(Unicode)
ကျောတစ်လျှောက်နာကျင်နေသည့်ဝေဒနာကြောင့်အေးစက်စက်နံနက်ခင်းလေးကို စိတ်မရွှင်မလန်းဖြင့်နိုးထလာခဲ့ပြီးမှသိလိုက်ရသည့်အသိတစ်ခုကြောင့်မနေ့ညကအဖြစ်အပျက်တစ်ချို့ကခေါင်းထဲတွင်အစီအရီပေါ်လာခဲ့သည်...။
ဘေးဘီသို့ဝေ့၀ဲကြည့်မိလိုက်တော့ ဟန်ဂန်မင်း ဆိုသောလူသားရှိမနေခဲ့ပါ.....။
အခန်းထဲ၌မျက်စ်ိကစားကြည့်လိုက်မိပြန်တော့မှ အပူပေးစက်က်ိုပိတ်ကာ ပြတင်းပေါက်တံခါးဖွင့်၍ အပေါ်ပိုင်းဗလာကျင်းနှင့်ဆေးလိပ်တစ်လိပ်ကိုလက်ကြားညှပ်၍ဟန်ပါပါသောက်သုံးနေသည့်သူ.....။
" နိုးနေရင်လဲ ကျွန်တော့်ကိုနှိုးလိုက်ရောပေါ့"
" အပြစ်ကင်းတဲ့မျက်နှာလေးနဲ့အိပ်စက်နေတဲ့မင်းလေးကိုကိုယ်ကဘယ်လိုလုပ်နှိုးရက်မှာလဲကွာ"
ပြောတက်လိုက်တဲ့စကားလုံးတွေနော်.....။
" ထားပါတော့ ကျွန်တော့်အ၀တ်အစားတွေကော"
စောင်ပုံထဲတွင်အ၀တ်မပါသောခန္ဓာကိုယ်အားဖုံးဖိရင်းအိပ်ယာထဲမှထချင်သော်လဲမရသေးသည့်အခြေအနေ...။
" မင်းလေးအ၀တ်အစားတွေမနေ့ညက ကြမ်းမိလိုက်တာပြန်၀တ်ဖို့အဆင်မပြေလောက်တော့ဘူး ကိုယ့်အ၀တ်ထဲကပဲအဆင်ပြေတာတစ်စုံရှာပေးထားမယ်ရေသွားချိုးလိုက်တော့လေ"
" Okလေ"
စောင်ကြီးပက်လျက်သားကုတင်ပေါ်မှကုန်းကုန်းကွကွဆင်းမိတော့ စူးကနဲအောင့်မြတ်သွားသည့်အောက်ပိုင်းကဒဏ်ရာကြောင့်လူကမျက်ရည်ပင်၀ဲတက်သွားသည်..။
" မင်းလေး ခန္ဓာကိုယ်တစ်လုံးမှာကိုယ်မတွေ့ဖူးတာတစ်ခုမှမရှိတော့ပဲကွာ အဲ့စောင်ကြီးဖယ်ပြီးသွားပါလား"
ကျွန်တော့်အနားသို့တစ်လှမ်းခြင်းလျှောက်လာကာ ကုတင်ခြေရင်းမလှမ်းမကမ်းတွင်ရှိသောစားပွဲပေါ်ကဆေးလိပ်ခွက်ထဲသို့ဆေးလိပ်မီးစကိုထိုးသက်လိုက်ပြီး...စောင်ကြီးကိုဆွဲဖယ်ကာဒူးအောက်မှလက်လျှို၍ပွေ့ချီလိုက်သည့်သူ...။
![](https://img.wattpad.com/cover/168024333-288-k22578.jpg)
YOU ARE READING
သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞
Fanfictionဟန်ဂန်မင်း နှင့်ဆောဂွမ်ယူ ချစ်ခြင်း၏အစ.....