အပိုင်း(၁၂)

12.4K 484 12
                                    

"က​လေး .... ကိုကို ရှင်းပြတာ​လေး .... "

"ရှူး .... တိုးတိုး​နောက်​မှ​အေး​ဆေး​ပြောကြ​တာ​ပေါ့ သတို့ သမီး ကိုလူပုံအလည်​မှာအရှက်​ကွဲ​စေချင်​လို့လား .... ပြန်​သွားလိုက်​ပါ "

တစ်​ခွန်းသာ​ပြောရင်းလှည့်​ထွက်​သွားသည့်​က​လေးငယ်​၏​ကျောပြင်​။

ဘာ​တွေလဲ .... ။

က​လေးက ဘာလို့လဲ .... ။

ကိုကို သိလား .... ဒီလိုအဖြစ်​မျိုးမကြာခင်​ဖြစ်​လာ​တော့မယ်​ဆိုတာကျွန်​တော်​သိနှင့်​နေပြီးသားပါ ။

နာနာ ကိုယ်​တိုင်​သူ့သတို့သားနဲ့အတူတွဲရိုက်​ထားတဲ့ပုံကိုပို့​ပေးထဲက ကျွန်​တော် သိနှင့်​နေခဲ့တယ်​။

ဒါ​ပေမယ့်​ကျွန်​တော်​ကိုကို ကိုလက်​မလွှတ်​နိုင်​ခဲ့ဘူး ။

လက်​လွှတ်​ရ​လောက်​အောင်​အထိ ကျွန်​တော့်​သ​ဘောထားမပြည့်​ဝ​ပေးနိုင်​ဘူး​လေ ကိုကို ရဲ့ ။

ကိုကို ဘက်​က ကျွန်​တော့်​အ​ပေါ် ဘယ်​လိုသ​ဘောထားမျိုးထား​နေခဲ့လဲ ဆိုတာလဲ ကျွန်​တော့်ဘက်​ကတိကျခိုင်​လုံ​လောက်​တဲ့ သက်​သေရှိမ​နေဘူး​လေ ။

​ကျေးဇူးတင်​ပါတယ်​ကိုကို ကျွန်​တော်​က ကိုကိုအတွက်​အငယ်​အ​နှောင်းဖြစ်​မ​နေခဲ့လို့ ။

ကျွန်​တော် နဲ့မင်္ဂလာ​ဆောင်​ပြီးမှ Noona နဲ့လက်​ထပ်​မဲ့ပွဲကို​ရောက်​လာခဲ့​ပေးလို့ ။ ကျွန်​တော့်​အ​ပေါ် ကိုကို ရဲ့ခံစားချက်​တွေက အသက်​၀င်​နေတုန်းဆိုတာသိခဲ့ရလို့ ချစ်​တယ်​ကိုကို အရမ်းချစ်​တယ်​.... ။

တစ်​ခြားတစ်​ယောက်​နဲ့သာ ကိုကို အခုလိုလက်ထပ်​ခဲ့မယ်​ဆိုရင်​ကျွန်​တော်​အစွန်းဆုံအထိ​ဖျက်​စီးပြစ်​သွားနိုင်​တယ်​။

အခု​တော့ ကျွန်​တော့်​အစ်​မဖြစ်​သူနဲ့ ဖြစ်​နေတဲ့အတွက်​ခြေလှမ်းတစ်​လှမ်းစာ​နောက်ဆုပ်​ခဲ့မိတယ်​ကိုကို ။

​မေ​မေ့မျက်​နှာ​ဖေ​ဖေ့ရဲ့သိက္ခာ အစ်​မရဲ့မာန အားလုံး​ထောက်​ပြီး ကျွန်​တော့်​နှလုံးသားကိုခဏတာချနင်းလိုက်​တယ်​ကိုကို .... ။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Where stories live. Discover now