သတို့သားဝတ်စုံအဖြူလေးနှင့်ချစ်ဖို့ကောင်းလွန်းနေသည့်ကျွန်တော့်ကလေးငယ်။
မနက်ပိုင်းမှာပင်နှစ်ဦးသဘောတူလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပြီးအပြန်တွင်ဘုရားကျောင်းသို့ဝင်ကာ နှစ်ဦးသားတိတ်တဆိတ်ပင်လက်ထပ်ဖြစ်ခဲ့ကြသည်။
ညပိုင်းတွင်အကျဉ်းရုံးပြီးဆောဟာနာ နှင့်မင်္ဂလာပွဲကိုကျင်းပရဦးမှာမို့ပျော်တစ်၀က်၀မ်းနည်းတစ်၀က်သာ ။
ကလေးနှင့်အတူရှိနေချိန်မှာတော့ ကလေးရဲ့အပြုံးတွေအပျော်တွေကြောင့်ကျွန်တော်သည်းခံနိုင်ခဲ့သေးသည်။
ကလေးရယ်ကိုကိုတောင်းပန်ပါတယ်ကလေး ။
ကလေးမဟုတ်တဲ့ တခြားသူတစ်ယောက်နဲ့ကို တရားဝင်လက်ထပ်ရတော့မယ့်အတွက်။
ကလေးရဲ့အပြုံးတွေနှင့်ဝေဆာနေသည့်နံနက်ခင်းလေးကို အသံတိတ်ကျွန်တော်မျက်ရည်တွေနဲ့ အကျည်းတန်စေခဲ့မိသည်။
အနောက်ဘက်သို့လှည့်ကာ ကျလာသည့်မျက်ရည်တွေကိုခပ်ကြမ်းကြမ်းပွတ်ဆွဲသုတ်လိုက်ရင်း ။
"ကလေး ချစ်တယ်ကလေးနဲ့ကိုယ့်ရဲ့လက်တွဲ တစ်သက်တာအတွက်မဖြုတ်ကြေးနော်"
လက်ထပ်လက်စွပ်လေးကို ကလေးရဲ့လက်သန်းကြွယ်တွင်စွပ်ပေးလိုက်ရင်းပြောတော့ ။
" ကလေးဘက်က ဘယ်တော့မှမဖြုတ်ဘူး ကိုကို့ဘက်ကသာ မြဲပါစေ ကိုကိုထက်ပိုချစ်တယ်ယုံ "
ကလေးဘက်ကလဲ လက်စွပ်ကလေးပြန်စွပ်ပေးရင်း နှုတ်ခမ်းကိုမမှီတမှီလေးနမ်းကာပြောလာပြန်သည်။
ကျွန်တော်နဲ့ကလေးရဲ့ နှုတ်ခမ်းနှစ်လွှာပူးကပ်ပြီး အချိုမြိန်ဆုံးသောအနမ်စလှလှတို့ကိုဖော်ကျူးလိုက်တော့သည်။
ကလေး တစ်ခုတော့ယုံကြည်ထားပေးပါ ။ ကိုကိုရဲ့အရာရာတိုင်းက ကလေးပါ ။ ကလေးတစ်ယောက်ထဲသာ ကိုကို့ဘ၀အတွက်ပထမဆုံးနဲ့နောက်ဆုံးပါ ။
YOU ARE READING
သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞
Fanfictionဟန်ဂန်မင်း နှင့်ဆောဂွမ်ယူ ချစ်ခြင်း၏အစ.....