ဟု အထင်မမှတ်စေချင်တာလည်းပါ၏..Busကားမှီအောင် အိမ်ကမှစောစောထွက်လာရင်း
လက်တစ်ဖက်ကအမေထည့်ပေးလိုက်သော ပေါင်မုန့်ကို အဆာပြေဝါးနေမိသည်..
Ji yoonတို့လမ်းရှေ့ရောက်တော့ တစ်ချက်ဝေ့ကြည့်လိုက်ရင်း သူမကိုရှာမိသေး၏...
Seok jinသူမကိုလာခေါ်မှာသေချာပါသည်.....
.
.
.......................Namjoonကျောင်းကိုရောက်တော့ အတော်ပင်စောနေသေးသည်..အတန်းထဲတွင် လူက ကွက်တိကွက်ကြားနှင့်ခြောက်ကပ်တိတ်ဆိတ်လျှက်....
ခပ်ပျင်းပျင်းရှိသည်နှင့် နားကြပ်လေးတပ်ကာ အတန်းပြင်သို့ထွက်လာခဲ့တော့ အတန်းဆီလျှောက်လာနေသော Seok jinအား လှမ်းမြင်လိုက်ရသည်..
သူ့ဝသီအတိုင်း ပီကေကို ဝါးလျှက်...Namjoonမမြင်ယောင်ပြုကာ ကျော်လာခဲ့တော့ Seok jinကလည်းလှမ်းမခေါ်ပါ....
တစ်ချိန်က လည်ပင်းဖက်ပေါင်းလာကြသော သူငယ်ချင်းနှစ်ယောက်ပါဟုပြောလျှင် ယုံစရာမရှိ...Jinအတန်းထဲသို့ဝင်ခါနီး နားကြပ်တပ်ကာ အေးအေးဆေးဆေးလျှောက်သွားသော Namjoonကျောပြင်ကို ကြာမြင့်စွာ စူးစိုက်ကြည့်နေ၏...
ခပ်ထူထူနှုတ်ခမ်းရဲရဲတို့က တင်းတင်းစေ့လျှက်
အလိုမကျဟန် အပြည့်ဆောင်ကာ တစ်ချက်တွန့်ကွေးလိုက်သည်...သို့သော် မုန်းတီးခြင်းလျင်းမရှိ....
.
.
...................................အတန်းရှေ့ပြတင်းပေါက်နေရာ၌ ကျောင်းသားတစ်စုက စကားလက်ဆုံကျနေကြသည်....
ရယ်မောသံတွေဆူညံပြီးစနောက်နေသံတွေက တစ်တန်းလုံးလျှံထွက်တော့မတတ်ပင်....
ထိုအုပ်စုထဲတွင် Namjoonကပြတင်းကပေါက်ဘောင်ပေါ်တတ်ထိုင်ထားကာ တပြုံးပြုံးနှင့်...
YOU ARE READING
Hey Bro!
أدب الهواةသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...