12

5K 740 19
                                    

Seok Jinစိတ်​အလိုမကျ ​..
ဒေါသထွက်​​နေသည်​ဆိုလျှင်​ပိုမှန်​မည်​...

အ​​ကြောင်းမှာ စာ​ရေးစားပွဲခုံ​ပေါ်တတ်​ပြီး မီး​ချောင်းဖြုတ်​​နေ​သော Namjoon​ကြောင့်​ဖြစ်​သည်​..
စာ​မေးပွဲနီးပြီဖြစ်​၍ ညစာကြည့်​ချိန်​​တွေပါ ​အတန်းကိုအသုံးပြု​နေရချိန်​တွင်​ မီး​ချောင်းက ကျွမ်းသွားခြင်းဖြစ်​၏..

ဒါကို Kim Namjoonက သူရဲ​ကောင်းဝင်​လုပ်​ကာ မီး​ချောင်းဆင်​​နေ​လေသည်​...

ထိုသို့ဘက်​စုံ​တော်​ပြီးတာဝန်​ယူတတ်​၍လည်း အတန်း​ခေါင်း​ဆောင်​အဖြစ်​ အမြဲ​နေရခြင်းဖြစ်​မည်​....သို့​သော်​ သူမနှစ်​မြို့ပါ..

အတန်း​ခေါင်း​ဆောင်​ဆိုတိုင်း အကုန်​လုံးကိုအပင်​ပန်းခံလိုက်​လုပ်​​နေရတာကိုက စိတ်​ပျက်​စရာ​ကောင်းသည်​ဟုသူထင်​၏...

ခနအကြာNamjoonကသူ့ထိုင်​ခုံရှိရာသို့​လျှောက်​လာကာ

"မပြန်​​သေးဘူးလား Seok Jin"

"​အေး..မင်းမြင်​တဲ့အတိုင်းပဲ"

Namjoonကဘာမှမ​ပြော​တော့ပဲရယ်​ပြကာ ​ရှေ့ကသူ့ထိုင်​ခုံတွင်​သာဝင်​ထိုင်​လိုက်​သည်​..

ထို့​နောက်​​ခေါင်းကငုံ့သွားကာ စာကိုအသည်းအသန်​ကြည့်​​နေ​တော့၏..သူ့ထံအာရုံတစ်​ချက်​မှပင်​ဆက်​လွင့်​မလာ​တော့ပါ​ချေ...

ညတဖြည်းဖြည်းနက်​လာသည်​နှင့်​​ကျောင်းသားအချို့ ​လျော့နည်း စပြုလာသည်​..
Seok jinအတန်းကိုမျက်​လုံး​ဝေ့ကြည့်​လိုက်​​တော့ သူတို့နှစ်​​ယောက်​အပါအဝင်​မှ 8​ယောက်​​လောက်​သာရှိ​တော့သည်​...

နာရီကလည်း 10နာရီ​ကျော်​​ကျော်​ကိုညွှန်​ပြ​နေပြီမို့ သူNamjoonပုခုံးကိုလှမ်းပုတ်​လိုက်​ပြီး..

"​ဟေး..ပြန်​ကြစို့​..."

သူ့အသံကြားမှNamjoonကဆတ်​ခနဲလှည့်​ကာ သူ့လက်​ထဲကနာရီကိုဆွဲကြည့်​လိုက်​သည်​..

""ပြန်​မယ်​​လေ..ငါစာကြည့်​တိုက်​စာအုပ်​သွားပြန်​ထားလိုက်​အုံးမယ်​"

"တစ်​ခါတည်းဝင်​ထားပြီး ပြန်​မယ်​​လေ"

Namjoonက​ခေါင်းညိမ့်​ပြကာ စာအုပ်​​တွေကိုအိတ်​ထဲထိုးထည့်​​ကာသိမ်း​နေ​တော့သည်​..
ဖြစ်​ကတတ်​ဆန်း နိုင်​​စွာ လုပ်​​နေသည့်ေ​Namjoonပုံကို သူသ​ဘောကျစွာကြည့်​​နေမိသည်​....

Hey Bro!Where stories live. Discover now