ညစာစားဝိုင်းတွင်နှစ်ဖက်မိဘအစုံအလင်ဖြင့်ဆိုင်ဆိုင်မြိုင်မြိုင်ဖြစ်လို့နေ၏ ။
နှစ်ဖက်လူကြီးမိဘတွေကလဲ သားရေးသမီးရေး လူမှု့ရေးစီးပွားရေးစသည့်လူကြီးနှင့်သက်ဆိုင်သည့်စကားစမြည်းတွေလက်စုံစားရင်းပြောကြ၏ ။
ကျွန်တော်နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်
ဆောဟာနာ သည်လဲ ၀တ်ကျေတန်းကျေအရသာ ကျွန်တော့်ထမင်းပန်ကန်ထဲသို့ ဟင်းအနည်းအငယ်ခတ်ထည့်ပေးရင်း သူ့ထမင်းသူသာအာရုံစိုက်စားလို့နေ၏ ။မိဘချင်းသဘောတူလို့နေရာချထားပေးဖို့စီစဉ်ကြတာပဲ .... ငြင်းပယ်ဖို့အတွက်လဲ ကြီးကြီးမားမားအကြောင်းပြချက်တွေမရှိခဲ့ကြတော့ နှစ်ယောက်စလုံးခေါင်းငြိမ့်ခဲ့ကြတယ်လေ ။
အရင်ကမရှိခဲ့ပေမယ့်အခုတော့ ရှိနေပြီ ။ဒါပေမယ့်ဘယ်လိုအချေအနေနဲ့ နှလုံးနှင့်သွေးတိုးရောဂါရှိသည့်မိခင်ရှေ့မှာ ထိုစကားတွေကိုစာစီပြောရပါ့အလဲ ။
အစကတော့ လိုလိုချင်ချင်ခေါင်းငြိမ့်ခဲ့ပြီးမှ ။ အခုမှထဖောက်လိုက်ပါရင်မိခင်သွေးတိုးပြီးအမောဖောက်မည့်အရေးမတွေးဝံ့ ။
ကလေးလေး ကိုလဲမစွန့်လွှတ်နိုင်။ဆောဟာနာ နဲ့လဲပြတ်သားဖို့မဖြစ်နိုင်။
ထမင်းစားဝိုင်းအတွင်းမှာလူကထိုင်နေပေမယ့်လဲ ဒီနေရာနှင့်မသက်ဆိုင်သည့်နေရာတွင်ကျန်ရစ်နေခဲ့သည့်ကလေးလေးကိုမုသားသုံး၍ထွက်လာခဲ့မိသည့်အတွက်အပြစ်ကစိတ်ထဲတွင်အခဲမကျေ ။
ကလေးလေးရှိရာဆီအပြေးသွားကာ လွမ်းနေသည့်အချိန်တစ်ခုလုံးစာအတွက်ကလေးလေး၏ ကိုယ်လေးကိုဖက်၍အလွမ်းတွေကိုသိပ်သည်းစေချင်မိ၏ ။
ဒါပေမယ့်လဲ ကျန်းမာရေးချူချာလွန်းသည့်မိခင်က မျက်စောင်းထိုးခုံတွင်ထိုင်နေသည့်အတွက်မပြုံးချင်ပေမယ့်ဟန်ဆောင်အပြုံးခပ်ရေးရေးကိုပင်ဟန်မပျက်ရဲပါ ။
YOU ARE READING
သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞
Fanfictionဟန်ဂန်မင်း နှင့်ဆောဂွမ်ယူ ချစ်ခြင်း၏အစ.....