For UNICODE
Seok Jinအိပ်ယာကနိုးနိုးခြင်းမြင်လိုက်ရတာ ကသူ့ဘေးတွင်လှဲအိပ်နေသော Kim Namjoonကိုပင်ဖြစ်သည်။
ဒီလိုပဲ တံခါးမရှိဓားမရှိ ၀င်ထွက်နေကြသောဆက်ဆံရေးဖြစ်သော်လည်း
ဒီလို ရုတ်တရတ်ကြီး ရောက်နေတာကတော့အတော်ပင်ထူးဆန်းလွန်းနေလေသည်။ဒါသေချာပေါက်ဒီကောင်တစ်ခုခုဖြစ်လာတာ
စိတ်ကပူပန်လာသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသောသူကိုမနှိုးရက်တာမို့
တိတ်ဆိတ်စွာထသွားရန်ပြင်လိုက်သည်။ထိုစဉ်ခဏ သူ့ခါးသို့တိုးဖက်လာသော လက်တစ်စုံကြောင့် ရပ်တန့်သွားရ၏။"ဘာဖြစ်လာတာလဲ joon"
အဖြေကင်းမဲ့နေသော်လည်း သက်ပြင်းရိုက်သံ တိုးတိုးကို ကြားနေရတာမို့ သူ့စိတ်တွေ လေးလံလာသည်။
""အိပ်လိုက်ပါအုံး ငါမနက်စာပြင်ပေးထားမယ်""
""မသွားနဲ့ ငါ့အနားပဲနေပေး""
ပထမဆုံးထွက်လာသော စကားသံနှင့် ပထမဆုံးသော တောင်းဆိုမှု သူမဖြည့်စည်းပေးနိုင်စရာ အကြောင်းတရားဟူ၍ မရှိ။
.............................
တိတ်ဆိတ်နေသော ထမင်းစားခန်းထဲတွင်
သူတို့နှစ်ယောက် အတွေးကိုယ်စီနှင့်ငြိမ်သက်နေမိသည်။ချစ်ရသူသောကကို မျှဝေခံစားရန် အစက စိတ်ကူးထားသော်လည်း ထိုသောက က သူ့ဆီကိုပါ အလုံးအရင်းနှင့်၀င်ရောက်လာပေသည်။
"ရုတ်တရပ်ကြီး ဘာလို့ လက်ထပ်ခိုင်းနေရတာလဲ Joon""
Namjoonခေါင်းကို အောက်ငိုက်စိုက်ထားရာမှ ဖြေးလေးစွာခါယမ်းရင်း
""ငါတကယ်မသိဘူး Jin'..အမေတို့က
ခါတိုင်းလဲ ခနခနပြောပေမဲ့ ဒီတခါကအလေးအနက်ပြောနေတာ"'Seok Jin ဟက်ခနဲအသံထွက်အောင် တချက်ရယ်လိုက်သည်။ ဖြစ်နိုင်ရင် ရင်ကွဲမတတ်အော်လိုက်ချင်ပါ၏။ မွန်းကြပ်မှုက တစတစ ဆိုးရွားလာကာ အသက်ရှူမ၀တော့သည်အထိပါပင်။
""မင်းနဲ့ငါရဲ့ ဆက်ဆံရေးကို ဘယ်အထိရည်ရွယ်ခဲ့လဲ Joon"'
Namjoon က ပဟေဠိဆန်သော မျက်၀န်းညိုတွေနှင့်သာ ငေးမော နေရင်းဘာမှတော့ဆက်မဆို ....
YOU ARE READING
Hey Bro!
Fanfictionသာမာန်သူငယ်ချင်းတွေပါပဲ... ညီအစ်ကိုလို ရင်းနှီးပတ်သတ်မှုတွေပါပဲ... ကျတော်တို့က ရိုးရိုးလေးပါပဲ...