For Zawgyi
ညနေမှောင်ရီပျိုးစအချိန်ကို Namjoonသိပ်ကြိုက်သည်...ညိုဖျော့ဖျော့ကောင်းကင်တွင် ပန်းနုရောင်တိမ်မျှင်အချို့ ယှက်ပြေးလျှက် ထွက်ပြူစလမင်းကိုနှုတ်ဆက်နေကြသည်.....
အချိန်ပိုင်းအလုပ်လုပ်သော ကော်ဖီဆိုင်မှအပြန်တွင်တော့ သူအတော်လေးဗိုက်ဆာနေခဲ့ပြီဖြစ်သဖြင့် ထိုအလှအပတွေကိုသိပ်မခံစားနိုင်တော့..အိမ်မြန်မြန်ပြန်ရောက်ဖို့သာ ခြေလှမ်းတွေကိုအသော့နှင်နေရတော့လေသည်....
ထိုစဉ် အိတ်ကပ်ထဲမှဖုန်းလေး၏ တုန်ခါမှုကြောင့် သူခနမျှရပ်ကာ ဖုန်းကိုကိုင်လိုက်သည်...
"ဟေး..မင်းဘယ်မှာလဲ"
"လမ်းပေါ်မှာ"
အသံရှင်ကိုဘုကဘောက်ဖြေပြီးနောက် သူတိုးသက်စွာပြုံးလိုက်မိသည်...
တကယ်လို့ သူ့ချစ်သူ သာမိန်းကလေးတစ်ယောက်ဆိုလျှင် ဒီအဖြေက စိတ်ဆိုးနိုင်စရာပင်...ချစ်သူ..?ဒီစကားကအနည်းငယ်တော့စိမ်းသက်နေသေးသလိုပင်...
"ဒါဆို အဲ့လမ်းပေါ်ကနေ ရှေ့ဆယ်လှမ်းလောက်လျှောက်ခဲ့"
တစ်ဖက်ကစကားသံကြောင့် သူရှေ့ကို ကြည့်လိုက်တော့ ဖုန်းကိုဝေ့ယမ်းပြနေသော Seok Jinကိုတွေ့လိုက်ရသည်...
ဘာလို့မှန်းရယ်မသိ ထိုခံစားချက်လးက နူးညံ့ ညင်သာလွန်းလှသည်....တွေ့ချင်နေသည့်အချိန်မှာ ဘွားခနဲတွေ့လိုက်ရလို့ပဲလား။..ချက်ချင်းပင်ပြေးသွားကာ ဖက်လိုက်ချင်စိတ်ဖြစ်မိသည်အထိ..သို့သော် သူခြေလှမ်
းခပ်မှန်မှန်သာ လျှောက်သွားခဲ့လိုက်လေသည်.."ဘာလဲဟ..ဘာလာလုပ်တာလဲ"
"ပျင်းလို့မင်းဆီ ထွက်လာတာ.."
Namjoonဘေးဘီကိုဝေ့ဝဲ ကြည့်လိုက်ပြီး
"ကားမပါဘူးလား"
သူ့အမေးကို Seok Jinကဘာမှမဖြေပဲ ရယ်သည်...သူတစ်ဖက်ထဲပုခုံးတင်ထားသော ကျောပိုးအိတ်ကို ဘာမပြောညာမပြောလှမ်းဆွဲယူရင်းမှ..
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...